Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 2 January 2013

နှစ်ပေါင်း ၃၀ ကျော် ပိတ်ထားပြီးနောက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ခု စတင်ပြန်လည် ဖွင့်လှစ်နေ


၁၉၈၂ ခုနှစ် အထိ ဘုန်းတော်ကြီးသင် ပညာရေး စနစ်ကို သင်ကြား ပေးခဲ့ပြီး နောက်ပိုင်းမှာ အကြောင်း အမျိုးမျိုးကြောင့် ပိတ်ထားခဲ့တဲ့ အောင်မင်္ဂလာ
ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းဟာ ယခုအခါ ကျောင်းသားပေါင်း ၁၆၀ ကျော်နဲ့ ပြန်လည် ဖွင့်လှစ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အောင်မင်္ဂလာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ပြန်လည် ဖွင့်လှစ်ခွင့်ပြုတဲ့ အမိန့်စာ ပေးအပ်ပွဲ ကိုတော့ ဇန်န၀ါရီလ ၁ ရက်နေ့က လှိုင်သာယာ မြို့နယ်၊ ညောင်ကျေးရွာရှိ အောင်မင်္ဂလာ ကျောင်းတိုက်မှာ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ကျောင်းကို သာသနာရေး ၀န်ကြီးဌာန၊ သာသနာတော် ထွန်းကား ပြန့်ပွားရေး ဦးစီးဌာန မှ ဖွင့်လှစ် ခွင့်ပြုခဲ့တာ ဖြစ်ပြီး ဖွင့်ပွဲကိုတော့ ရန်ကုန်တိုင်း ဒေသကြီး၊ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု  ကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဆရာတော်နဲ့ တိုင်းအဖွဲ့ဝင် ဆရာတော် သံဃာတော်များမှ ကြွရောက် ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းမှာ ကလေး သူငယ်များကို မူလတန်း အထိ ပညာသင်ကြား ပေးမှာဖြစ်ပြီး အတန်းကျောင်း ပညာရေးကို တက်ရန် အစဉ်မပြေတဲ့ ကလေးငယ် တွေနဲ့ ငွေကြေး မတက်နိုင်တဲ့ ကလေးငယ် တွေကို သင်ကြားပေးမှာ ဖြစ်ပါတယ်။

ဒီလို သင်ကြားရာ မှာတော့ ဆရာ၊ ဆရာမ ၉ ယောက်မှ သင်ကြားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကျောင်းမှာ တာဝန်ရှိသူရဲ့ပြောပြချက် အရ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းမှာ ပညာရေး ၀န်ကြီးဌာနမှ ချမှတ်ထားတဲ့ သင်ရိုးညွှန်းတန်းတွေ အပြင် ကလေး သူငယ်တွေ ယဉ်ကျေး လိမ်မာမှုရှိ စေဖို့အတွက် ကိုယ့်ကျင့်တရား ကောင်းမွန်စေရေး စတဲ့ တရားများ ကိုလည်း သင်ကြားပေး မှာဖြစ်ပါတယ်။ ယခု ပြုလုပ်ခဲ့တဲ့ ကျောင်းဖွင့်ပွဲ မှာတော့ လှိုင်သာယာ မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နဲ့ အလှူရှင်များက ကျောင်းသား၊ ကျောင်းသူများ အတွက် ဗလာစာအုပ် ဒါဇင်တစ်ရာကို လှူဒါန်းခဲ့ပြီး ဆရာတော် သံဃာတော်များ အတွက် လှူဖွယ်ဝတ္ထု ဆက်ကပ် လှူဒါန်းခြင်း များလည်း ပြုလုပ်ခဲ့ တယ်လို့ သတင်း ရရှိပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့