Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 5 November 2012

အထူးစီမံချက်အဖွဲ့ မှ စည်းကမ်းမဲ့ ပြိုင်ကား(၂)စီးနှင့် ဆိုင်ကယ်(၂)စီးအား ထပ်မံဖမ်းဆီး ရ

ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့ နယ်မြေအတွင်း စည်းကမ်းမဲ့ မောင်းနှင်မှုများ၊ မလိုလား အပ်သော ရမ်းကားမှု ဖြစ်စဉ်များ မဖြစ်ပွားရေး အတွက် အထူးစီမံချက်အဖွဲ့မှ ဆက်လက် ဆောင်ရွက် လျက်ရှိ ကြောင်း သိရပါသည်။

၎.၁၁.၂၀၁၂ ရက်နေ့  ညဥ့်နက်ပိုင်း၌ ခရိုင်မှူးများ ဦးစီးသည့်‌  မီးတန်းယာဉ် အုပ်စုများဖြင့်‌ အချက်  အခြာကျသည့်‌ နေရာများတွင် ယာဉ်ပိတ်ဆို့ စစ်ဆေးမှုများ၊ ရပ်ကင်း လှည့်‌ကင်းများ ပြုလုပ်ခဲ့ ရာတွင် ပြိုင်ကား (၂)စီး နှင့်‌ မဝင်ရနယ်မြေတွင်  ဝင်ရောက်မောင်း နှင်သည့်‌  ဆိုင်ကယ်(၂)စီးတို့အား ဖမ်းဆီး ရမိပြီး  ကညန မှတ်တမ်းဝင် ယာဉ်များ  ဟုတ်/မဟုတ် စိစစ် ဆောင်ရွက်လျက်ရှိ ကြောင်း

၎.၁၁.၂၀၁၂ ရက်နေ့  ညဥ့်နက်ပိုင်း အထူးစီမံချက်အဖွဲ့မှ အခြာကျသည့်‌ နေရာများတွင် ယာဉ်ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေစဉ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့