Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Monday, 3 December 2012
လက်ပံတောင်း ဖြစ်စဉ် အကျဉ်း
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် စီမံကိန်း ပတ်ဝန်းကျင်ရှိဝက်မှေး၊ ဆည်တည်း၊ ကန်တောနှင့် ဇီးတော စသည့် ရွာပေါင်း ၂၆ ရွာမှ လယ်မြေဧက၇၈၀၀ ကျော်သိမ်းဆည်း ခံထားရခြင်းကို မကျေနပ်ရာမှ စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြတောင်းဆိုမှုများ ယခုနှစ် မေလမှစ၍ ဆက်တိုက် ဖြစ်ပေါ်ခဲ့သည့်အတွက် ထိုဒေသ၌ ဇူလိုင်လ ၂၃ ရက်မှစတင်ကာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်။
ထို့နောက် တင်းမာမှုများ အရှိန်မြင့်လာခဲ့ပြီး စက်တင်ဘာလ ၁၀ ရက်နေ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြေယာသိမ်းထားမှုများကြောင့် ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသည့် မသွဲ့သွဲ့ဝင်း အပါအ၀င် ဒေသခံတချို့၊ အကူအညီ ပေးသူများကို အာဏာပိုင်များက ဖမ်းဆီးကာ မုံရွာအကျဉ်းထောင်တွင် ထိန်းသိမ်းခဲ့သည်။
စက်တင်ဘာလ ၁၄ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုဂျင်မီ ပါဝင်သည့်အဖွဲ့တို့ကစစ်ကိုင်းတိုင်း ဒေသကြီးအစိုးရ ၀န်ကြီးချုပ် ဦးသာအေးနှင့်ဆွေးနွေးညှိနှိုင်းမှုများအပြီး ထိန်းသိမ်းထားသူများ ပြန်လည် လွတ်မြောက်ခဲ့သည်။
ထိုအချိန်မှ စတင်ကာ လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ကန့်ကွက်ဆန္ဒပြမှုကို လူအများ ပို၍ သိရှိစိတ်ဝင်စားလာခဲ့သည်။
သို့သော် လက်ပံတောင်း ကြေးနီစီမံကိန်းကို တာဝန်ယူ လုပ်ဆောင်နေသည့် မြန်မာ့တပ်မတော်မှ မြန်မာ့ ဦးပိုင် လီမိတက်နှင့် တရုတ်နိုင်ငံမှ ၀မ်ပေါင်ကုမ္ပဏီ၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် စီမံကိန်းဒေသရှိ ကျေးရွာသူရွာသားများအကြား ညှိနှိုင်းမှုများ အဆင်မပြေ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။
ထို့နောက် လက်ပံတောင်းတောင် အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး ကော်မတီမှဦးဆောင် ကျင်းပသည့် လက်ပံတောင်း ပြည်သူ့ညီလာခံတခုကို အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဆားလင်းကြီး မြို့နယ်၊ ဖောင်းကတာ ကျေးရွာအုပ်စု၊ ဆည်တည်းကျေးရွာ၌ ကျင်းပခဲ့သည်။
အဆိုပါ ညီလာခံသို့ လူအင်အား ၃ ထောင်ကျော် တက်ရောက်ခဲ့ကြရာ စီမံကိန်းနယ်မြေ ဒေသမှ ရွာပေါင်း ၂၆ ရွာမှ ကျေးရွာကိုယ်စားလှယ်များ၊ သံဃာတော်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊နိုင်ငံရေးပါတီများ၊ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များ၊ လက်ပံတောင်းတောင်အရေး လေ့လာလိုသူများ၊ သတင်းမီဒီယာများလည်း ပါဝင် တက်ရောက်ခဲ့ကြသည်။
