Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Thursday, 20 December 2012
စစ်တပ်ကို မထိန်းချုပ်နိုင်ခြင်းသည် သမ္မတ ဦးသိန်းစိန်အတွက် ပထမဆုံး စိန်ခေါ်မှုဖြစ်
ဒီမိုကရေစီစနစ် တည်ဆောက်နေဆဲ မြန်မာနိုင်ငံ၏ အနာဂတ်တွင် အဓိက စိန်ခေါ်မှုကြီး ၃ ခု ရှိပြီး သမ္မတ ဦးသိန်းစိန် အနေဖြင့် မြန်မာ့တပ်မတော်ကို အပြည့်အ၀ ထိန်းချုပ်နိုင်မှု မရှိသေးခြင်းသည် ပထမဆုံးဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုမှ ၀ါရင့် နိုင်ငံရေးသိပ္ပံ ပညာရှင် ဒေါက်တာ မိုက်ကယ် ဂရင်းက ပြောဆိုလိုက်သည်။
“ဦးသိန်းစိန်က စစ်တပ်ကို အပြည့်အ၀ မထိန်းချုပ်နိုင်သေးဘူး။ မာရှယ်လော (စစ်အုပ်ချုပ်ရေး) ကြေညာနိုင်တဲ့ မဲပေးခွင့်ရှိတဲ့ အာဏာပိုင်တွေထဲမှာ သူက ဆန္ဒမဲ တ၀က်လောက်ပဲ ရနိုင်သေးတယ်။ အချိန်မရွေး လွှတ်တော်ကို ပိတ်ပစ်လို့ ရနေတယ်” ဟု ဒေါက်တာ မိုက်ကယ် ဂရင်းက Geogorgetown Journal နှင့် “မြန်မာနိုင်ငံရဲ့ အနာဂတ်” အမည်ရှိ တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားထားသည်။
ဒေါက်တာ မိုက်ကယ် ဂရင်းကို သမ္မတ ဂျော့ဂ်ျ ဘွတ်ရှ် အစိုးရလက်ထက်က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ရာထားခဲ့ဖူးပြီး ၀ါရင့် သံတမန်တဦးလည်းဖြစ်သလို နိုင်ငံတကာရေးရာတွင် နှံ့စပ်ကြွယ်ဝသူတဦးလည်း ဖြစ်သည်။ သူသည် မကြာသေးခင်က မြန်မာနိုင်ငံသို့ သွားရောက်လေ့လာခဲ့ပြီး နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး စင်တာ (Center for Strategic and International Studies – CSIS) ၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကိုလည်း ပူးတွဲရေးသားခဲ့သူဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၊ ဂျော့ခ်ျတောင်း တက္ကသိုလ် ပါမောက္ခဟောင်းလည်းဖြစ်၊ အမေရိကန် အမျိုးသားလုံခြုံရေး ကောင်စီ၏ ညွှန်ကြားရေးမှူး တဦးလည်းဖြစ်သူ ဒေါက်တာ မိုက်ကယ် ဂရင်းက ဒုတိယ အနေဖြင့် ကချင်၊ ကရင်ပြည်နယ်နှင့် တချို့တိုင်းရင်းသားဒေသများတွင် အပစ်အခတ် ရပ်စဲရေးသဘောတူညီမှုဖြစ်ပြီး ယခုအထိ ပီပြင်မှု အပြည့်အ၀ မရသေးသည့်အပြင် တချို့ဒေသများတွင် အချိန်မရွေး တိုက်ပွဲများ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း၊ ထို့အပြင် တပ်မတော်အကျိုးစီးပွားများဖြစ်သော တိုင်းရင်းသားဒေသများရှိ ရေနံ၊ သစ်၊ စသည့် လုပ်ငန်းများနှင့် ပတ်သက်၍လည်း အတူမျှဝေရန် တပ်မတော်ဘက်က အဆင်သင့်မဖြစ်သေးခြင်းသည်လည်း စိန်ခေါ်မှုများ ဖြစ်ကြောင်း ပြောသည်။
မြန်မာနိုင်ငံတွင် တလျှောက်လုံး စီးပွားရေးစစ်စစ်ဆိုသည်မှာ မရှိခဲ့သေးကြောင်း၊ ကျွမ်းကျင်သူများ မရှိသေးခြင်းသည် တတိယ စိန်ခေါ်မှုကြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာနှင့် NGO များက အကူအညီပေးလိုပြီး အစိုးရဘက်ရော၊ ဒီမိုကရက်တစ် အတိုက်အခံဘက်တို့ကိုပါ ကဏ္ဍတိုင်းတွင် ကျွမ်းကျင်သူများ လေ့ကျင့်ပေးရန် ဆန္ဒရှိနေကြာင်း ဒေါက်တာ မိုက်ကယ် ဂရင်းက ဆိုသည်။
