Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Friday, 14 December 2012
အမျိုးသား ပြန်လည်သင့်မြတ်ရေး မျှော်လေလေဝေး
ကချင်ပြည်နယ် အတွင်း သမ္မတ ဦးသိန်းစိန် အစိုးရ လက်အောက်ခံ မြန်မာ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) တို့အကြား တိုက်ခိုက်မှုများ ပြန်လည် ဖြစ်ပွား ခဲ့သည်မှာ တစ်နှစ်ကျော် ကြာခဲ့ပါပြီ။ ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေးကို အဆုံးသတ် ပစ်ခဲ့သော ထိုတိုက် ခိုက်မှုများကား ထောင်ပေါင်းများစွာ သော ဒုက္ခသည် များနှင့် နေရပ်စွန့် ခွာထွက်ပြေးရသူ များကို ဖန်တီးခဲ့ ပြီး ကချင်ပြည်နယ်ကို မြန်မာနိုင်ငံ အတွင်း အရပ်သားများ အတွက် အန္တရာယ် အထူပြောဆုံး နေရာ တစ်ခု ဖြစ်အောင် လုပ်ဆောင် ခဲ့သည်။
ကျွန်တော်သည် ကချင်ပြည် နယ်မှဖြစ်ပြီး ဒုက္ခသည်များအကြား တွင် စေတနာ လုပ်အားပေးတစ်ဦး အဖြစ် လောလောဆယ် နေထိုင်လျက် ရှိသည်။ ဤဒုက္ခသည်များအတွက် အနာဂတ်ဆိုသည်မှာ မျှော်လင့်ချက် နည်းနည်း မျှသာ ရှိပါသည်။ မကြာခင်တစ်ချိန်ချိန်တွင် သူတို့၏ နေအိမ်များသို့ ပြန်နိုင်လိမ့်မည် ဟူ သော မျှော်လင့်ချက် နည်း နည်းလေး ဖြစ်ပါသည်။ ဤကြောက်မက်ဖွယ်ရာ လုံခြုံမှုကင်းမဲ့သော အခြေအနေတွင် ကလေး အများအပြား မှာ ကျောင်း တက်ရန် မတတ်နိုင်ကြပါ။
မြန်မာနိုင်ငံ၏ ဤတိုက်ပွဲဒဏ် ခံဒေသမှ ဒေသခံပြည်သူများ အတွက် အမေရိကန်သမ္မတဘားရက်အိုဘားမား ၏ မကြာမီက ဤတိုင်းပြည်သို့ လာရောက်သည့် သမိုင်းဝင်ခရီးစဉ် မှ မည်သို့သော မျှော်လင့်ချက်မျှ ထွက်ပေါ် မလာခဲ့ပါ။ အိုဘားမားက ရန်ကုန်တက္ကသိုလ်၌ မိန့်ခွန်းပြော ကြားရာတွင် ကချင်ပဋိပက္ခကို ထည့်သွင်း ဖော်ပြသွားသဖြင့် ကချင် အတော်များများ ပျော်ရွှင်နေကြစဉ် ဤရည်ညွှန်းပြောဆိုမှုက မြန်မာ အစိုးရကို ဤဒေသသို့ စစ်တပ်များ တိုးပို့အောင် ဆွပေးသလို များ ဖြစ်လေမလားဟု ခံစားနေရသူများလည်း ရှိနေပါသည်။
မကြာသေးမီ အစိုးရက ဤ ဒေသသို့ နောက်ထပ်တပ်များ ထောင်ချီပို့ခဲ့ပြီးနောက် ကချင်ပြည် နယ်တွင်း နေရာ အတော် များများတွင် တိုက်ခိုက်မှုများ ပိုမိုပြင်းထန်ခဲ့ပါ သည်။ ထို့ပြင် ကပ်လျက်ရှိသော မြောက်ပိုင်း ရှမ်းပြည်တွင်လည်း အလားတူဖြစ်ခဲ့ပါသည်။ အခြေအနေက ပို၍ပင် ဆိုးရွားလာခဲ့သည်။ အစိုးရ တပ်များနှင့် ကေအိုင်အို သူပုန် များကြား တိုက်ပွဲများနေ့စဉ်ပေါက် ကွဲဖြစ်ပွားနေပြီး အရပ်သားများမှာ ကျွဲနှစ်ကောင် ခတ်သည့်ကြားမှ မြေစာပင် ဖြစ်နေရပါသည်။