ညီလာခံတွင် လက်ပံတောင်းတောင်အရေးအပြင် ကချင်ပြည်နယ် ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် တရားမဝင် နေထိုင်နေကြသော ဘင်္ဂါလီများအရေးတို့နှင့် ပတ်သက်ပြီးနိုင်ငံရေးပါတီ၊ တိုင်းရင်းသား ကိုယ်စားလှယ်များက အဆိုတင်သွင်း သုံးသပ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ၂ ရက်တာ ကျင်းပခဲ့သည့် အဆိုပါ ညီလာခံမှ အများ သဘောတူညီချက် ၂၆ ချက်ကို ထုတ်ပြန်ကြေညာနိုင်ခဲ့သည်။
ထို့နောက်ပိုင်းတွင် ဦးပိုင်ကုမ္ပဏီ၊ ၀မ်ပေါင် ကုမ္ပဏီတို့မှ စီမံကိန်းနှင့် ပတ်သက်၍ ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောဆိုလာခဲ့သည့်အတွက် လက်ပံတောင်း ဒေသခံများက ကြေးနီစီမံကိန်း ရပ်တန့်သည်အထိ ဆန္ဒပြမှုများ လုပ်ဆောင်သွားမည်ဟု ကြေညာကာ နေ့စဉ် ရက်ဆက် သရုပ်ပြဆန္ဒပြမှုများလည်း ဖြစ်ပေါ်ခဲ့သည်။ ထို့နောက်ပိုင်း လက်ပံတောင်းအရေးသည် ပို၍ လူသိများလာခဲ့သည်။
အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမား၏ မြန်မာနိုင်ငံလာရောက်သည့် နေ့ဖြစ်သော နိုဝင်ဘာလ ၁၉ ရက်နေ့တွင် လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ၀မ်ပေါင် ကုမ္ပဏီရှေ့နှင့် လယ်တီ ဆရာတော်ဘုရားကြီး သီတင်းသုံးနေထိုင်ခဲ့ရာ နေရာတို့တွင် သပိတ် စခန်း ၂ ခု စတင်ဖွင့်လှစ်ခဲ့သည်။
ထိုမှတဆင့် မန္တလေး၊ မုံရွာ၊ ပခုက္ကူ စသည့် ဒေသများမှ ရဟန်းသံဃာများလည်း သက်ဆိုင်ရာ ၀မ်ပေါင်ကုမ္ပဏီ၊ ဦးပိုင် လီမိတက်များကိုလည်း ဒေသခံများက အကြမ်းမဖက်ရေး၊ အစိုးရကလည်း ဒေသခံများအပေါ် အကြမ်းမဖက်ရေးတို့ အတွက် သပိတ်စခန်းများတွင် လာရောက်ပူးပေါင်းခဲ့ကြသည်။
လက်ပံတောင်းအရေးနှင့် ပတ်သက်ပြီး နောက်ဆုံး ကျင်းပသွားခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် NLD ပါတီ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က စီမံကိန်းနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု ရှိရန် မေးမြန်းပြီး စုံစမ်းရေးကော်မရှင် တရပ်ဖွဲ့စည်းကာ စီမံကိန်း ဆက်လုပ်ရန် သင့်၊ မသင့် ကော်မရှင်က စုံစမ်းပြီး အဖြေရှာရေး ကြားဖြတ် အစီရင်ခံစာတစောင်ကို နိုဝင်ဘာလ ၂၃ ရက်နေ့က တင်သွင်းခဲ့သည်။
၎င်း အဆိုနှင့်ပတ်သက်ပြီး ပြည်ထောင်စုအစိုးရ ကိုယ်စား ဒု ဗိုလ်ချုပ်ကြီး ဝေလွင်က စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများကို သိမ်းဆည်း လယ်မြေများနှင့် ပတ်သက်၍ လျော်ကြေးလည်း ပေးခဲ့ကြောင်း၊ ထို့အပြင် ဒေသခံများအတွက် အလုပ်အကိုင်များလည်း ဖန်တီးပေးခြင်း၊ အစားထိုး နေရာသစ်များ ဖန်တီးပေးခြင်း စသည်တို့ လုပ်ဆောင်ပေးခဲ့ကြောင်း၊ စီမံကိန်းသည် မြန်မာ- တရုတ် ၂ နိုင်ငံ သဘောတူစာချုပ် ချုပ်ဆို လုပ်ကိုင်ထားသည့်အတွက် စာချုပ်အားတဖက်သတ် ဖျက်သိမ်းပါက နစ်နာကြေး ပေးရမည်ဖြစ်ကြောင်း၊ ထို့အပြင် ပွင့်လင်းစ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသူများ၏ ယုံကြည်မှု ပျက်ဆီးသွားနိုင်ပြီး တိုင်းပြည်ဘဏ္ဍာများ ထိခိုက်ဆုံးရှုံးသွားမည် ဖြစ်ကြောင်း၊ စီမံကိန်းကို ရပ်ဆိုင်း၍ မရကြောင်း ရှင်းလင်းတင်ပြသွားခဲ့သည်။
