အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်မြို့ပေါ်သို့ ခြေမချမီ နာရီပိုင်း အလိုတွင် အင်းစိန် အကျဉ်းထောင်၌ အကျဉ်းကျ ခံနေရသည့် ကေအင်န်ယူ တပ်သားဟောင်းကို စောထူးဗို တစ်ယောက် အကျဉ်းထောင် အပြင်ဘက် ရန်ကုန်မြေပေါ် လွတ်လွတ် လပ်လပ် ခြေချခွင့် ရခဲ့သည်။
ပဲခူးတိုင်းဒေသကြီး အတွင်းရှိ အစွန်အဖျားရွာငယ်လးမှ သူပုန်တပ်သားဟောင်းလေး၏ အိမ်ပြန်ခရီးမှာ သီးသန့်ကြိုသူမရှိဘဲ တိတ်ဆိတ်ခြောက်ကပ်လှသည်။ သူ့အမည်အော်ကာ နှုတ်ဆက်မည့်သူလည်းမရှိ။ သူနှင့် အတူလွတ်မြောက်လာသော အခြားနိုင်ငံရေးအကျဉ်းသား ကိုးဦးနှင့် အတူလာရောက်ကြိုဆိုနေသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်မှ လူအချို့သာ သူ့ကိုစာနာမည့်သူရှိသည်။
နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင်မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ချီးကျူးနေချိန်၊လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံနှုန်းများ အလေးထားသည့် ဒီမိုကရေစီ နိုင်ငံကြီးဖြစ်သည့် အမေရိကန်နိုင်ငံမှ သမ္မတကိုယ်တိုင်ရောက်ရှိနေချိန်တွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးတို့အတွက် ယုံ ကြည်ချက်ကြောင့် တိုက်ပွဲဝင်ခဲ့သူများသည် သံတိုင်များနောက်ဝယ် နေထိုင်နေရဆဲဖြစ်ကြောင်း ပြည်တွင်း အခြေစိုက်နိုင်ငံရေး အကျဉ်းသားများအရေး ဆောင်ရွက်သူများက ဆိုသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (နိုင်/ ကျဉ်း) ၏ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်စွဲဖြင့် ထုတ်ပြန်သော စာရင်းများအရအကျဉ်း
ထောင်များထဲတွင် နိုင်ငံရေး အကျဉ်းသား ၂၃၁ ဦးရှိသည်ဟုဆိုသည်။ ၄င်းတို့ထဲတွင် ကိုစောထူးဗိုကဲ့သို့ လူမသိ၊ သူမသိဖြင့် နေ့စဉ်
ဘ၀ဖြတ်သန်းနေသူများလည်းရှိနေသည်။
“နိုင်ကျဉ်းတွေ လွတ်လာတယ်။ သို့သော်ထောင်ထဲမှာ အများကြီး ကျန်နေသေးတယ်။ အဲဒီတော့ အိုဘာမားလာတဲ့ခရီးစဉ်မှာ လက်ရှိအစိုးရအဖွဲ့ကို တိုက်တွန်းသွားတာတွေ ရှိတယ်။ သူကိုယ်တိုင် ထုတ်ပြောသွားတာရှိတယ်။ ဒီမိုကရေစီ ကူးပြောင်းနေတဲ့ နိုင်ငံတစ်ခုမှာ နိုင်ငံရေး အကျဉ်းသားတစ်ယောက် ကျန်နေတာပဲ တော်တော်လေးကို များလှပြီလို့ သူ့မိန့်ခွန်းထဲမှာ ထည့်ပြောသွားတယ်” ဟု ၈၈ မျိုးဆက်ကျောင်း
သားများအဖွဲ့မှ ကိုပြုံးချိုက မှတ်ချက်ချသည်။
အစိုးရသစ်လက်ထက် အံ့အားသင့်စရာ ပြုပြင်ပြောင်းလဲမှုများ၏ ရလဒ်အဖြစ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ ဆက်ဆံရေးရုံး အချို့ပင်အစိုးရ ထိန်းချုပ်နယ်မြေများအတွင်း ဖွင့်လှစ်နိုင်သည်အထိ နှစ်ဖက်အကြား ဆက်ဆံရေးကောင်းမွန်နေခဲ့သည်။ သို့သော်လည်း လက်နက် ကိုင်အဖွဲ့ဝင်များနှင့် ပတ်သက်ခဲ့သူအချို့မှာ အကျဉ်းထောင်များအတွင်း ကျန်ရှိနေဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ အရေး ဆောင်ရွက်သူများက ဆိုသည်။