ရွာသားထောင်ပေါင်းများစွာမှာ သူတို့၏ နေအိမ်နှင့် လယ်ယာများ ကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။ အိမ်ရာပစ္စည်း အတော်များများမှာ အစိုးရတပ်များ၏ ဖျက်ဆီးခံကြရ သို့မဟုတ် တစ်တိတစ်တိ ခိုးယူခံကြ ရပါသည်။ အမျိုးသမီးများနှင့် ကလေးများအပါအဝင် ရွာသူရွာ သားအများအပြားမှာ ယခုအခါ ကချင်ပြည်နယ် တွင်း ခြေခင်း လက်ခင်း မသာသော တောကြိုအုံကြား တွင် ကုတ်တွယ်နေကြရပါသည်။ ထိုနေရာတွင် အေးခဲသော ရာသီဥတုဒဏ်ကို သူတို့ခံကြ ရသည်။ အမိုးအကာနေစရာ မရှိ၊ ရှားပါးသော အစားအစာ အထောက်အပံ့များ ကိုသာ မှီခိုနေကြရသည်။ စစ်သားများ၏ မတော်မတရားပြုမှုနှင့် အကြမ်းဖက် မှုများကို ကြုံတွေ့နေကြရသည်။
အစိုးရတပ်များ အတွက် ခဲယမ်း မီးကျောက်များ အတင်းအဓမ္မ သယ်ခိုင်းခြင်းနှင့် မိုင်းကာဒိုင်းများသဖွယ် လုပ်ဆောင် ခိုင်းခြင်းများ ခံစားနေ ကြကြောင်း၊ ဒေသခံပြည်သူ များက ကျွန်တော့်ကို ပြောပြကြသည်။ ဗလက္ကာရ ပြုမှုနှင့် ညှဉ်းပန်းနှိပ်စက်မှု သတင်းများလည်း ကြားခဲ့ရ သည်။ တစ်ဖက်တွင်လည်း ကေအိုင်အို တပ်မှူးများ က ကျေးရွာသူ ကျေး ရွာသားများကို စစ်သားအဖြစ် အမှုထမ်းရန် ဆက်လက်စုဆောင်း နေကြပါသည်။ မကြာသေး မီက ဒုတိယကမ္ဘာစစ် အတွင်း ကျော်ကြားခဲ့သော လီဒိုလမ်းမပေါ်မှ ကာမိုင်းရွာကလေးတွင် အစိုးရတပ်များက လယ်သမားများ ကို ဝါးတုတ်များ ဖြင့် ရိုက်နှက်ညှဉ်း ပန်း မေးမြန်း စစ်ကြော ခဲ့ကြကြောင်း ဤအဖြစ်အပျက် ကို သိမြင်သူများ၏ အဆိုအရ ကြားသိရပါသည်။
လူ့အခွင့်အရေးချိုးဖောက်မှုများ အနှံ့အပြားရှိနေလင့်ကစား သမ္မတ ဦးသိန်းစိန်အစိုးရက ညှိနှိုင်းဖျန်ဖြေ သူများမှ တစ်ဆင့် ကေအိုင်အိုခေါင်း ဆောင်များနှင့် မကြာမီက ဆွေးနွေး မှုများအပါအဝင် နိုင်ငံရေးနည်းဖြင့် ပဋိပက္ခ ပြေငြိမ်းအောင် ရည်ရွယ် လုပ်ဆောင်နေကြောင်း ပြောခဲ့သည်။ သို့တစေ ဆွေးနွေး မှုများ ပြုလုပ်စဉ်နှင့် ပြုလုပ် အပြီးတွင် နောက်ထပ် တပ်သားထောင်နှင့်ချီ၍ ပို့လိုက်ကြပြန်ပါသည်။
ဆွေးနွေးပွဲများ အကြိမ်ကြိမ် အလီလီလုပ်နေသော်ငြား အစိုးရ အနေဖြင့် အဆုံးတွင် ပဋိပက္ခကို စစ်ရေးနည်းဖြင့် ဖြေရှင်းရန် ရည်ရွယ် ထားသည်ဟု ကချင်ပြည်သူ အများအပြားက ခံစားနားလည်နေကြ သည်။ တိုက်ခိုက်မှုများ အရှိန်မြင့် လာခြင်းက ကချင်ပြည်နယ်တွင်း အခြေအနေများကို အန္တရာယ်နှင့် အခက်အခဲများ ဖြစ်ပေါ်စေခဲ့သည်။ ထိခိုက်ခံရသည့် ကျေး ရွာများတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး သာမက အစိုးရက ချမှတ် ထားသည့် ညမထွက်ရ အမိန့်များကြောင့် လွတ်လပ်စွာ သွားလာ လှုပ်ရှားခွင့်ကဲ့သို့ သော အခြေခံ လွတ်လပ်ခွင့်များ ပါ ဆုံးရှုံးနေကြရသည်။