သို့သော် ပြည်သူ့လွှတ်တော်ကလည်း တခဲနက်ထောက်ခံ၍ လက်ပံတောင်း ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ စုံစမ်းရေး ကော်မရှင်ဖွဲ့ရေး ပြည်သူ့လွှတ်တော်မှတဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုကို ထိုနေ့က အတည်ပြုခဲ့သည်။
နိုဝင်ဘာလ ၂၆ ရက်နေ့က လက်ပံတောင်းအရေး ပြေလည်စေရန်အတွက် အဆိုပါ သပိတ်ခေါင်းဆောင်များ၊ သံဃာ တော်များနှင့် တွေ့ဆုံရန် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သောအဖွဲ့ သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ခဲ့ရာတွင် စီမံကိန်းနှင့် ပတ်သက်၍ ရပ်ဆိုင်းရန် အခက်အခဲရှိကြောင်း၊ စီမံကိန်း ပူးပေါင်းဆောင်ရွက်သည့် တရုတ်နိုင်ငံကိုလည်း ကြောက်ရကြောင်း၊ မြစ်ဆုံဆည် စီမံကိန်း ရပ်တန့်လိုက်သည့်အတွက် တရုတ်နိုင်ငံက စိတ်ဆိုးခဲ့ကြောင်း၊ ထို့အပြင် ၁၉၈၈ ခုနှစ် တိုင်းပြည်ပျက်သည့် အချိန်ကစပြီး ကူညီပေးခဲ့သည့်အတွက် တရုတ်နိုင်ငံကလည်း ကျေးဇူးရှိသည့် နိုင်ငံဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ဆန္ဒပြသူများ၏ လိုလားချက်များကို သမ္မထံ တင်ပြပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ထိုသို့ပြောဆိုမှုနောက်ပိုင်း သပိတ်စခန်း ၅ ခု အထိ အင်အားများလာခဲ့ပြီး တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်လာခဲ့ရာ ဒေါ်ခင်စန်းလှိုင်ကလည်း မုံရွာဒေသရှိ ဒေသခံများ၊ သပိတ်စခန်းများသို့ သွားရောက်ခြင်း၊ သက်ဆိုင်ရာ ဦးပိုင်နှင့် ၀မ်ပေါင် ကုမ္ပဏီများသို့ ထိတွေ့ဆွေးနွေးမှုများလုပ်ကာ ညှိနှိုင်းအဖြေရှာရေး ကြိုးပမ်းမှုများ လုပ်ဆောင်ခဲ့သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ပံတောင်းအရေး ပြေလည်မှု ရှိစေရန် ညှိနှိုင်းဆောင်ရွက်နိုင်ရေး နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လာရောက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ထို့နောက် ပြည်ထဲရေး ၀န်ကြီးဌာနမှ နိုဝင်ဘာလ ၂၈ ရက်နေ့ည ၁၂ နာရီ နောက်ဆုံးထားပြီး သပိတ်စခန်းများက ဖယ်ရှားပေးရန်၊ မဖယ်ရှားပေးပါက တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဟု အမိန့်ထုတ်ပြန် ကြေညာခဲ့သည်။