အကျဉ်းကျခံနေရသူများထဲမှ ၅၁၈ ဦးကို နိုင်ငံတော်သမ္မတက နိုဝင်ဘာလ ၁၅ နှင့် ၁၆ ရက်များတွင် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့သည်။ ၎င်းတို့အနက် ၆၆ ဦးသည် အိုဘားမား လာရောက်သည့် နိုဝင်ဘာလ ၁၉ ရက် မနက်တွင် အကျဉ်းထောင်များမှ အသီးသီး လွတ်မြောက်ခဲ့ကြသည်။ ယင်း ၆၆ ဦးအနက် နိုင်ငံရေး အကျဉ်းသားဟု သတ်မှတ်ခံရသူ ဖောက်ခွဲမှု၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် ဆက်နွယ်မှုစသော ပြစ်မှုဖြင့်
အဖမ်းခံရသူ ၅၃ ယောက်ခန့်ပါဝင်ခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (နိုင်/ကျဉ်း)နှင့် နိုင်ငံရေးအကျဉ်းသားဟောင်း
များအဖွဲ့ချုပ်တို့က အတည်ပြုပြောဆိုသည်။ ၎င်းတို့ လွတ်မြောက်လာခြင်းမှာ အိုဘားမားခရီးစဉ်ကြောင့်ဟု ထင်သူများလည်း ရှိသည်။
“ဘယ်လိုပဲဖြစ်ဖြစ် လွတ်မြောက်ရေးတိုက်ပွဲဝင်ခဲ့ကြတဲ့သူတွေချည်းပါပဲ။ တခြား ပုဒ်မနဲ့ အစွဲခံရတဲ့ ရာဇ၀တ်မှုတွေတောင်မှ လွှတ်ပေးလို့ ရသေးတာပဲဗျာ။ ဒီတိုင်းရင်းသားတွေဟာ ကျွန်တော်တို့တိုင်းရင်းသားတွေ ကျွန်တော်တို့နိုင်ငံသားတွေပါ။ တိုင်းပြည်ရဲ့ အပြောင်းအလဲကို ကြိုး စားကြရင်းနဲ့ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ရရာအခန်းကဏ္ဍက ပါဝင်ခဲ့ကြတဲ့သူတွေပါတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်
ကိုမင်းကိုနိုင်ကပြောသည်။
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျေးရွာငယ်တစ်ရွာတွင် နေထိုင်ခဲ့သည့် ကိုစောထူးဗိုသည် ငယ်စဉ်ကတည်းက စစ်သားတစ်ဦးဖြစ်ချင်ခဲ့သည်ဟု ဆိုသည်။ မိဘစီးပွားရေးအခြေအနေကြောင့် အတန်းပညာနှစ်တန်းအထိသာ သင်ယူခွင့်ရခဲ့သည့်သူသည် ထော်လာဂျီ အဌားမောင်းသူတစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေခြင်းဖြစ်ကြောင်း ပြောသည်။ သူ့အသက် ၁၅ နှစ်အရွယ်ခန့် လွန်ခဲ့
သည့် သုံးနှစ်ခန့်က တပ်မတော် တပ်သားတစ်ဦးနှင့် အမှတ်မထင် ဖြစ်ရပ်တစ်ခုက သူ့အား တပ်မတော်သားတစ်ဦး ဖြစ်လာရန်ထက်
သူပုန်တပ်သားတစ်ဦးဖြစ်ရန် တွန်းအားပေးခဲ့သည်ဟုဆိုသည်။
