Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Wednesday, 2 January 2013
ဓာတ်အားထုတ်လုပ်မှု လျော့လာသဖြင့် ရန်ကုန်မြို့တွင်း စက်မှုဇုန်များကို လျှပ်စစ်မီး စဖြတ်
လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လျော့ကျလာသည့်အတွက် ရန်ကုန်မြို့တွင်းရှိ စက်မှုဇုန်များတွင် ဇန်န၀ါရီ ၁ ရက်နေ့မှ စတင်ကာ လျှပ်စစ်မီး ဖြတ်တောက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
လျှပ်စစ်မီးကို ညနေ ၄ နာရီမှ ည ၁၁ နာရီအထိ တနေ့လျှင် ၇ နာရီကြာ ရက် အကန့်အသတ်မရှိ ဖြတ်တောက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်၏ တရားဝင်ပြောဆိုချက်အရ သိရကြောင်း လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။
“ခြောက်သွေ့ ရာသီ ရောက်လာတဲ့အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လျော့လာတော့ မီးဖြတ်တောက်ရတာပါ။ ပြည်သူတွေကို ဦးစားပေးရမယ်” ဟု ဦးအောင်ခိုင်က ဆိုကြောင်း သိရသည်။
စက်မှုဇုန်များတွင် လျှပ်စစ်မီး ဖြတ်တောက်ပါက စက်ရုံများတွင် ဒီဇယ်မီးစက်များဖြင့် လည်ပတ်ရမည် ဖြစ်သောကြောင့် ကုန်ဈေးနှုန်းများ တက်လာနိုင်ပြီး စက်ရုံလည်ပတ်မှုကို ထိခိုက်မှုရှိနိုင်သော်လည်း လျှပ်စစ်မီးလျှော့ပေးမည်ကို ကြေညာသည့် အတွက် ကြိုတင်စီစဉ်ရန် လွယ်ကူကြောင်း ဦးမြတ်သင်းအောင်က ဧရာဝတီသို့ ပြောသည်။
“ဒီမိုးတွင်းမှာတော့ လျှပ်စစ်မီး ၂၄ နာရီ ရခဲ့ပါတယ်။ အရင်ကဆိုရင် ညနေ ၅ နာရီ နေ့ဆိုရင်လာချင်မှ လာတယ်။ ပြီးတော့ စက်မှုဇုန် စက်ရုံတွေ မီးကို ခိုးသုံးရင်တော့ မီးလိုင်းပါ တခါတည်း လာဖြတ်သွားမှာပါ။ မီး ၂၄ နာရီ ပုံမှန် မပေးနိုင်တဲ့ အတွက်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နောက်ကျနေတာပါ” ဟု ဦးမြတ်သင်းအောင်က ဆိုသည်။
နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံလိုသူများကိုလည်း နိုင်ငံတော်အစိုးရက လျှပ်စစ်မီးအတွက် အာမမခံနိုင်သေးကြောင်း၊ မိုးတွင်းတွင်သာ
၂၄ နာရီအပြည့် လျှပ်စစ်မီး ပေးနိုင်မည်ဟု ပြောဆိုခဲ့သဖြင့် ရင်းနှီးမြှုပ်နှံလိုသူများ လက်နှေးနေကြောင်း၊ လျှပ်စစ်မီးကြောင့် လက်ရှိတွင် အအေးခန်းသုံး စက်ရုံများ၊ ပလပ်စတစ် စက်ရုံများနှင့် မုန့်ဖုတ်လုပ်ငန်းများ အဓိကထိခိုက်နိုင်ကြောင်း သိရသည်။
“အရင်နှစ်တွေကထက် စာရင်တော့ တော်သေးတာပေါ့။ ၇ နာရီပဲ ဖြတ်တာ။ ဟိုတုန်းကဆိုရင် တနေကုန် နီးပါး ဖြတ်လိုက်တယ်။ ပြည်သူတွေအတွက်တောင် မြန်မာပြည် လျှပ်စစ်မီးက မလုံလောက်ဘူး။ အဲဒါကြောင့်ဖြတ်လိုက်တာလို့ ပြောပါတယ်” ဟု စက်မှုဇုန် လုပ်ငန်းရှင်တဦးက ပြောသည်။