ထိုသို့ ကြေညာအပြီး ၀မ်ပေါင်ကုမ္ပဏီ ဝင်းထဲမှ အသံချဲ့စက်ဖြင့် သပိတ်စခန်းများသို့ သတိပေး ကြေညာပြီးနောက် သံဃာများနှင့်ရဲများ တင်းမာမှုဖြစ်ခဲ့သော်လည်း ရဲများနောက်ဆုတ်သွားခဲ့သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ကို ရောက်ရှိမည့် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ၀မ်ပေါင် ကုမ္ပဏီ အနီးဝန်းကျင်ရှိ သပိတ်စခန်းများကို ၀မ်ပေါင်ကုမ္ပဏီ ၀န်းထဲတွင် လုံခြုံရေး တာဝန်ယူထားကြသည့် လုံထိန်း ရဲများက မီးသတ်ပိုက်များသုံး၍ ဖြိုခွဲ၊ မျက်ရည်ယိုဗုံး သုံးခြင်းဖြင့် အကြမ်းဖက်ဖြိုခွင်းမှုများ လုပ်ဆောင်ခဲ့သည်။
ရဲတပ်ဖွဲ့၏ ထိုကဲ့သို့ အင်အားသုံး ဖြိုခွဲလိုက်ခြင်းကြောင့် သပိတ်စခန်းများရှိ သံဃာများ၊ ဆန္ဒပြသူများ ထိုခိုက်ဒဏ်ရာများ ရရှိကြကာ ရဟန်းသံဃာများ အပါအ၀င် ထိခိုက် ဒဏ်ရာရသူ အနည်းဆုံး ၇၀ ကျော်ရှိပြီး ထိုအထဲတွင် လူနာ ၂၀ ဦးသည် စိုးရိမ်ရသည့်အခြေအနေရှိကြောင်း၊ သံဃာ ၂ ပါး မန္တလေး ဆေးရုံသို့ ဆေးကုသခံယူရန် အရေးပေါ် ပို့ခဲ့ရသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့ နေ့လယ်ပိုင်းတွင် သမ္မတရုံး သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဆန္ဒပြမှုကို ဖြိုခွဲမှုသည် ဒီမိုကရေစီ စနစ်ကျကျ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ အရေုးယူ ဖြိုခွင်းခဲ့ခြင်းဖြစ်ကြောင်း၊ မျက်ရည်ယိုဗုံးကိုသာ သုံးစွဲခဲ့ကြောင်း ထုတ်ပြန်ထားပြီး မီးလောင်ဗုံး မသုံးစွဲခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ သို့သော် အဆိုပါကြေညာချက်ကို နာရီပိုင်းအတွင်း ပြန်လည် ရုပ်သိမ်းသွားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် သည်လည်း ထိုနေ့ နေ့လယ်ပိုင်းတွင် မုံရွာမြို့သို့ ရောက်ရှိလာခဲ့ပြီး ၀မ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူများနှင့် သွားရောက် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့နောက် မုံရွာ လူထုကို လက်ပံတောင်းအရေး ပြေလည်အောင် ကြိုးစားမည်ဟု မိန့်ခွန်းတရပ် ပြောကြားခဲ့သည်။
ထို့နောက် မုံရွာဆေးရုံသို့ အကြမ်းဖက်ဖြိုခွင်းခံရ၍ ထိခိုက် ဒဏ်ရာရသွားကြသူများကို သွားရောက်တွေ့ဆုံ အားပေး စကားပြောကြားခဲ့သည်။ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင်လည်း မလိုအပ်ဘဲ အကြမ်းဖက် ဖြေရှင်းခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းသွားမည်ဟု နောက်ထပ် မိန့်ခွန်းတရပ် ပြောကြားခဲ့သည်။
ယနေ့ နေ့လယ်ပိုင်းတွင် တည်းခိုရာ ဟိုတယ်တွင် ကြေးနီစီမံကိန်း ရပ်တန့်ရေး သပိတ်ခေါင်းဆောင် မသွဲ့သွဲ့ဝင်း အပါအ၀င် ဒေသခံ ရွာသူ၊ ရွာသားများနှင့် တွေ့ဆုံခဲ့သည်။
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
December
(893)
- Who's who 2012 -ဒေါ်အောင်ဆန်းစုကြည်
- Who's who 2012- ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်...