“စက်ဘီးစီးလာတုန်း ခြေနင်းပြုတ်ကျတာ လမ်းကြောင်းရှိလို့ မကောက်ရဘူး ပြောတယ်။ ကျွန်နော်လည်း နှိမ်တယ်လို့ ထင်တယ်။ ဒါနဲ့စစ်ထဲဝင်ရင် ကေအင်န်ယူထဲပဲဝင်မယ်လို့တွေးတယ်” ဟုသူကပြောသည်။ ဆင်းရဲကျပ်တည်းမှုနှင့်အလုပ်အကိုင် ရှားပါးမှုများဖြင့် ပြည့်နှက်နေသည့် သူ့မွေးရပ်မြေကိုစွန့်ခွာပြီး ကေအင်န်ယူထိန်းချုပ်ရာ နယ်မြေအတွင်းမှ ရွှေတူးဖော်ရေးလုပ်ငန်းခွင်သို့ ထွက်ခွာလာချိန်တွင်သူ့စိတ်ကူးများ အကောင်အထည်ဖော်နိုင်ခဲ့သည်။ ယင်း နေရာသို့ရောက်ပြီးတစ်လခန့်အ ကြာ ကေအင်န်ယူ တပ်မဟာ ၃ တွင် တပ်သားသစ်အဖြစ်စာရင်း ပေးသွင်းအပြီး တစ်နှစ်ခန့် ယင်းတပ်ထဲတွင် နေထိုင်ခဲ့သည်။ အသက် ၁၇ နှစ်အရွယ် မိသားစုတွင်အငယ်ဆုံးသားဖြစ်သော သူသည် အိမ်လွမ်းစိတ်ကြောင့် သူပုန်စခန်းမှ တိတ်တဆိတ်ထွက်ခွာလာခဲ့သည်ဟုဆိုသည်။ အစိုးရနှင့် သူတို့တပ်များအကြား ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် သတင်းကို သူကြားသည့်အချိန်တွင် သူ့အား ဖမ်းမည်မဟုတ်ဟု ယုံကြည်ပြီး အကူအညီသွားတောင်းချိန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သူကဆိုသည်။
“မိဘနဲ့ မခွဲချင်ဘူး။ အဲဒီတော့မိဘနဲ့တူတူ ပြန်ပြီးလုပ်ကိုင်စားသောက်မလို့ ပြန်လာတာ။ ပိုက်ဆံလည်း တစ်ပြားမှမရှိဘူး။ ခြေလျင်ပဲလာတာ။ ဘူတာရောက်တော့ အကူအညီ သွားတောင်းတော့ ဖမ်းလိုက်တာ”ဟု ၂၀၁၂ ဖေဖော်ဝါရီလအတွင်းက သူဖမ်းဆီးခံခဲ့ရပုံကို ပြန်ပြောသည်။
ကမ္ဘာ့သက်တမ်းအရှည်ဆုံး ပြည်တွင်းစစ်ဒဏ်နှင့်အတူ ၀ါဒ ကွဲပြားမှုများ၏ နောက်ဆက်တွဲ အကျိုးဆက်များအဖြစ် ကိုစောထူးဗိုကဲ့သို့ လူငယ်များ၊ သူ့ကဲ့သို့ လက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့် ပတ်သက်ခဲ့ဖူးသူများသည် အကျဉ်းထောင်များနောက်တွင် ရှိ နေဆဲဖြစ်သည်။ ၄င်းတို့အထဲမှ အနည်းငယ်မျှသာ လူသိများသူများအဖြစ် နေထိုင်ခဲ့ရသည်။
“တစ်ချိန်က လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပက်သက်မိတဲ့ပြည်သူတွေပေါ့။ တချို့ထမင်းတစ်နပ်ကျွေးလိုက်ရုံနဲ့ မတရားသင်းနဲ့ ဆက်သွယ်မှုဆိုပြီး ၁၇ (၁) နဲ့ထောင်ချခံရတယ်။ အခု လက်နက်ကိုင် အဖွဲ့အစည်းတော်တော်များများက တရားဝင် ရုံးဖွင့်ပြီးတော့ မြို့ပေါ်မှာနေနေကြပြီ။ အဲလို အခြေအနေမှာ သူတို့နဲ့ ဆက်ဆံမိတဲ့ ကျွန်တော်တို့ ပြည်သူတွေ သံတိုင်နောက်မှာရှိနေသေးတယ် ဆိုတာတော့ ဘယ်လိုမှသဘောတူ လက်ခံလို့မရဘူး” ဟု ၈၈ မျိုး ဆက် ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်က ပြောသည်။
အိုဘားမားလာသည့်နေ့တွင် သူလွတ်မြောက်လာသော် လည်း အိုဘားမား မည်သူမှန်းသူမသိ။ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်အတွက် ကျေးဇူးတင်ရမည်ဟုဆိုသည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကိုလည်း အင်းစိန်ထောင်ရောက်မှ သူသိသည်။ ကရင်လူမျိုးများ လေးစားအားကျ သည့် ဖဒိုမန်းငြိမ်းမောင်အားလည်း ထောင်ထဲရောက်မှသူက သိသည်။ သူ့ကဲ့သို့ မည်သည့်အတွက်ကြောင့် မည်သူ့ကို တိုက်ခဲ့မှန်းမသိဘဲ အကျဉ်းကျခံနေရသည့် သူများလည်း ထောင်ထဲတွင် ကျန်နေခဲ့ကြောင်း သူက ပြောသည်။