ပွင့်လင်းရာသီ ရောက်ရှိလာသည့် အတွက် လျှပ်စစ်မီးများ ပြတ်တောက်သွားမည်ကို လုပ်ငန်းရှင်များသာမက ပြည်သူများက ပါ စိတ်ပူနေကြသည်။
“လျှပ်စစ်မီးက နွေရာသီရောက်ရင် အလှည့်ကျ ပေးတက်ကြတယ်။ မီးမလာရင် ရန်ကုန်မှာ ဘာမှလုပ်လို့မရဘူး။ အခုတော့ ၂၄ နာရီ ရနေတော့ အားလုံး အဆင်ပြေတယ်။ ဒီလိုပဲ ပုံမှန် ပေးသွားရင် ကောင်းမှာပဲ” ဟု ကျောက်မြောင်းတွင် နေထိုင်သူ
အမျိုးသမီးတဦးက ဆိုသည်။
စစ်အစိုးရ လက်ထက် ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလထုတ် အစိုးရသတင်းစာတွင် အမှတ် ၂ လျှပ်စစ်ဝန်ကြီးဌာန ထုတ်ပြန်ချက် များအရ ရွှေကျင်၊ ဖြူး၊ ရဲရွာ၊ နန်ချို၊ အမ်း၊ တာပိန် ၁၊ ချီဖွေငယ်၊ ကြီးအုံကြီးဝ၊ ကွန်း၊ အထက်ပေါင်းလောင်း၊
သောက်ရေခပ် ၂၊ ဘီလူးချောင်း ၃ ၊ သူဌေး၊ ထမံသီ၊ မဏိပူ၊ အထက်ကျိုင်းတောင်း စသည့် ရေအားလျှပ်စစ်စီမံကိန်း ၁၆ ခုကို ၂၀၁၀ ပြည့်နှစ်မှ စတင် အကောင်အထည် ဖော်နေကြောင်း၊ ၂၀၁၀/ ၂၀၁၁ ခုနှစ်တွင် စီမံကိန်း ၉ ခုပြီးပါက တနိုင်ငံလုံး လျှပ်စစ်ဓာတ်အား လုံလောက်မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ပိုလျှံသည်အထိပင် ဖြစ်လာနိုင်ကြောင်း ရေးသားထားသည်။
ထို့အပြင် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့ထုတ် အစိုးရ သတင်းစာတွင်လည်း ၁၉၈၈ ခုနှစ် မတိုင်မီက လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုသည် ၅၂၉. ၁ မဂ္ဂါဝပ်သာ ရှိခဲ့သော်လည်း ၂၀၁၁ ခုနှစ်တွင် ၃၀၄၅. ၄ မဂ္ဂါဝပ်အထိ တိုးတက်ခဲ့ပြီး တည်ဆောက်ဆဲ ဓာတ်အားပေးစက်ရုံ ၆၀ ကျော်မှ ၄၁၂၀၆. ၅ မဂ္ဂါဝပ်နှင့် နောင်တွင် တည်ဆောက်မည့် ဓာတ်အားပေး စက်ရုံ ၁ ရုံမှ ၂၆ မဂ္ဂါဝပ် ရရှိမည်ဖြစ်ကြောင်းနှင့် စီမံကိန်းအားလုံး ပြီးစီးပါက ၄၄၂၇၆. ၉ မဂ္ဂါဝပ်အထိ တိုးတက်ထုတ်လုပ်နိုင် လာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
January
(377)
- မြန်မာရန်ကုန်မြို့တော်..မှ
- မြန်မာရန်ကုန်မြို့တော်...မှ
- ဗန်းမော် မှာ ဗုံးပေါက်
- မာလီတိုက်ပွဲ ပြင်းထန်ဆဲ
- ဂဏန်းတွေလည်း နာ တတ်တယ်
- မြန်မာရန်ကုန်မြို့တော် မှ
- ရန်ကုန်၊ မန္တလေးနှင့် ပုဂံမြို့များ၌ ကမ္ဘာ့အဆင့်မီ ဟ...
- အအေးလှိုင်းဖြတ်သန်းနေ၍ လူအချို့လေဖြတ်
- ဖေဖော်ဝါရီလတွင် အအေးလှိုင်းဖြတ်ဦးမည်
- » စိတ်ကူးထဲကဖူးစာရှင်
- မန္တလေးတွင် တရားမဝင်လိုင်စင်မဲ့ယာဉ်များကို ထိရောက်စ...
- ထွက်နှုန်းလျော့ကျ၍ ခင်ဦးမှစပါးစိုက်တောင်သူများ အခက်...
- ဇန်န၀ါရီလ (၁၇)ရက်နေ့ ထုတ် The Hot News Weekly Jour...
- ၂၀၁၂ခုနှစ်အတွက် Ion Ratiu Democracy Award ဆု ဒေါ်အေ...
