Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 18 November 2012

♥♥♥ အချစ်စစ် ♥♥♥


သူ ၀မ်းနည်းတဲ့အခါ မင်း
အသည်းကြွေမတတ် ခံစားရသလား
ဒါမှ အချစ်လေ။
သူရဲ့ နာကျင်မှုတွေ အတွက်
အပြင်ပန်း မဟုတ်တောင်
စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား
အဲဒါ အချစ်လေ။
မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့
မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ မြင်နိုင်ရဲ့လား
ဒါမှ အချစ်လေ။
ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး
အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့ နှစ်ယောက်ကို
လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား
ဒါဆို အချစ်လေ။
သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့
အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား
အဲဒါ အချစ်ပါ။
တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့်
သူ့ကိုပဲ အကြောင်းပြချက်မရှိဘဲ
သစ္စာရှိရှိနဲ့ အတူ လက်တွဲနေသလား
ဒါဆို အချစ်လေ။
မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့
မင်းရဲ့ ဘ၀ကို သူ့ကို ပေးဖို့ ၀န်မလေးဘူးလေ
ဒါဟာ အချစ်ပဲပေါ့။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့