တစ်ချိန်က မျက်နှာချင်းပင် မဆိုင်နိုင်သည့် နိုင်ငံတော်နှင့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များမှ ထိပ်တန်းအရာရှိများသည် ပြုပြင်ပြောင်းလဲရေး၏ ရလဒ်များအဖြစ် စားပွဲတစ်ဝိုင်းတည်း ထိုင်ကာ စကားပြောနေပြီဖြစ်သည်။ သို့ သော်လည်း ယင်းနှစ်ဖက်မပြေလည်စဉ်အချိန် ယုံကြည်ရာကို စွဲကိုင်ကာ တိုက်ပွဲဝင်ခဲ့သည့်စနစ်ဆိုး၏ သားကောင်အချို့ကမူ သံတိုင်များနောက် ရောက်နေဆဲဖြစ်သည်။ အကျဉ်းထောင်အတွင်း ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာရေး၊ ကိုစောထူးဗိုကဲ့သို့သောလူများ လွတ်မြောက်လာရေးသည်လည်း အရေးကြီးသည့် အရာများအနက်တစ်ခုဖြစ်ကြောင်း ကိုမင်းကိုနိုင်က ပြောသည်။
“သူတို့တွေလွတ်မြောက်ရေးဟာ တစ်စုံတစ်ခုနဲ့ အလဲအထပ် လုပ်ရတာမျိုး ကျွန်တော်တို့ မနှစ်မြို့ဘူး” ဟု ကိုမင်းကိုနိုင်က ပြောသည်။ ။
ရေးသားသူ- မင်းဟိန်းကျော်၊ထွန်းခိုင်၊သန်းဌေး ။ ။ 7Day News Journal
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Wednesday, 21 November 2012
သမိုင်းဝင်နေ့တွင် အင်းစိန်ထောင်မှအထွက်
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
November
(1044)
- လက်ပံတောင်းတောင် အကြမ်းဖက်မှုကို မြန်မာသံဃာတော်မျာ...
- သံဃာတော်များကို စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့တရားဝင်ေ...
- ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ တွင် နိုဝင်ဘာလ ၃၀ ...
- မိုးထိမိုးမိ ရွှေလုပ်သားများ အဖွဲ့ခေါင်းဆောင်များ က...
- မိုဘိုင်းဖုန်းများ အင်တာနက်သုံးစွဲမှုကို Time Based...
- လက်ပန်းတောင်း ကြေးနီစီမံကိန်း ဆက်လုပ်ရေး အခြေအနေ ဖ...
- သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှုကို မန္တလေး သံဃာတော်မျ...
- လာဘ်စားမှုများကို ပြည်ထဲရေးဌာန ကိုင်တွယ်အရေးယူမည်
- အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည...
- လက်ပန်တာင်းတောင်ကိစ္စ သမ္မတကြီး တာဝန်မယူ ပါက နှုတ်ထွက...
- ၀န်ကြီးချုပ် ဦးသာအေး ၏ နေ့ဆွမ်းဆပ်ကပ် လှူဒါန်းမှု အ...
- လက်ပန်းတောင်း အကြမ်းဖက်မှု ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချ
- ရဲသုံးဦး လူသတ်မှုကျူးလွန်
- ရှေ့ကသွားနောက်ကလိုက် အနာဂတ်ကို ကိုက်ခဲနေတဲ့ ယမကာ ယ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- မုံရွာကြေးနီစီမံကိန်း သုံးသပ်ချက် တရုတ်သံရုံး ထ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- တကယ်မွှေးမှာလား ကံ့ကော်မြေ
- သပိတ် စခန်းတွေကို အင်အားသုံး ဖြိုဖျက်ဖို့  နေပြည်ေ...