- နယူးယောက်ပြည်နယ်မှာ သေနတ်ဥပဒေ ပြဌာန်း
- လူ့ဘောင်သစ်ပါတီ တရားဝင်ရပ်တည်ဖို့ရှိ
- ဆီးရီးယား Aleppo တက္ကသိုလ်ပေါက်ကွဲမှု အနည်းဆုံး ၅၂ ဦ...
- ကချင်အရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်နိုင်ဟု...
- ဆင်းရဲနေချိန်ကာလမှာ တိုင်းပြည်က ဘာလိုချင်တယ် ပြောေ...
- ခရိုနီ ပေးတဲ့ ရန်ပုံငွေ ကိစ္စ NLD တုံ့ပြန်
- ကချင်ပြည်နယ်မှာ တိုက်ပွဲနဲ့ ဗုံးခွဲမှုတွေ ဆက်ဖြစ်ပွား
- တရုတ်နိုင်ငံမှာ အလုပ်ကြမ်းစခန်းတွေ မပိတ်သေး
- ပါကစ္စတန် ဝန်ကြီးချုပ်ကို ဖမ်းဆီးမိန့်ထုတ်
- မာလီသူပုန်တွေကို ပြင်သစ် လေကြောင်းကဆက်တိုက်
- အီဂျစ်မှာ ရထားမှောက်လို့ လူ ၁၉ ဦးသေဆုံး
- အတန်းပိုင် ဆရာမက ဒုတိယတန်း ကျောင်းသားအား ရိုက်နှက်...
- နဘားဘူတာအနီး ရထားသံလမ်း တံတား ပေါက်ကွဲမှု (သတင်း-ဓါ...
- မိုဘိုင်းဖုန်းကတ် ရောင်းချရန် ခွင့်ပြုမိန့် မရသေးဟ...
- ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် မဇ္ဈိမ ဂျာနယ် အတွဲ (၂) အမှတ...
- ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် First Eleven Sports Journal...
- ဇန်န၀ါရီလ(၁၁)ရက်နေ့ ထုတ် JOB Opportunit No 11
- ဇန်နဝါရီ ၁၄ ရက်နေ့ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၃၉
- ကချင်အရေး နှစ်ဖက်လုံး ညှိုနှိုင်းဖြေရှင်းကြဖို့ အမေရ...
- မြန်မာအပေါ် ပိတ်ဆို့မှု ပြန်သုံးသပ်နိုင်
- ဆိုးဆေးများရောင်းချပါက တရားစွဲမည်
- ငါးထောင်တန်ငွေဖြည့်ကဒ်များငွေမပြည့်ခြင်းများဖြစ်ပေ...
- ထိုင်းမှ အကြီးစားစက်ယန္တရား ကုမ္ပဏီ TMC Industrialြ...
- မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း တံတားနှစ်စင်း မု...
- » ရွှေလင်ဗန်း စက်မှုဇုန်၊ အထည်ချုပ်စက်ရုံ အလုပ်သမား...
- ကြေးနီတောင်စီမံကိန်းမှာ ညမထွက်ရအမိန့် ဆက်လက်ထုတ်ထားဆဲ
- ကြေးနီတောင်စီမံကိန်း အစီရင်ခံစာ ပြည်သူတွေကို အသိပေ...
- မုံရွာမြို့ မှ ရက်စက်တဲ့ မယားသတ်မှု
- (ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး) ဦးရဲထွဋ်၏ fac...
- အစိုးရတပ်၏ လက်နက်ကြီး လိုင်ဇာမြို့ထဲကျ၊ အရပ်သား သေ...
- ဇန်နဝါရီ ၁၇ ရက်နေ့ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၄) အ...
- ဆရာကြီး မင်းသိင်္ခ၏ စာအုပ်များ
- swf song များ
- တိတ်တခိုးအချစ်-မီမီဝင်းဖေ
- mm-flashsongs
- ♥♥♥♥♥♥♥♥ရင်ခွင်ဦးမှအပြန်♥♥♥♥♥♥♥♥
- ၂၀၁၂ ခုနှစ် လူကုန်ကူးမှု၌ အဓမ္မ လက်ထပ် ထိမ်းမြားမှု အ...
- ယခုနှစ်ကုန်၌ SE-ME-WE-5 တည်ဆောက်မှု စတင်မည်
- ရန်ကုန်တိုင်း ဒေသကြီး၌ တရားမ၀င် သဲလှေ အစီး ၁၀၀ ခန်...