ကေအိုင်အို အဓိက ထိန်းချုပ်ထားရာ ရှေ့တန်းနယ်မြေများသို့ အစိုးရက တပ်များထောင်သောင်းချီ ဖြန့်ချထား သော်လည်း တည်ငြိမ်မှု ကင်းမဲ့သော မြေဒေသများကို တည် ငြိမ်လုံခြုံအောင် မလုပ်နိုင်ခဲ့ချေ။ ဒေသခံ ကျေးရွာ သားများမှာ အခွင့် အရေးချိုးဖောက်မှုများသာ ခံစားခဲ့ ကြရပြီး ဒေသခံအန်ဂျီအိုအဖွဲ့များနှင့် ခရစ်ယာန် ဘုရားရှိခိုးကျောင်းများမှ တည်ထောင်ထိန်းသိမ်းထားသည့် ယာယီသုံး ဒုက္ခသည်စခန်းများကိုသာ တိုးပွားလာ စေခဲ့သည်။
တကယ်ပင် ကချင်ပြည်နယ်ရှိ ပြည်သူအများက ဤတိုက်ခိုက်မှု များကို အလိုမရှိကြပါ။
ကချင်ပြည်နယ်တွင် ငြိမ်းချမ်း ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အစိုးရက အမှန်တကယ် ရိုးသားစွာ ပြန်လည် ထိန်းသိမ်းပေးမည် ဆိုပါက ဒေသခံပြည် သူများ၏ နှလုံးစိတ် ဝမ်းအေးချမ်းအောင် အားထုတ် လုပ်ဆောင်ရပါ လိမ့်မည်။ ယခုမူ ဒေသခံ ကျေးရွာသားများအဖို့ သူတို့၏ အသက်မွေးဝမ်းကျောင်းမှုကို ဖျက်ဆီးပြုလုပ်ရန် စစ်သားများ ပို့လွှတ် ခဲ့သည်ဟု ခံစားနေကြရသည်။ တုံ့ပြန် လက်စားချေမည် စိုး၍ တပ်သား များကို မျက်လုံးချင်း ဆိုင်၍ပင် မကြည့်ဝံ့ကြောင်း သူတို့က ပြော ကြပါသည်။
ကချင်လူမျိုးအများအပြားက သူတို့၏ ယုံကြည်ကိုးကွယ်မှုနှင့် ဇာတိမျိုးနွယ်ကြောင့် ဆယ်စုနှစ်ပေါင်း များစွာ ခွဲခြား ဆက်ဆံခံခဲ့ရသည်ဟု ခံစားနေကြရသည်။ အစိုးရ၏ ငြိမ်း ချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်ရေး ကြိုးပမ်းမှု များကို ယုံကြည်သူ အနည်းငယ်သာရှိပါသည်။ အများ စုကမူ ကေအိုင်အိုသည် အစိုးရနှင့် ၁၉၉၄ ခုနှစ်ကပင် အပစ်အခတ်ရပ် စဲရေး လက်မှတ်ထိုးခဲ့ပြီးဖြစ်ကြောင်း မှတ်ချက်ချကြပါသည်။
ကချင်ပြည်သူများအနေဖြင့် တိုက်ခိုက်မှုများကို စိတ်ကုန်၍ ငြိမ်း ချမ်းရေးကိုလိုလားသည်မှာ သေချာ ပါသည်။ သို့တစေ ကချင်ပြည် နယ်တွင် သာမက မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး အောင်မြင်မှု ရရှိရန်မှာ အစိုးရ အနေဖြင့် တိုင်းပြည်၏ မဖြေရှင်းရ သေးသော လူမျိုးစုပဋိပက္ခများကို နိုင်ငံရေး အဖြေ ရရှိရန် ရည်ရွယ်၍ မူဘောင်တစ်ခု