- နျူပစ္စည်းတွေကိစ္စ သမ္မတ ဦးသိန်းစိန်ကို ကန်အထက် လွှတ်ေ...
- နိုဝင်ဘာ ၃၀ ရက်နေ့ထုတ် Premier Eleven Sports Journ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- “ ဤ ”ကို “ကျွဲ” ဖတ်ရန်အတွက် အုပ်စုဖွဲ့ ညီညွတ်ကြလေေ...
- “ ဤ ”ကို “ကျွဲ” ဖတ်ရန်အတွက် အုပ်စုဖွဲ့ ညီညွတ်ကြလေေ...
- အစိုးရက ဘာကြောင့် ဒီလို ဖြိုခွင်းတာလဲ
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- နိုဝင်ဘာလ (၂၉) ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁...
- ဒီဇင်ဘာလ (၂) ရက်နေ့ ထုတ် EURO SPORTS JOURNAL VOL 4...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- သတင်းထုတ်ပြန်ချက် ၁၁-၂၀၁၂ အား ပယ်ဖျက်လိုက်ပါကြောင်း
- သံဃာတော် များမှာ ဖော့စဖိတ် ပါသော မီးခိုးဗုံး အမျို...
- ယခင်အစိုးရနှင့် စီမံကိန်းအား ကာကွယ်၍ သတင်းထုတ်ပြန်...
- သပိတ်အင်အား ၈၀ ကျော် ဒဏ်ရာရ၊ သံဃာ အပါး ၃ဝ ဆေးရုံတင...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- DVB 29.11.2012 - 4pm News
- ၁- မင်္ဂလသုတ်-
- ပိဋကတ် ၃ပုံ မြန်မာပြန် စာအုပ် Download(33.5MB)
- မြန်မာ့ပညာရေး မြှင့်တင်ရန် အမေရိကန် တက္ကသိုလ်များ က...
- စစ်တပ်လွှဲပြောင်း သံမဏိစက်ရုံ နှစ်ရုံအတွက် ငွေဘီလီယ...
- လက်ပံတောင်း အကြပ်အတည်း ညှိနှိုင်းအဖြေရှာရန် ဒေါ်အောင...
- ဖြိုခွင်းခံရလည်း လက်ပံတောင်းအရေး မပြီးဟုဆို
- လက်ပံတောင်းအရေး ပြေလည်ရန် ကြိုးစားမည်ဟု ဒေါ်အောင်ဆန...
- ဦးခင်ညွန့်နဲ့ ခဏတဖြုတ် ဆုံတွေ့ခြင်း
- အလုပ်သမား အထောက်အထားများ အလုပ်ရှင်သိမ်းဆည်းပါက တို...
- မတင်နီလာအေး အမှု စွဲချက်တင်တော့မည်
- တော်ဝင် သစ်စက်အရေး ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက်ချပြီ
- လက်ပံတောင်းအရေး ထိပ်တိုက်တွေ့မှာ စိုးရိမ်နေ
- ပျက်စီးနေသော တရားစီရင်ရေးနှင့် ချည့်နဲ့နေသော မဏ္ဍိုင...
- လက်ပံတောင်း အင်အားသုံး ဖြိုခွင်းမှုကို ဒီလိုမြင်ကြတယ်
- တန်ဆောင်တိုင် စာအုပ်ဈေးရောင်း ပွဲတော် ကျင်းပလျက်ရှိ
- အကျဉ်းဦးစီး ဌာန၏ မိသားစု ဘုံကထိန်တွင် သိန်း ၁၇၀ ကေ...
- ဒီဇင်ဘာလ အတွင်း တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်ရန်...
- တန်ဆောင်တိုင် မသိုးသင်္ကန်း ရက်လုပ် လှူဒါန်းခဲ့
- ၁၈ ကြိမ်မြောက် ကိုယ်ကာယ ကြံ့ခိုင်မှု ပြိုင်ပွဲ ပြုလ...
- ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဒီရေတော ထိန်...
- လာမည့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လတွင် ငမိုးရိပ် ဒုတိ...
- ၂၀၁၃ နှစ်ဆန်းပိုင်းတွင် ၅၀၀ ကေဗွီဓာတ်အား လိုင်း၏ အ...
