Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 17 November 2012

ရန်ကုန် တက္ကသိုလ်အတွင်း လုံခြုံရေးတင်းကျပ်ထား


ရန်ကုန်၊ နိုဝင်ဘာလ ၁၇။

ရန်ကုန်တက္ကသိုလ်အတွင်း အမေရိကန်သမ္မတ အိုဘားမားမှ နိုဝင်ဘာလ ၁၉ ရက်နေ့တွင်
လာရောက်ဟောပြောမည် ဖြစ်သဖြင့် လုံခြုံရေး တင်းကျပ် ထားကြောင်း သိရသည်။

လုံခြုံရေးတပ်ရင်းများဖြစ်သည့် အမှတ် (၁၀) ရဲတပ်ရင်းနှင့် အခြားလုံထိန်းတပ်များ နေရာအနှံ့
ဖြန့်ကျက်ထားကြောင်း သိရသည်။

“တက္ကသိုလ်ဖွင့်ဖို့ ပြင်တာဆင်တာတော့ ပြီးခဲ့တဲ့လကတည်းက ပြင်ကြတယ်။ လုံခြုံရေးကတော့
ချထားတာတစ်ပါတ် လောက်တော့ ရှိပြီ။ ဘွဲ့နှင်းသဘင်နဲ့ နီးစပ်တဲ့လမ်းကြောင်းတိုင်းမှာ
လုံခြုံရေးတာဝန်ကျ ရဲဘော်တွေရှိတယ်” ဟု ရန်ကုန်တက္ကသိုလ် ၀င်းအတွင်း ဈေးရောင်းနေသူ
တစ်ဦးက ဆိုသည်။

လုံခြုံရေးတပ်ရင်းများ နေရာအနှံချထားသည့်အပြင် မြေပြင်လုံခြုံရေးအတွက် ရန်ကုန်တိုင်းဒေသကြီး
အတွင်းရှိ ရဲတပ်ရင်းများအပြင် နီးစပ်ရာ တိုင်းဒေသကြီးအချို့မှ ရဲတပ်ရင်းများလည်း ရောက်ရှိနေကြောင်း
သိရသည်။

“တပ်ရင်းတွေမှာ ရှိသမျှ ရဲဘော်တွေ အကုန်ထွက်ရတယ်။ တပ်မှာ မိန်းမနဲ့ ကလေးတွေပဲ ကျန်ခဲ့တယ်။
အနီးကပ်လုံခြုံရေး ကတော့ အိုဘားမားအတွက် လာတဲ့လုံခြုံရေးနဲ့ ကျနော်တို့ပေါင်းပြီး တာဝန်ယူရမယ်။
အဓိက ကျွန်တော်တို့တပ်ရင်းတွေက သူသွားမယ့် လမ်းကြောင်းတိုင်းမှာ မြေပြင်လုံခြုံရေးအတွက်
တာဝန်ယူရမယ်”ဟု ရွှေဂုံတိုင်တွင် လုံခြုံရေးတာဝန်ကျနေသော ရဲတပ်ရင်းမှ အရာရှိတစ်ဦးက
ယနေ့တွင် ပြောကြားသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့