ထူထောင်ရမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ခန့်မှန်းခြေ တိုင်းရင်းသားလူမျိုးစု ၁၃၅ ခုလုံး က တရားမျှတမှု၊ တန်းတူမှုနှင့် လွတ်လပ်မှု တို့ကို ခေတ်မီငြိမ်းချမ်း သော မြန်မာနိုင်ငံသစ်ကြီးတွင် ခံစားချင်ကြပါသည်။ သို့တစေ ကချင်ပြည်နယ်အတွင်း အစိုးရ၏ အင်အား အလွန်အကျွံသုံးမှုနှင့် အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ပြုလုပ်နေခြင်းကြောင့် အမျိုးသားပြန် လည်သင့်မြတ်ရေးမှာ မျှော်လေလေဝေးနေပေဦးတော့မည်။
အမျိုး အမည်..များ
ပြည်တွင်းသတင်းများ,
ဆောင်းပါး
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
December
(893)
- Who's who 2012 -ဒေါ်အောင်ဆန်းစုကြည်
- Who's who 2012- ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်...
- ဖယ်ရီကြိုပို့ယာဉ်တိုက်မိပြီး သေဆုံးခဲ့တဲ့ ရန်ကုန်က...
- တရုတ်သံရုံးနား ဆန္ဒပြသူတွေကို ရုံးတင်စစ်ဆေး
- လုံးခင်း၊ ဖားကန့် ရတနာမြေ လုပ်ကွက်သစ်များ ဈေးပြို...
- ကေအိုင်အိုဌာနချုပ် လိုင်ဇာအနီးတိုက်ပွဲများဆက်လက်ပြ...
- ၀ိုင်းမော်တွင် ဒုက္ခသည်စခန်းများ၌ လူဦးရေ နှစ်ဆတိုးလာ
- မြန်မာ့ရွှေဈေးကျသော်လည်း ငွေလဲနှုန်းအနည်းငယ်မြင့်တက်လာ
- ၂၀၁၄ ခုနှစ် ဇူလိုင်လ ၇ ရက် နောက်ပိုင်းကာလအတွင်း ဒေ...
- သံဃာများကို အကြမ်းဖက် နှိမ်နင်းမှု တစ်လပြည့် အထိမ်း...
- သံဃာများကို အကြမ်းဖက် နှိမ်နင်းမှု တစ်လပြည့် အထိမ်း...
- ဒီဇင်ဘာလ (၂၉) ရက်နေ့ ထုတ် Tech Space နည်းပညာ ဂျာနယ...
- ဒီဇင်ဘာလ (၃၁) ရက်နေ့ ထုတ် The Voice Vol.8 / No.52
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် The People's Age Vol 3 N...
- ဒီဇင်ဘာလ (၂၈) ရက်နေ့ ထုတ် Playmaker အားကစားဂျာနယ် ...
- လိုင်ဇာမြို့တွင်း၌ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်...
- EMBRAER 190 လေယာဉ် ရန်ကုန်လေဆိပ်တွင် စမ်းသပ်မောင်း...
- အိန္ဒိယနိုင်ငံသို့ ချင်းပြည်နယ်မှ ထင်းရှူးသားများ တ...
- NLD ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းမျ...
- » Who's who 2012 - နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
- ၂၀၁၁ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခ...
- GSM တန်ဖိုးနည်း ဖုန်းများတွင် အင်တာနက်ပါ တစ်ပြိုင်...
- တိုင်းဒေသကြီး မိုးစပါး ရိတ်သိမ်းမှုမှာ ယခင်ကထက် ပို...
- အခွန်ငွေ စုစုပေါင်း၏ ၉၇ ရာခိုင်နှုန်းကို ပြည်တွင်း ...
- ကျောက်မျက်ရတနာ ဖော်ထုတ်ကွက်များ လုပ်ကွက် တစ်ခုလျှင...
- ဂျပန်နိုင်ငံမှ Bank of Tokyo Mitsubishi UFJ ၏ ဘဏ်လ...
- ငွေဆောင် ကမ်းခြေ ဟိုတယ်များ၌ ပြည်ပ ခရီးသွား နှစ်သေ...
- Myanmar Countdown 2013 အခမ်းအနား တိုက်ရိုက် ထုတ်လွှ...
- High Availablility Online Systems နှင့် ပတ်သက်၍ ဟေ...
- အမေရိကန် သံရုံးတွင် ချစ်ကြည်ရေး ဘတ်စကက် ဘောပွဲ ကျင...
- အာရှရဲ့ စီးပွားရေးအလားအလာ
- မြဧရာဈေးသင်္ဘော ဖျက်သိမ်းတော့မည်
- ၂၀၁၂ ထူးခြားဖြစ်ရပ်များ အပိုင်း 2
- ၂၀၁၂ ထူးခြားဖြစ်ရပ်များ အပိုင်း ၁
- လက်ပံတောင်းတောင် စီမံကိန်း MEIပညာရှင်အဖွဲ့ ကွင်းဆင...
- အင်တာနက်အသုံးပြုမှု တရုတ် ပိုမိုထိန်းချုပ်
- ပုဂ္ဂလိကပိုင် သတင်းစာတွေ ထုတ်ဝေခွင့်ရမည်
- စပါးဈေးကျလို့ အစိုးရကို အကူအညီတောင်း
- မုဒိမ်းကျင့်ခံခဲ့ရတဲ့ ကျောင်းသူလေး သေဆုံး
- ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ချုပ်ထားသော ဆွယ်တာ သ...
- KIO ဌာနချုပ်အနီး လဂျားယန်တွင် မြေပြင်တိုက်ပွဲ ဖြစ်...
- ဒီချုပ်၏ ပညာရေးရန်ပုံငွေဂီတပွဲ ဒုတိယနေ့ မြင်ကွင်း
- ကဗျာနန်းတော် မှ ကဗျာများ
- တပ်မတော်သားအချို့ ထိုးကြိတ်သဖြင့် ကလေး ၁ ဦး သေဆုံး
- ကျောင်းသူကို အဓမ္မကျင့်သည့် တပ်ကြပ်အား အရပ်ဘက် တရား...
- မိုးထိမိုးမိဒေသရွှေလုပ်သားများ၊ ကုမ္ပဏီနှင့် ထပ်မံညိ...
- ဒီဇင်ဘာလ (၂၆) ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှ...
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် ...
- အစိုးရတပ် လေကြောင်းတိုက်ခိုက်မှုများ လုပ်လာနေပြီဟုဆို
- မြန်မာနိုင်ငံသားတွေ သေဆုံးမှု ထိုင်း ၄ ဦး ကို ထောင်...
- တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတ...
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄...
- ဒီဇင်ဘာလ (၂၈) ရက်နေ့ ထုတ် HR Journal အမှတ်စဉ် (175)
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်...
- အိန္ဒိယတွင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည့် မိန်းက...
- ဒီဇင်ဘာ ၂၈ ရက်နေ့ထုတ် Premier Eleven Sports Journa...
- NLD ပညာရေးကွန်ယက် ရန်ပုံငွေပွဲ ပထမနေ့ လှူဒါန်းငွေ ...
- ကြည်းတပ် ဗိုလ်ကြီးတစ်ဦး အလောင်း လှိုင်မြစ်ရေပြင်တွင...
- ဒီဇင်ဘာ ၂၉ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် သတင်းဂျာနယ်...
- ဒီဇင်ဘာလ(၂၈) ရက် သောကြာနေ့ထုတ် EURO SPORTS JOURNAL...
- ထိုင်းနိုင်ငံရောက် သံဃာများ ကျန်းမာရေး
- ရသေ့တောင် ကျေးရွာအုပ်ချုပ်ရေးမှူးကို ရဲဖမ်း
- မေရိကန် ဘဏ္ဍာရေး အကျပ်အတည်း
- လေယာဉ် မတော်တဆ ပျက်မှု ခရီးသွားလုပ်ငန်း မထိခိုက်နိုင်
- ကျင့်ဝတ်နဲ့ညီတဲ့ ရင်းနှီးမြုပ်နှံမှုဖြစ်ဖို့ သမ္မတ ည...
- လူ့ဘောင်သစ်ပါတီနှင့် အစိုးရတို့ သဘောတူညီချက်များ လ...
- မအူပင်မြို့နယ် တရားရုံးသို့ တရားဥပဒေစိုးမိုးရေးကော...
- လယ်သမားတွေက စစ်တပ်ကို စပါးပေးဖို့ ငြင်းဆန်
- မှုးယစ်ဆေးဝါး နှိမ်နှင်းရေး အကြောင်းပြပြီး စစ်တပ်တေ...
- NLD ဈေးရောင်းပွဲတော်
- ပညာရေး နိမ့်ကျလို့ နိုင်ငံ မတိုးတက်ရတာလို့ ဒေါ်စုေ...
- ခွင့်ပြုမိန့်မရဘဲ ဆန္ဒဖော်ထုတ်တဲ့ သူတွေကို ဥပဒေက ခွ...
- ပတ္တမြား ငမောက်
- နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မ...
- ပညာရေး ရန်ပုံငွေပွဲတွင် အကျဉ်းထောင်တွင်းပုံစံပြ
- ပြည်သူလူထုနားမခါးစေချင်ပါ . . .[မြတ်ဆွေ]
- အစိုးရ တပ်မတော်မှ ပစ်ခတ်သော အမြောက်ဆံ ကျရောက် သဖြင...
- စီတန်းပုဒ်မ ၁၈ နှင့် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ...
- မန္တလေးမြို့တွင် ပုဒ်မ၁၈နှင့် ပုဒ်မ ၅၀၅(ခ) အား လက်မ...
- စနစ်ကြောင့်ဆင်းရဲခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြ...
- တပ်မတော် ပွဲတက်ဝတ်စုံအချို့ ပြောင်းလဲ
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး ရန်ပုံငွေ ရ...
- Air Bagan လေယာဉ်မယ်မခိုင်စုနိုင်၏ လေယာဉ်ပျက်ကျမှု က...
- အဲပုဂံ လေယာဉ် ပျက်ကျရာတွင် သေဆုံးခဲ့သည့် ဆိုင်ကယ်စ...
- ယဉ်ကျေးဖို့ အဖြေရှာ မတွေ့သေးသော လိုင်းကား ယာဉ်မောင...
- လာမည့်နှစ်တွင် လူနေရပ်ကွက်များ လျှပ်စစ်မီးလုံးဝပြတ...
- မိုးညှင်းမြို့အဝင်တွင် ဗုံးပေါက်ကွဲ
- သိန္နီသစ်တောရုံး ဗုံးကွဲ ဦးစီးမှူး ဒဏ်ရာရ
- ပညာရေးကဏ္ဍကိုမြှင့်တင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ...
- ဂျီအက်စ်အမ် ဆင်းကဒ်တွေကို ကျပ် ၁ သိန်း၊ (WCDMA) ဆင...
- အိမ်ရာမူဝါဒနှင့် တန်ဖိုးနည်းအိမ်ရာ
- ကျေက်ဖြူဒုက္ခသည်စခန်းတွင် ရခိုင်မိသားစု၃၆စုကျန်ရှိ
- ဒေသအာဏာပိုင်များ ဆောင်ရွက်ပုံက ရခိုင်များကို တောခု...
- ရခိုင်ထူထောင်ရေးအတွက် အစိုးရသစ်မ၀ယ်၍ ပုဂ္ဂလိက သစ်စက...
- ဦးသိန်းစိန်ပြောတဲ့ပြုပြင်ရေး ထင်သလောက်မလွယ်ကူ
- အမေရိကန်မှာ နှင်းမုန်တိုင်းကျ
- ဝမ်ပေါင်ရဲ့ မိခင်ကုမ္ပဏီ အကြီးအကဲနဲ့ လွှတ်တော်ကိုယ်...