- ဖယ်ရီကြိုပို့ယာဉ်တိုက်မိပြီး သေဆုံးခဲ့တဲ့ ရန်ကုန်က...
- တရုတ်သံရုံးနား ဆန္ဒပြသူတွေကို ရုံးတင်စစ်ဆေး
- လုံးခင်း၊ ဖားကန့် ရတနာမြေ လုပ်ကွက်သစ်များ ဈေးပြို...
- ကေအိုင်အိုဌာနချုပ် လိုင်ဇာအနီးတိုက်ပွဲများဆက်လက်ပြ...
- ၀ိုင်းမော်တွင် ဒုက္ခသည်စခန်းများ၌ လူဦးရေ နှစ်ဆတိုးလာ
- မြန်မာ့ရွှေဈေးကျသော်လည်း ငွေလဲနှုန်းအနည်းငယ်မြင့်တက်လာ
- ၂၀၁၄ ခုနှစ် ဇူလိုင်လ ၇ ရက် နောက်ပိုင်းကာလအတွင်း ဒေ...
- သံဃာများကို အကြမ်းဖက် နှိမ်နင်းမှု တစ်လပြည့် အထိမ်း...
- သံဃာများကို အကြမ်းဖက် နှိမ်နင်းမှု တစ်လပြည့် အထိမ်း...
- ဒီဇင်ဘာလ (၂၉) ရက်နေ့ ထုတ် Tech Space နည်းပညာ ဂျာနယ...
- ဒီဇင်ဘာလ (၃၁) ရက်နေ့ ထုတ် The Voice Vol.8 / No.52
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် The People's Age Vol 3 N...
- ဒီဇင်ဘာလ (၂၈) ရက်နေ့ ထုတ် Playmaker အားကစားဂျာနယ် ...
- လိုင်ဇာမြို့တွင်း၌ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်...
- EMBRAER 190 လေယာဉ် ရန်ကုန်လေဆိပ်တွင် စမ်းသပ်မောင်း...
- အိန္ဒိယနိုင်ငံသို့ ချင်းပြည်နယ်မှ ထင်းရှူးသားများ တ...
- NLD ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းမျ...
- » Who's who 2012 - နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
- ၂၀၁၁ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခ...
- GSM တန်ဖိုးနည်း ဖုန်းများတွင် အင်တာနက်ပါ တစ်ပြိုင်...
- တိုင်းဒေသကြီး မိုးစပါး ရိတ်သိမ်းမှုမှာ ယခင်ကထက် ပို...
- အခွန်ငွေ စုစုပေါင်း၏ ၉၇ ရာခိုင်နှုန်းကို ပြည်တွင်း ...
- ကျောက်မျက်ရတနာ ဖော်ထုတ်ကွက်များ လုပ်ကွက် တစ်ခုလျှင...
- ဂျပန်နိုင်ငံမှ Bank of Tokyo Mitsubishi UFJ ၏ ဘဏ်လ...
- ငွေဆောင် ကမ်းခြေ ဟိုတယ်များ၌ ပြည်ပ ခရီးသွား နှစ်သေ...
- Myanmar Countdown 2013 အခမ်းအနား တိုက်ရိုက် ထုတ်လွှ...
- High Availablility Online Systems နှင့် ပတ်သက်၍ ဟေ...
- အမေရိကန် သံရုံးတွင် ချစ်ကြည်ရေး ဘတ်စကက် ဘောပွဲ ကျင...
- အာရှရဲ့ စီးပွားရေးအလားအလာ
- မြဧရာဈေးသင်္ဘော ဖျက်သိမ်းတော့မည်
- ၂၀၁၂ ထူးခြားဖြစ်ရပ်များ အပိုင်း 2
- ၂၀၁၂ ထူးခြားဖြစ်ရပ်များ အပိုင်း ၁
- လက်ပံတောင်းတောင် စီမံကိန်း MEIပညာရှင်အဖွဲ့ ကွင်းဆင...
- အင်တာနက်အသုံးပြုမှု တရုတ် ပိုမိုထိန်းချုပ်
- ပုဂ္ဂလိကပိုင် သတင်းစာတွေ ထုတ်ဝေခွင့်ရမည်
- စပါးဈေးကျလို့ အစိုးရကို အကူအညီတောင်း
- မုဒိမ်းကျင့်ခံခဲ့ရတဲ့ ကျောင်းသူလေး သေဆုံး
- ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ချုပ်ထားသော ဆွယ်တာ သ...
- KIO ဌာနချုပ်အနီး လဂျားယန်တွင် မြေပြင်တိုက်ပွဲ ဖြစ်...
- ဒီချုပ်၏ ပညာရေးရန်ပုံငွေဂီတပွဲ ဒုတိယနေ့ မြင်ကွင်း
- ကဗျာနန်းတော် မှ ကဗျာများ
- တပ်မတော်သားအချို့ ထိုးကြိတ်သဖြင့် ကလေး ၁ ဦး သေဆုံး
- ကျောင်းသူကို အဓမ္မကျင့်သည့် တပ်ကြပ်အား အရပ်ဘက် တရား...
- မိုးထိမိုးမိဒေသရွှေလုပ်သားများ၊ ကုမ္ပဏီနှင့် ထပ်မံညိ...
- ဒီဇင်ဘာလ (၂၆) ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှ...
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် ...
- အစိုးရတပ် လေကြောင်းတိုက်ခိုက်မှုများ လုပ်လာနေပြီဟုဆို
- မြန်မာနိုင်ငံသားတွေ သေဆုံးမှု ထိုင်း ၄ ဦး ကို ထောင်...
- တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတ...
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄...
- ဒီဇင်ဘာလ (၂၈) ရက်နေ့ ထုတ် HR Journal အမှတ်စဉ် (175)
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်...
- အိန္ဒိယတွင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည့် မိန်းက...
- ဒီဇင်ဘာ ၂၈ ရက်နေ့ထုတ် Premier Eleven Sports Journa...
- NLD ပညာရေးကွန်ယက် ရန်ပုံငွေပွဲ ပထမနေ့ လှူဒါန်းငွေ ...
- ကြည်းတပ် ဗိုလ်ကြီးတစ်ဦး အလောင်း လှိုင်မြစ်ရေပြင်တွင...
- ဒီဇင်ဘာ ၂၉ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် သတင်းဂျာနယ်...
- ဒီဇင်ဘာလ(၂၈) ရက် သောကြာနေ့ထုတ် EURO SPORTS JOURNAL...
- ထိုင်းနိုင်ငံရောက် သံဃာများ ကျန်းမာရေး
- ရသေ့တောင် ကျေးရွာအုပ်ချုပ်ရေးမှူးကို ရဲဖမ်း
- မေရိကန် ဘဏ္ဍာရေး အကျပ်အတည်း
- လေယာဉ် မတော်တဆ ပျက်မှု ခရီးသွားလုပ်ငန်း မထိခိုက်နိုင်
- ကျင့်ဝတ်နဲ့ညီတဲ့ ရင်းနှီးမြုပ်နှံမှုဖြစ်ဖို့ သမ္မတ ည...