- ကဏ္ဍသုံးခု အတွက် နိုင်ငံတကာ လုပ်ငန်းရှင်များ ပါဝင်လာ...
- မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များအား ယူနက်စကိုသို့ ထပ...
- ဘူတန်နိုင်ငံသို့ ဆရာဝန်များ စေလွှတ်ရန်ရှိ
- Diamond Valley Rise စင်တာအား ၂၇ထပ် ဆောက်လုပ်မည်
- ဖခင်ဖြစ်သူအားသတ်ခဲ့သည့်သားကို ရဲတပ်ဖွဲ့က ဖမ်းဆီးအေ...
- ရိုးရိုးလေးကိုသိန်းနိုင်အား ပုဒ်မ(၃)ခုဖြင့် အမှုဖွင...
- ဖားကန့်မြို့ ၊ မှော်ဆီဇာ မြေစာပုံ လမ်းဘေးတွင် လူတစ...
- မြောက်ဦးမြို့နယ်တွင်း တာဝန်ကျ တပ်ကြပ်တစ်ဦး ဓားဖြင့...
- ဆန္ဒပြခေါင်းဆောင်များကို တရားစွဲမှု ရုပ်သိမ်းရန် တော...
- ကေအိုင်အေဌာနချုပ် လိုင်ဇာကို လက်နက်ကြီးကျ၊ အရပ်သား...
- ရေလုပ်သားအခွင့်အရေး ဆုံးရှုံးနေသူ ၄၀၀၀ ခန့် ဆန္ဒပြ
- လက်ပံတောင်းတောင်အရေး သမ္မတထံ ကြားဖြတ်အစီရင်ခံစာ တင်...
- နိုင်ငံတော် သမ္မတ ၏သဘောထားမှတ်ချက် ပျက်ပျယ်
- လိုင်ဇာတွင် လက်နက်ကြီးကျည်ကျ ဒေသခံ သုံးဦးသေ၊ လေးဦး...
- ကိုမင်းကိုနိုင်၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ်
- ဇန်နဝါရီ ၁၆ ရက်နေ့ထုတ် Mobile Guide Journal
- တိုင်းလွှတ်တော်မှ မစုံစမ်း မစစ်ဆေးသင့်ဆိုသည့် ညွှန်ြ...
- ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် Digital Life Issue: 37
- ဇန်နဝါရီ ၁၄ ရက်နေ့ထုတ် Weekly Eleven News Journal ...
- ကချင်တိုက်ပွဲ ကြောင့် ဒုက္ခသည် ပိုများ
- ICRC အကြီးအကဲ မြန်မာနိုင်ငံရောက်ရှိ
- အိန္ဒိယ နိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ အုပ်စုဖွဲ့ မုဒိမ်...
- သီရိလင်္ကာ တရားသူကြီးချုပ်ကို ရာထူးကဖယ်ရှား
- ရဟတ်ယာဉ်ပျက်မှု နှစ်ဘက် အပြန်အလှန်ပြော
- ဖါးကန့် ကျောက်စိမ်းတွင်းဒေသဖက်မှာ တိုက်ပွဲဖြစ်နေ
- ဇန်န၀ါရီလ(၁၁)ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄ ...
- ဇန်န၀ါရီလ(၁၀)ရက်နေ့ ထုတ် ပြည်သူ့ ခေတ် ဂျာနယ် Vol 3...
- ဇန်န၀ါရီလ(၁၁)ရက်နေ့ ထုတ် HR journal အမှတ်(၁၇၇)
- ခရိုနီငိုချင်း၊ နှစ်ပါးသွားနှင့် မြန်မာ့နိုင်ငံရေး
- ကြေးနီတောင်စီမံကိန်းတဝိုက် သဘာဝပတ်ဝန်းကျင် ပျက်စီး...
- ဒေါ်အောင်ဆန်းစုကြည် ကရင်နှစ်သစ်ကူး သဝဏ်လွှာပေးပို့
- နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဆေးကုသမှု ...
- ခင်ဦးမြို့နယ်တွင် မိုးခေါင်မှုကြောင့် စပါးခင်းများ ...
- တရားဥပဒေစိုးမိုးရေး ဆွေးနွေးပွဲ ဦးဆောင်ကျင်းပသူ အရ...
- နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ အသစ်ရောင်းချမည့်...
- Thailand actress @2012 thai dress- What Makes You ...
- 2012 Cotton Day Thailand Fashion Show.mov
- ရန်ကုန်ရဲ့ မွန်းကြပ်မှုက ