Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 10 November 2012

ဘုရားဂေါပက အဖွဲ့အား အောင်လံ NLD တရားစွဲ

သရက်ခရိုင် ၊ အောင်လံမြို့ သိမ်ကုန်းဓမ္မာရုံ ဘုရားပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ရန်ပုံငွေအဖြစ် ဈေးရောင်းချ ရာတွင် NLDပါတီ ဆိုင်းဘုတ်အား ဘုရားဂေါပက အဖွဲ့က ဖြုတ်ချခဲ့သည့် အတွက် NLDပါတီက တရား စွဲဆိုလိုက်ကြောင်း ယင်းမြို့နယ် တရားရုံးထံမှ သိရသည်။

အောက်တိုဘာလ ၃ဝရက်နေ့တွင် အောင်လံ NLD ပါတီဝင်များ မုန့်ဟင်းခါးနှင့် ပါတီဝတ်စုံများ ရောင်းချနေစဉ် ဂေါပက အဖွဲ့များက ခြိမ်းခြောက်ခြင်း ၊ မတရား ကန့်ကွက်ခြင်း၊ ကျူးကျော် ဝင်ရောက်ခြင်း ၊ အဓမ္မ အနိုင်အထက် ပြုကာ ဓါတ်ပုံနှင့် ဆိုင်းဘုတ်များကို ဖြုတ်ချခြင်း များ ပြုလုပ် ခဲ့သည့်အပြင် ချက်ပြုတ်ထားသော မုန့်များ မရောင်းရဘဲ ဆုံးရှုံးရခြင်း တို့ကြောင့် အောင်လံမြို့ NLD ပါတီညီလာခံ ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဦးရန်နောင်ထွန်း က တရားလို ပြုလုပ်၍ တရားရုံး ဦးတိုက် လျှောက်ထားခဲ့ကြောင်း ၄င်းထံမှ သိရသည်။

The Voice Weekly


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့