၂၀၁၃ ခုနှစ် ဇန်န၀ါလ ၁ ရက်နေ့မှာ ရန်ကုန်မြို့ လသာ မြို့နယ်ရှိ CB Bank ရုံးချုပ်မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှာ CB Bank မှ တာဝန်ရှိသူ
တစ်ဦးရဲ့ ပြောကြားချက် အရ ၁ ရက် ၁ လ ၂၀၁၃ ခုနှစ်မှ စတင်ကာ CB Bank ရဲ့ ATM စက် အလုံး ၅၀ မှာ Union Pay ကတ်တွေနဲ့ အသုံးပြုပြီး စတင်ငွေ ထုတ်ယူ နိုင်တယ်လို့ သိရပါတယ်။ အဆိုပါ Union Pay Card ဟာ ရှန်ဟိုင်း အခြေစိုက် လုပ်ငန်း တစ်ခု ဖြစ်ပါတယ်။
အခုလို ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်ကြီး တစ်ခု ဖြစ်တဲ့ CB Bank နဲ့ကမ္ဘာ့တစ်ဝှမ်း သုံးစွဲနေတဲ့ Union Pay ကဒ် တို့ကြား ပူးပေါင်း ဆောင်ရွက်မှု တွေကြောင့် ပြည်ပ ခရီးသွားများနဲ့ စီပွားရေး လုပ်ငန်းရှင် များဟာ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ပါက များစွာ အစဉ်ပြေမှာ ဖြစ်ပါတယ်။ အဆိုပါ Union Pay Card နဲ့ငွေထုတ်ယူပါက ၁ ကြိမ်ကို ငွေကျပ် သုံးသိန်း အထိထုတ် နိုင်ပြီး တစ်နေ့ကို ငွေကျပ် တစ်ဆယ်သိန်း ထုတ်ယူ နိုင်မှာ ဖြစ်ပါတယ်။ ဒီလို ငွေထုတ်ယူတဲ့ အတွက် ၀န်ဆောင်ခ ကိုတော့ ငွေကျပ် ငါးထောင် သတ်မှတ် ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:
Post a Comment