- အဂတိလိုက်စားမှု တိုက်ဖျက်ရေး သမ္မတဦးသိန်းစိန် ဆော်သြ
- ဧည့်လမ်းညွှန်များ စာရင်းကို သတင်းစာတွင် မှားယွင်းေ...
- စက္ကန့် ၉၀အတွင်း ခရီးသည်တွေ အကုန်ကို ကယ်တင်နိုင်ခဲ့...
- ရင်းနှီးမြှုပ်နှံမှု အကြပ်အတည်းများ၊ လူ့အခွင့်အရေး ...
- အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးအဖြစ် ဂျွန်ကယ်ရီကို...
- အစိုးရ အုပ်ချုပ်ရေး ယန္တရား ပြုပြင်ပြောင်းလဲရန် သမ္မ...
- ၂၀၁၂ ခုနှစ် အတွင်း ကုန်သွယ်မှု ကဏ္ဍတွင် အကျိုးအမြတ် န...
- လာမည့်နှစ်၌ SME လုပ်ငန်းများ တိုးတက်အောင် ကာကွယ်ေ...
- ဆင်ဆာမဲ့ ဗီဒီယို ဖမ်းဆီးမှု အမှုပေါင်း ၆၅၅ ခု ရှိခဲ့
- တရားမ၀င် ကုန်သွယ်မှုအား အရေးယူ ဆောင်ရွက်သွားမည်
- နေရာ ၅ ခု၌ တန်ဖိုးနည်း ဖုန်းများ စတင်ချထား ပေးမည်
- လာမည့် နွေရာသီ ကာလတွင် ပုံမှန်အပူချိန်ထက် ပိုမြင့်...
- Myanmar Countdown 2013 ၀င်ခွင့်လက်မှတ်များ ထုတ်ယူန...
- ရှေးဟောင်း ဘုရားများကိုပါ ပူဇော်ခံ ထားရှိ
- Black Box စစ်ဆေးပြီးမှသာ လေယာဉ်ပျက်ကျမှု အဖြေသိမည်ဟ...
- မနွယ်လင်းရှိန်၏ မောင်ဖြစ်သူ ကိုလှကျော်ရှိန်နှင့်ေ...
- ဆင်ဘိုမြို့က လူငယ်သုံးယောက် တရုတ်ပြည်မှာ ရောင်းစားခံရ
- မိန်းမပျို ရောင်းစားနေတဲ့ မြန်မာ ၂ ဦး ထိုင်းအာဏာပ...
- ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် အတွက် သရုပ်ဆောင်၂၁ဦး ...
- ထန်းတပင်မြို့နယ်မှာ သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း ပိုက်...
- ရခိုင်ပါတီ မသီတာထွေးရဲ့ ရုပ်ပုံနဲ့ ပြက္ခဒိန်ထုတ်ဝေမ...
- သျှမ်းပြည်စစ်ဘေးရှောင်များ အုပ်စုလိုက်ပြည်တော်ပြန်...
- ရခိုင် အမျိုးသမီး တဦး လမ်းပြ ခေါ်ဆောင် လာသော ခိုးဝင...
- ပုသိမ်မြို့နယ်ရှိ မြန်မာလင်းဝင်းကြီးရွာတွင် စိုက်ဘ...
- တာဝန်ကျ သားဖွားဆရာမ၏ တာဝန်မဲ့မှုကြောင့် ကလေးမိခင်သေ...
- ဤမြေနှင့် ဤအရပ်တွင် စိတ်ချလက်ချ နာဖျားခွင့် မရှိ
- မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီ...
- အဲပုဂံလေယာဉ် မြူနှင်းကြောင့် ကွင်းမှားဆင်း၊ အမြီးပ...
- တော်ဝင်စက်ရုံ တာဝန်ရှိသူများက ဒဏ်ရာရအလုပ်သမားများအ...
- ဒီဇင်ဘာလ (၂၇)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊...
- ဒီဇင်ဘာလ (၂၇)ရက်နေ့ ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၃)...
-
▼
December
(893)

No comments:
Post a Comment