- လူ့ဘောင်သစ်ပါတီနှင့် အစိုးရတို့ သဘောတူညီချက်များ လ...
- မအူပင်မြို့နယ် တရားရုံးသို့ တရားဥပဒေစိုးမိုးရေးကော...
- လယ်သမားတွေက စစ်တပ်ကို စပါးပေးဖို့ ငြင်းဆန်
- မှုးယစ်ဆေးဝါး နှိမ်နှင်းရေး အကြောင်းပြပြီး စစ်တပ်တေ...
- NLD ဈေးရောင်းပွဲတော်
- ပညာရေး နိမ့်ကျလို့ နိုင်ငံ မတိုးတက်ရတာလို့ ဒေါ်စုေ...
- ခွင့်ပြုမိန့်မရဘဲ ဆန္ဒဖော်ထုတ်တဲ့ သူတွေကို ဥပဒေက ခွ...
- ပတ္တမြား ငမောက်
- နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မ...
- ပညာရေး ရန်ပုံငွေပွဲတွင် အကျဉ်းထောင်တွင်းပုံစံပြ
- ပြည်သူလူထုနားမခါးစေချင်ပါ . . .[မြတ်ဆွေ]
- အစိုးရ တပ်မတော်မှ ပစ်ခတ်သော အမြောက်ဆံ ကျရောက် သဖြင...
- စီတန်းပုဒ်မ ၁၈ နှင့် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ...
- မန္တလေးမြို့တွင် ပုဒ်မ၁၈နှင့် ပုဒ်မ ၅၀၅(ခ) အား လက်မ...
- စနစ်ကြောင့်ဆင်းရဲခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြ...
- တပ်မတော် ပွဲတက်ဝတ်စုံအချို့ ပြောင်းလဲ
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး ရန်ပုံငွေ ရ...
- Air Bagan လေယာဉ်မယ်မခိုင်စုနိုင်၏ လေယာဉ်ပျက်ကျမှု က...
- အဲပုဂံ လေယာဉ် ပျက်ကျရာတွင် သေဆုံးခဲ့သည့် ဆိုင်ကယ်စ...
- ယဉ်ကျေးဖို့ အဖြေရှာ မတွေ့သေးသော လိုင်းကား ယာဉ်မောင...
- လာမည့်နှစ်တွင် လူနေရပ်ကွက်များ လျှပ်စစ်မီးလုံးဝပြတ...
- မိုးညှင်းမြို့အဝင်တွင် ဗုံးပေါက်ကွဲ
- သိန္နီသစ်တောရုံး ဗုံးကွဲ ဦးစီးမှူး ဒဏ်ရာရ
- ပညာရေးကဏ္ဍကိုမြှင့်တင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ...
- ဂျီအက်စ်အမ် ဆင်းကဒ်တွေကို ကျပ် ၁ သိန်း၊ (WCDMA) ဆင...
- အိမ်ရာမူဝါဒနှင့် တန်ဖိုးနည်းအိမ်ရာ
- ကျေက်ဖြူဒုက္ခသည်စခန်းတွင် ရခိုင်မိသားစု၃၆စုကျန်ရှိ
- ဒေသအာဏာပိုင်များ ဆောင်ရွက်ပုံက ရခိုင်များကို တောခု...
- ရခိုင်ထူထောင်ရေးအတွက် အစိုးရသစ်မ၀ယ်၍ ပုဂ္ဂလိက သစ်စက...
- ဦးသိန်းစိန်ပြောတဲ့ပြုပြင်ရေး ထင်သလောက်မလွယ်ကူ
- အမေရိကန်မှာ နှင်းမုန်တိုင်းကျ
- ဝမ်ပေါင်ရဲ့ မိခင်ကုမ္ပဏီ အကြီးအကဲနဲ့ လွှတ်တော်ကိုယ်...
- အဂတိလိုက်စားမှု တိုက်ဖျက်ရေး သမ္မတဦးသိန်းစိန် ဆော်သြ
- ဧည့်လမ်းညွှန်များ စာရင်းကို သတင်းစာတွင် မှားယွင်းေ...
