Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 9 November 2012

ဆီရထား တိမ်းမှောက် မီးလောင်မှု နောက်ဆက်တွဲ (သတင်း-ဓါတ်ပုံ)

လမ်းတွေမကောင်းလို့ မှောက်တာ။ ဓာတ်ဆီတွေကမှောက်ပြီးတော့ လယ်ကျင်းထဲ ဆင်းသွားတာ။ အဲဒါတွေကို ရွာသူရွာသားတွေက ခပ်ကြတာ။ အဲ့အချိန်မှာ မီးလောင်သွားတာ။ မနက် ၈ နာရီ ၅၀ မိနစ်မှာ မှောက်တာ။ ခပ်နေတဲ့ ရွာသူရွာသားတွေ ထိခိုက်သေဆုံးမှုက လောလောဆယ် ဆရာဝန်တွေ စစ်ပြီးတဲ့အချိန်မှာ ကျား ၁၆ ယောက်၊ မ ၇ ယောက်၊ ကျား၊မ ခွဲလို့မရတာက ၂ ယောက်၊ စုစုပေါင်း ၂၅ ယောက်။ ဆေးရုံကိုပို့ထားတဲ့ သေစာရင်းတော့မသိဘူး။ (ဒေသခံဆရာဝန် ဒေါက်တာလှိုင်မြင့်)

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်အပိုင် ချက်ကြီးဘူတာအ၀င်မှာ မန္တလေးကနေ- မြစ်ကြီးနားကိုသွားမယ့် ဓာတ်ဆီတင်ဆောင်တဲ့ ရထားတိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားတဲ့အတွက် အနည်းဆုံး လူ ၂၅ ဦးသေဆုံးပြီး ၈၀ လောက် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးဖြစ်တဲ့ ဒေါက်တာ လှိုင်မြင့်က အခုလို ဒီဗွီဘီကို ပြောပါတယ်။
" ချက်ကြီးဘူတာအ၀င် လမ်းအခွဲမှာမှောက်တာ။ လမ်းတွေမကောင်းလို့ မှောက်တာ။ ဓာတ်ဆီတွေကမှောက်ပြီးတော့ လယ်ကျင်းထဲ ဆင်းသွားတာ။ အဲဒါတွေကို ရွာသူရွာသားတွေက ခပ်ကြတာ။ အဲ့အချိန်မှာ မီးလောင်သွားတာ။ မနက် ၈ နာရီ ၅၀ မိနစ်မှာ မှောက်တာ။
ခပ်နေတဲ့ ရွာသူရွာသားတွေ ထိခိုက်သေဆုံးမှုက လောလောဆယ် ဆရာဝန်တွေ စစ်ပြီးတဲ့အချိန်မှာ ကျား ၁၆ ယောက်၊ မ ၇ ယောက်၊ ကျား၊မ ခွဲလို့မရတာက ၂ ယောက်၊ စုစုပေါင်း ၂၅ ယောက်။ ဆေးရုံကိုပို့ထားတဲ့ သေစာရင်းတော့မသိဘူး။ ကျနော်တို့က ချက်ကြီးရောက်နေတယ်။ မီးလောင်လို့ ဆေးရုံတက်နေတဲ့ လူနာက ၇၄ ယောက်လောက် ရှိတယ်။
ကန့်ဘလူကုတင် ၁၀၀ ဆေးရုံမှာ အများဆုံးပဲ ၆၄ ယောက်ရှိတယ်။ ကျွန်းလှမှာ ၈ ယောက်၊ ချက်ကြီးမှာ ၂ ယောက်။ အဓိကက ခပ်တဲ့သူတွေလောင်တယ်။ နောက် အထက်ကလာတဲ့ ရထားတစင်းက ဆိုက်နေတယ်။ ကောလင်းရထားခေါ်တယ် ဒေသအခေါ်။ အဲမှာ ၀ိုင်းအုံကြည့်နေတဲ့အချိန်မှာပဲ ကြည့်နေတဲ့သူတွေပါ မီးဟပ်တာ၊ မီးသတ်ကားတွေ ၀ိုင်းငြှိမ်းကြတယ်၊ ၂ နာရီခွဲလောက်မှာ ငြိမ်းသွားတယ်၊ အပူရှိန်တွေကတော့ ကျန်နေသေးတယ်။ ရေထွက်ထွက်လောင်းပေးနေရတယ်။
PhotoPhotoPhotoPhotoPhotoPhotoPhotoPhotoPhotoPhotoPhotoPhoto

ဒေသခံတွေက ပျောက်တဲ့သူတွေ ရှာနေတယ်။ မနက်ကတည်းက သတင်းမရကြတော့ ကိုယ့်လူတွေထဲ သေသလား ရှင်သလားမသိ။ တချို့ ကန့်ဘလူသွားတဲ့ထဲမှာ ဒဏ်ရာရသူတွေနောက် လိုက်သွားကြတဲ့သူတွေလည်း ရှိတော့ မိဘတွေက သေသလားရှင်သလားမသိ စိတ်ပူနေတယ်။ နာမည်နဲ့အတိအကျ မရသေးဘူး။ ရွာထဲမှာ မနက်ခင်ကတည်းက ပျောက်တဲ့သူ စာရင်းတွေရနေပြီ။ ဘယ်သူဘယ်ဝါတော့ အတိအကျ စာရင်းမထွက်လာသေးဘူး။"

ကန့်ဘလူမြို့နယ် ချက်ကြီးကျေးရွာ အနီး ဆီဘောက်ဆာ ရထား တစ်စီး တိမ်းမှောက်
ကျွန်းလှမြို့နယ် ဝေနေယျသုခ လူမှုကူညီရေး အသင်းနှင့် ကန့်ဘလူမြို့ ဂရုဏာရှင်အသင်းတို့ တွဲဘက်ပြီး မီးလောင်ဒဏ်ရာရ လူနာများအား ကန့်ဘလူနှင့် ကျွန်းလှဆေးရုံများသို့ ပို့ဆောက်ပေးလျှက်၇ှိ (iCJ)



DVB TV News


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့