Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 19 November 2012

ဖားကန့်တွင် KIA နှင့် အစိုးတပ်တို့ နှစ်ရီကြာ တိုက်ပွဲဖြစ်

 မြန်မာနိုင်ငံသို့ အမေရိကန် သမ္မတ ဘားရက်အိုဘားမား မရောက်ရှိခင် မိနစ်ပိုင်း အလိုတွင် ကချင်ပြည်နယ် ဖားကန့်မြို့တွင် KIA နှင့် အစိုးလမ်း ကင်းလုံခြုံရေးတပ်တို့ တိုက်ပွဲ နိုဝင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်း ၉နာရီတွင် ဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရ အဖွဲ့ရုံးထံက စုံစမ်းသိရသည်။

 ဖားကန့်မြို့နှင့် နှစ်မိုင်ခွဲခန့် အကွာတွင် နှစ်နာရီ ဆယ်မိနစ်ကြာ ဖြစ်ပွားခဲ့သော  တိုက်ပွဲတွင် နှစ်ဘက် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း အဆိုပါ ရုံးက သိရသည်။

 အဆိုပါ ထိတွေ့ တိုက်ပွဲသည် ဖားကန့်မြို့နယ်အတွင်း ကာမိုင်းမြို့နယ်ခွဲ၊ ကာမိုင်း-မအူပင် ၆ မိုင် ဖြတ်လမ်း အနီးရှိ နောင်ဆိုင်း ကျေးရွာတွင် ဖားကန့်မြို့နယ်သို့ ပို့ဆောင်မည့် ယာဉ်တန်းကို လုံခြုံရေး ဆောင် ရွက် ပေးနေသော မြန်မာ တပ်မတော်နှင့် ရင်ဆိုင် တိုက်ပွဲငယ် တစ်ခုဖြစ်ခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးက ပြောကြားသည်။

``ဖားကန့်ကို ပို့မယ် ရိက္ခာယာဉ်တန်း တိုင်းမှာ လုံခြုံရေး လိုက်ပေးရလေ့ ရှိတယ်၊ခု ယာဉ်တန်းကလဲ ဒေသခံတွေ အတွက် ရိက္ခာတွေပါ ပါတယ်’’ဟု ၎င်းက ဆိုသည်။

 အမေရိကန်သမ္မတ ဘားရက် အိုဘားမား သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ နိုဝင်ဘာ ၁၉ ရက်နေ့ နံနက် ၉နာရီ မိနစ်၄၀ ခန့် တွင် ရောက်ရှိခဲ့ ပြီး နေ့လည်ပိုင်းတွင် ကချင်ငြိမ်းချမ်းရေး ကွန်ယက် အဖွဲ့ဝင် တဦးနှင့် တွေ့ဆုံခဲ့သည်ဟု ငြိမ်းချမ်းရေး ကွန်ယက်မှ ဒေါ်ခွန်ဂျာက ပြောကြားသည်။

The Voice Weekly


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့