“သူတို့မှာ စီးပွားရေးဆိုင်ရာ စီမံကွပ်ကဲသူတွေလည်း မရှိဘူး။ စာရင်းဇယားတွေလည်း မရှိဘူး။ သူတို့မှာက နှစ်ပေါင်းများစွာ တလျှောက်လုံး တကယ့်စီးပွားရေး စစ်စစ်ဆိုတာ မရှိခဲ့ဘူး” ဟု ဒေါက်တာ မိုက်ကယ် ဂရင်းက မေးမြန်းခန်းတွင် ပြောထားသည်။
မြန်မာနိုင်ငံသည် ပထ၀ီအနေအထားအရ တရုတ်၊ အန္ဒိယ၊ အာဆီယံတို့၏ လမ်းဆုံဖြစ်နေပြီး မဟာဗျူဟာမြောက် နိုင်ငံဖြစ်နေကြောင်း၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ မြောက်ကိုရီးယားနှင့် လက်နက်ကုန်သွယ်မှုရှိခြင်း အစရှိသော ကိစ္စများ ဆယ်စုနှစ်နှင့်ချီပြီးရှိခဲ့ကြောင်း ဒေါက်တာ မိုက်ကယ် ဂရင်းက ထောက်ပြသည်။
သို့သော် အပြုသဘောဆိုင်ရာ ခြေလှမ်းများအဖြစ် သမ္မတ ဦးသိန်းစိန် အစိုးရက မြောက်ကိုရီယားနှင့် လက်နက်ဆိုင်ရာ ဆက်ဆံမှုများ မလုပ်တော့ဟု ဆိုသည့် အမည်ခံ လက်နက် မပြန့်ပွားရေးဆိုင်ရာ IAEA (နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ) ၏ စာချုပ်ကို လက်မှတ်ရေးထိုးခြင်း၊ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ စုဝေးခြင်းဆိုင်ရာတို့ကို အတိုင်းအတာ တခုအထိခွင့်ပြုပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် နိုင်ငံရေးပါတီများ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ရခြင်း၊ ပြန်လည် မှတ်ပုံတင်ခွင့်ပေးခြင်းများဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ကြောင်းလည်း သူက ပြောသည်။
ထို့အပြင် သူက သမ္မတ ဦးသိန်းစိန်ကို ရိုးသားသူ၊ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နေသူအဖြစ် မှတ်ချက်ပေး ပြောဆိုပြီး ဒေါ်အောင်ဆန်းစုကြည် သည် သမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့ အကြား အာဏာလွန်ဆွဲပွဲကြားတွင် ခက်ခက်ခဲခဲ ထိန်းညှိလုပ်ဆောင်နေရသည်ဟု ယူဆကြောင်းလည်း သုံးသပ်ပြောဆိုထားသည်။
“ဦးသိန်းစိန်က သဘာဝ အရင်းအမြစ် လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီမှုတွေကို လက်မှတ်ရေးထိုးခဲ့တယ်။ ပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆောင်ကျဉ်းဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ရိုးရိုးသားသား လက်တွဲလုပ်ဆောင်နေတယ်” ဟု သူက ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည်လည်း ယခုအထိ ခက်ခဲနေသေးကြောင်း၊ လွတ်တော်တွင်း ၇၅ ရခိုင်နှုန်းဖြင့် ပြင်ဆင်ခွင့် ရပါကလည်း အဆိုပါ ပြင်ဆင်ခွင့်ကို အတည်ပြုနိုင်ရေး လူထုဆန္ဒခံယူပွဲက နောက်ထပ် တဆင့် ၇၅ ရာခိုင်နှုန်းဖြင့် အနိုင်ရပါမှ ဥပဒေပြင်ဆင်နိုင်မည် ဖြစ်ကြောင်း၊ သို့မဟုတ်ပါက ဒီမိုကရက်တစ်များ အာဏာမရနိုင်ကြောင်း၊ တဖက်တွင်လည်း စစ်ဘက်၊ အစိုးရဘက်နှင့် အတိုက်အခံဘက်တို့ အားလုံးက နောက်ကြောင်းပြန် မလှည့်လိုကြသည်ကို သိရကြောင်း ဒေါက်တာ မိုက်ကယ် ဂရင်းက ဆိုသည်။
သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေရာတွင် တရုတ်နိုင်ငံ၏သြဇာကို ထိန်းညှိရန် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ မြန်မာပြည်သူ လူထု၏ ပြဿနာကို ဖြေရှင်းပေးနိုင်ရေး ကြိုးစားနေပြီး မြန်မာပြည်ကို ကောင်းစေရန် လုပ်ဆောင်နေသည်ဟုလည်း မြင်ကြောင်း သူက မှတ်ချက်ပေးသည်။
မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စု၏ ထိတွေ့ဆက်ဆံရေး မူဝါဒရေးရာနှင့် ပတ်သက်၍ ဒေါက်တာ မိုက်ကယ် ဂရင်းက တခုလုံးခြုံကြည့်က အောင်မြင်သည်ဟု မှတ်ချက်ပေးသော်လည်း မှားယွင်းမှု ၃ ခု ရှိသည်ဟု ယူဆကြောင်း ပြောသည်။
အမေရိကန် အစိုးရအဖွဲ့သည် အပြောကောင်းစွာဖြင့် မြန်မာအစိုးရကို တခါတရံ အလွန်အကျွံ ဖက်လဲတကင်း လုပ်ဆောင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အခိုင်အမာ အားပေးထောက်ခံနေသည့် အမေရိကန်လွှတ်တော်ကိုလည်း လျှော့တွက်ခဲ့ခြင်းသည် ပထမမှားယွင်းမှုဖြစ်ကြောင်း ဒေါက်တာ မိုက်ကယ် ဂရင်းက ဝေဖန်သည်။
ဒုတိယ မှားယွင်းမှုမှာ တရုတ်နှင့် အင်အားချိန်ခွင်လျှာ ညှိလိုသည့်ဗျူဟာ တချိန်ကရှိခဲ့ပြီး တရုတ်၏ဖောက်သည် မြန်မာကို အမေရိကန်က လုယူလိုခဲ့ခြင်းဖြစ်ကြောင်း၊ တတိယ မှားယွင်းချက်မှာ မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများထဲမှ တော်တော်များများကို ချွင်းချက်တစုံတရာ မထားဘဲ ဖြေလျှော့ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုကိစ္စတွင် အမေရိကန် လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုရရေး တခုတည်းကိုသာ ကြည့်ပြီး နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး အပါအ၀င် မဖြေရှင်းရသေးသည့် ပြဿနာတို့တွင် အားနည်းခဲ့ကြောင်း ဝေဖန်ထောက်ပြသည်။
သို့သော် နိုဝင်ဘာလ ၁၉ ရက်နေ့က အမေရိကန် သမ္မတ အိုဘားမား၏ သမိုင်းဝင် မြန်မာခရီးစဉ်သည် အဆိုပါ မှားယွင်းချက်များကို ပြန်လည် ပြင်ဆင်နိုင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား တချို့လွတ်လာခြင်း၊ တရုတ်ကိုလည်း သံသယ ကင်းရှင်းသွားစေခြင်း၊ မြန်မာအနေဖြင့် IAEA နှင့် နောက်ဆက်တွဲ သဘောတူစာချုပ် ချုပ်ဆိုနိုင်စေခဲ့ခြင်း စသည်တို့ဖြင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စု၏ မူဝါဒကို ပြန်လည် ထိန်းညှိပေးနိုင်ခဲ့ကြောင်း သူက ပြောဆိုသွားသည်။
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
December
(893)
- Who's who 2012 -ဒေါ်အောင်ဆန်းစုကြည်
- Who's who 2012- ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်...
- ဖယ်ရီကြိုပို့ယာဉ်တိုက်မိပြီး သေဆုံးခဲ့တဲ့ ရန်ကုန်က...
- တရုတ်သံရုံးနား ဆန္ဒပြသူတွေကို ရုံးတင်စစ်ဆေး
- လုံးခင်း၊ ဖားကန့် ရတနာမြေ လုပ်ကွက်သစ်များ ဈေးပြို...
- ကေအိုင်အိုဌာနချုပ် လိုင်ဇာအနီးတိုက်ပွဲများဆက်လက်ပြ...
- ၀ိုင်းမော်တွင် ဒုက္ခသည်စခန်းများ၌ လူဦးရေ နှစ်ဆတိုးလာ
- မြန်မာ့ရွှေဈေးကျသော်လည်း ငွေလဲနှုန်းအနည်းငယ်မြင့်တက်လာ
- ၂၀၁၄ ခုနှစ် ဇူလိုင်လ ၇ ရက် နောက်ပိုင်းကာလအတွင်း ဒေ...
- သံဃာများကို အကြမ်းဖက် နှိမ်နင်းမှု တစ်လပြည့် အထိမ်း...
- သံဃာများကို အကြမ်းဖက် နှိမ်နင်းမှု တစ်လပြည့် အထိမ်း...
- ဒီဇင်ဘာလ (၂၉) ရက်နေ့ ထုတ် Tech Space နည်းပညာ ဂျာနယ...
- ဒီဇင်ဘာလ (၃၁) ရက်နေ့ ထုတ် The Voice Vol.8 / No.52
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် The People's Age Vol 3 N...
- ဒီဇင်ဘာလ (၂၈) ရက်နေ့ ထုတ် Playmaker အားကစားဂျာနယ် ...
- လိုင်ဇာမြို့တွင်း၌ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်...
- EMBRAER 190 လေယာဉ် ရန်ကုန်လေဆိပ်တွင် စမ်းသပ်မောင်း...
- အိန္ဒိယနိုင်ငံသို့ ချင်းပြည်နယ်မှ ထင်းရှူးသားများ တ...
- NLD ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းမျ...
- » Who's who 2012 - နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
- ၂၀၁၁ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခ...
- GSM တန်ဖိုးနည်း ဖုန်းများတွင် အင်တာနက်ပါ တစ်ပြိုင်...
- တိုင်းဒေသကြီး မိုးစပါး ရိတ်သိမ်းမှုမှာ ယခင်ကထက် ပို...
- အခွန်ငွေ စုစုပေါင်း၏ ၉၇ ရာခိုင်နှုန်းကို ပြည်တွင်း ...
- ကျောက်မျက်ရတနာ ဖော်ထုတ်ကွက်များ လုပ်ကွက် တစ်ခုလျှင...
- ဂျပန်နိုင်ငံမှ Bank of Tokyo Mitsubishi UFJ ၏ ဘဏ်လ...
- ငွေဆောင် ကမ်းခြေ ဟိုတယ်များ၌ ပြည်ပ ခရီးသွား နှစ်သေ...
- Myanmar Countdown 2013 အခမ်းအနား တိုက်ရိုက် ထုတ်လွှ...
- High Availablility Online Systems နှင့် ပတ်သက်၍ ဟေ...
- အမေရိကန် သံရုံးတွင် ချစ်ကြည်ရေး ဘတ်စကက် ဘောပွဲ ကျင...
- အာရှရဲ့ စီးပွားရေးအလားအလာ
- မြဧရာဈေးသင်္ဘော ဖျက်သိမ်းတော့မည်
- ၂၀၁၂ ထူးခြားဖြစ်ရပ်များ အပိုင်း 2
- ၂၀၁၂ ထူးခြားဖြစ်ရပ်များ အပိုင်း ၁
- လက်ပံတောင်းတောင် စီမံကိန်း MEIပညာရှင်အဖွဲ့ ကွင်းဆင...
- အင်တာနက်အသုံးပြုမှု တရုတ် ပိုမိုထိန်းချုပ်
- ပုဂ္ဂလိကပိုင် သတင်းစာတွေ ထုတ်ဝေခွင့်ရမည်
- စပါးဈေးကျလို့ အစိုးရကို အကူအညီတောင်း
- မုဒိမ်းကျင့်ခံခဲ့ရတဲ့ ကျောင်းသူလေး သေဆုံး
- ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ချုပ်ထားသော ဆွယ်တာ သ...
- KIO ဌာနချုပ်အနီး လဂျားယန်တွင် မြေပြင်တိုက်ပွဲ ဖြစ်...
- ဒီချုပ်၏ ပညာရေးရန်ပုံငွေဂီတပွဲ ဒုတိယနေ့ မြင်ကွင်း
- ကဗျာနန်းတော် မှ ကဗျာများ
- တပ်မတော်သားအချို့ ထိုးကြိတ်သဖြင့် ကလေး ၁ ဦး သေဆုံး
- ကျောင်းသူကို အဓမ္မကျင့်သည့် တပ်ကြပ်အား အရပ်ဘက် တရား...
- မိုးထိမိုးမိဒေသရွှေလုပ်သားများ၊ ကုမ္ပဏီနှင့် ထပ်မံညိ...
- ဒီဇင်ဘာလ (၂၆) ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှ...
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် ...
- အစိုးရတပ် လေကြောင်းတိုက်ခိုက်မှုများ လုပ်လာနေပြီဟုဆို
- မြန်မာနိုင်ငံသားတွေ သေဆုံးမှု ထိုင်း ၄ ဦး ကို ထောင်...
- တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတ...
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄...
- ဒီဇင်ဘာလ (၂၈) ရက်နေ့ ထုတ် HR Journal အမှတ်စဉ် (175)
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်...
- အိန္ဒိယတွင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည့် မိန်းက...
- ဒီဇင်ဘာ ၂၈ ရက်နေ့ထုတ် Premier Eleven Sports Journa...
- NLD ပညာရေးကွန်ယက် ရန်ပုံငွေပွဲ ပထမနေ့ လှူဒါန်းငွေ ...
- ကြည်းတပ် ဗိုလ်ကြီးတစ်ဦး အလောင်း လှိုင်မြစ်ရေပြင်တွင...
- ဒီဇင်ဘာ ၂၉ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် သတင်းဂျာနယ်...
- ဒီဇင်ဘာလ(၂၈) ရက် သောကြာနေ့ထုတ် EURO SPORTS JOURNAL...
- ထိုင်းနိုင်ငံရောက် သံဃာများ ကျန်းမာရေး
- ရသေ့တောင် ကျေးရွာအုပ်ချုပ်ရေးမှူးကို ရဲဖမ်း
- မေရိကန် ဘဏ္ဍာရေး အကျပ်အတည်း
- လေယာဉ် မတော်တဆ ပျက်မှု ခရီးသွားလုပ်ငန်း မထိခိုက်နိုင်
- ကျင့်ဝတ်နဲ့ညီတဲ့ ရင်းနှီးမြုပ်နှံမှုဖြစ်ဖို့ သမ္မတ ည...
- လူ့ဘောင်သစ်ပါတီနှင့် အစိုးရတို့ သဘောတူညီချက်များ လ...
- မအူပင်မြို့နယ် တရားရုံးသို့ တရားဥပဒေစိုးမိုးရေးကော...
- လယ်သမားတွေက စစ်တပ်ကို စပါးပေးဖို့ ငြင်းဆန်
- မှုးယစ်ဆေးဝါး နှိမ်နှင်းရေး အကြောင်းပြပြီး စစ်တပ်တေ...
- NLD ဈေးရောင်းပွဲတော်
- ပညာရေး နိမ့်ကျလို့ နိုင်ငံ မတိုးတက်ရတာလို့ ဒေါ်စုေ...
- ခွင့်ပြုမိန့်မရဘဲ ဆန္ဒဖော်ထုတ်တဲ့ သူတွေကို ဥပဒေက ခွ...
- ပတ္တမြား ငမောက်
- နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မ...
- ပညာရေး ရန်ပုံငွေပွဲတွင် အကျဉ်းထောင်တွင်းပုံစံပြ
- ပြည်သူလူထုနားမခါးစေချင်ပါ . . .[မြတ်ဆွေ]
- အစိုးရ တပ်မတော်မှ ပစ်ခတ်သော အမြောက်ဆံ ကျရောက် သဖြင...
- စီတန်းပုဒ်မ ၁၈ နှင့် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ...
- မန္တလေးမြို့တွင် ပုဒ်မ၁၈နှင့် ပုဒ်မ ၅၀၅(ခ) အား လက်မ...
- စနစ်ကြောင့်ဆင်းရဲခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြ...
- တပ်မတော် ပွဲတက်ဝတ်စုံအချို့ ပြောင်းလဲ
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး ရန်ပုံငွေ ရ...
- Air Bagan လေယာဉ်မယ်မခိုင်စုနိုင်၏ လေယာဉ်ပျက်ကျမှု က...
- အဲပုဂံ လေယာဉ် ပျက်ကျရာတွင် သေဆုံးခဲ့သည့် ဆိုင်ကယ်စ...
- ယဉ်ကျေးဖို့ အဖြေရှာ မတွေ့သေးသော လိုင်းကား ယာဉ်မောင...
- လာမည့်နှစ်တွင် လူနေရပ်ကွက်များ လျှပ်စစ်မီးလုံးဝပြတ...
- မိုးညှင်းမြို့အဝင်တွင် ဗုံးပေါက်ကွဲ
- သိန္နီသစ်တောရုံး ဗုံးကွဲ ဦးစီးမှူး ဒဏ်ရာရ
- ပညာရေးကဏ္ဍကိုမြှင့်တင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ...
- ဂျီအက်စ်အမ် ဆင်းကဒ်တွေကို ကျပ် ၁ သိန်း၊ (WCDMA) ဆင...
- အိမ်ရာမူဝါဒနှင့် တန်ဖိုးနည်းအိမ်ရာ
- ကျေက်ဖြူဒုက္ခသည်စခန်းတွင် ရခိုင်မိသားစု၃၆စုကျန်ရှိ
- ဒေသအာဏာပိုင်များ ဆောင်ရွက်ပုံက ရခိုင်များကို တောခု...
- ရခိုင်ထူထောင်ရေးအတွက် အစိုးရသစ်မ၀ယ်၍ ပုဂ္ဂလိက သစ်စက...
- ဦးသိန်းစိန်ပြောတဲ့ပြုပြင်ရေး ထင်သလောက်မလွယ်ကူ
- အမေရိကန်မှာ နှင်းမုန်တိုင်းကျ
- ဝမ်ပေါင်ရဲ့ မိခင်ကုမ္ပဏီ အကြီးအကဲနဲ့ လွှတ်တော်ကိုယ်...
- အဂတိလိုက်စားမှု တိုက်ဖျက်ရေး သမ္မတဦးသိန်းစိန် ဆော်သြ
- ဧည့်လမ်းညွှန်များ စာရင်းကို သတင်းစာတွင် မှားယွင်းေ...
- စက္ကန့် ၉၀အတွင်း ခရီးသည်တွေ အကုန်ကို ကယ်တင်နိုင်ခဲ့...
-
▼
December
(893)
No comments:
Post a Comment