- စက္ကန့် ၉၀အတွင်း ခရီးသည်တွေ အကုန်ကို ကယ်တင်နိုင်ခဲ့...
- ရင်းနှီးမြှုပ်နှံမှု အကြပ်အတည်းများ၊ လူ့အခွင့်အရေး ...
- အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးအဖြစ် ဂျွန်ကယ်ရီကို...
- အစိုးရ အုပ်ချုပ်ရေး ယန္တရား ပြုပြင်ပြောင်းလဲရန် သမ္မ...
- ၂၀၁၂ ခုနှစ် အတွင်း ကုန်သွယ်မှု ကဏ္ဍတွင် အကျိုးအမြတ် န...
- လာမည့်နှစ်၌ SME လုပ်ငန်းများ တိုးတက်အောင် ကာကွယ်ေ...
- ဆင်ဆာမဲ့ ဗီဒီယို ဖမ်းဆီးမှု အမှုပေါင်း ၆၅၅ ခု ရှိခဲ့
- တရားမ၀င် ကုန်သွယ်မှုအား အရေးယူ ဆောင်ရွက်သွားမည်
- နေရာ ၅ ခု၌ တန်ဖိုးနည်း ဖုန်းများ စတင်ချထား ပေးမည်
- လာမည့် နွေရာသီ ကာလတွင် ပုံမှန်အပူချိန်ထက် ပိုမြင့်...
- Myanmar Countdown 2013 ၀င်ခွင့်လက်မှတ်များ ထုတ်ယူန...
- ရှေးဟောင်း ဘုရားများကိုပါ ပူဇော်ခံ ထားရှိ
- Black Box စစ်ဆေးပြီးမှသာ လေယာဉ်ပျက်ကျမှု အဖြေသိမည်ဟ...
- မနွယ်လင်းရှိန်၏ မောင်ဖြစ်သူ ကိုလှကျော်ရှိန်နှင့်ေ...
- ဆင်ဘိုမြို့က လူငယ်သုံးယောက် တရုတ်ပြည်မှာ ရောင်းစားခံရ
- မိန်းမပျို ရောင်းစားနေတဲ့ မြန်မာ ၂ ဦး ထိုင်းအာဏာပ...
- ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် အတွက် သရုပ်ဆောင်၂၁ဦး ...
- ထန်းတပင်မြို့နယ်မှာ သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း ပိုက်...
- ရခိုင်ပါတီ မသီတာထွေးရဲ့ ရုပ်ပုံနဲ့ ပြက္ခဒိန်ထုတ်ဝေမ...
- သျှမ်းပြည်စစ်ဘေးရှောင်များ အုပ်စုလိုက်ပြည်တော်ပြန်...
- ရခိုင် အမျိုးသမီး တဦး လမ်းပြ ခေါ်ဆောင် လာသော ခိုးဝင...
- ပုသိမ်မြို့နယ်ရှိ မြန်မာလင်းဝင်းကြီးရွာတွင် စိုက်ဘ...
- တာဝန်ကျ သားဖွားဆရာမ၏ တာဝန်မဲ့မှုကြောင့် ကလေးမိခင်သေ...
- ဤမြေနှင့် ဤအရပ်တွင် စိတ်ချလက်ချ နာဖျားခွင့် မရှိ
- မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီ...
- အဲပုဂံလေယာဉ် မြူနှင်းကြောင့် ကွင်းမှားဆင်း၊ အမြီးပ...
- တော်ဝင်စက်ရုံ တာဝန်ရှိသူများက ဒဏ်ရာရအလုပ်သမားများအ...
- ဒီဇင်ဘာလ (၂၇)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊...
- ဒီဇင်ဘာလ (၂၇)ရက်နေ့ ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၃)...
-
▼
December
(893)
No comments:
Post a Comment