- ရန်ကုန်အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ကွန်ဒို တိုက်ခန...
- Anti-Copper Mine Demonstration Update
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွဲ ၊ သံဃာတော် အပါး(...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- ဆန္ဒပြသူများအပေါ် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံကို ဝေဖန်
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- ကြေနီစီမံကိန်းရပ်တန့်ရေးသပိတ်စခန်း ဖြိုခွင်းမှု အသံ...
- ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုင်ကုမ္ပဏီနှင့် တွေ...
- သပိတ်စခန်းများကို အကြမ်းဖက် နှိမ်နင်းမှုကြောင့် သံဃ...
- လုံခြုံရေးများ ပိတ်ဆို့ထားသဖြင့် ဒဏ်ရာရှိသူများကို...
- လက်ပံတောင်းတောင် စီမံကိန်းရှိ သပိတ်စခန်းများအား (ဓ...
- မြန်မာပြည်က စပစ်ဖိုင်းယားတွေကို တူးတော့မယ်
- လက်ပံတောင်း တောင် သပိတ် လူစုခွဲ
- အစိုးရလုံခြုံရေးတပ်တွေ မီးလောင်ဗုံးသုံးပြီး သပိတ်ခွဲ
- လက်ပံတောင်းအရေးပေါ်သတင်း
- တိုက်ပွဲများ ဆက်လက်မဖြစ်ပွားရန် အစိုးရအဖွဲ့မှ ကတိတ...
- ကြာသပတေးနေ့ တီဗွီသတင်းများ
- လက်ပန်းတောင်းတောင် သပိတ်စခန်း လုံထိန်းရဲတွေ စီးနင်...
- ဓာတ်ပုံလေးတွေကို Effect တွေ နောက်ခံသီချင်းတွေနဲ့ D...
- မိုင် ၂၄၀ ကျော် ခရီးရှည် မသန်စွမ်း ၀ှီးချဲစွမ်းရည်...
- ညောင်နှစ်ပင်မှ သင်္ကန်းကျွန်း အထိ ရေပို့ပိုက်မကြီး သ...
- 2012- Korea- Myanmar Medical Tourism Forum ပထမဆုံး...
- ၁၃ ကြိမ်မြောက် ဂရိတ်ဝေါ ASIA အမျိုးသား တံခွန်စိုက်...
- ICT ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဖိုရမ် ကျင်းပခဲ့
- မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စီးပွားရေး ကုန်သွယ်မှုမျ...
- မကြာမီ လပိုင်း အတွင်း GSM တန်ဖိုးနည်း ဖုန်းများ ထပ...
- ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ မိုဘိုင်းဖုန်း၊ အင်တာနက...
- ယာဉ်အမျိုးအစား အလိုက် ကုန်တန်ချိန် တင်ဆောင်မှု တိုး...
- မန္တလေးတက္ကသိုလ်ဆရာများအဖွဲ့ ခေါင်းဆောင်များ နယ်ပြော...
- တိုက်ပွဲဝင် သပိတ်စခန်းများ အရေး ဗကသများ အဖွဲ့ချုပ်...
- လက်ပံတောင်းတောင်အရေး ဦးဆောင်သူများအား ပုဒ်မ-၅၀၅/ခ ...
- နမ့်စန်မြို့နယ် NLD အဖွဲ့ဝင်တစ်ဦးအား အမှတ်(၅၁၆)တပ်...
- » ပျောက်သွားတဲ့ နိုင်ငံသား စီစစ်ရေး ကတ်ပြား ကျပ် (...
- လက်ပံတောင်းတောင် နောက်ဆုံး မျှော်လင့်ချက် အတွက် သွ...
- စစ်တွေကို ထွက်ပြေး လာတဲ့ မွတ်ဆလင်တွေ နေရပ် ပြန်ပို...
- ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် အငြိမ်းစားပုဂ္ဂို...
- နိုဝင်ဘာလ (၂၉) ရက်နေ့ ထုတ် The Hot News (Vol-3,No-...
- သပိတ် စခန်းတွေ ဖယ်ဖို့ ကြေညာချက်ထုတ် ထားပေမယ့် ဆက်...
-
▼
November
(1044)

No comments:
Post a Comment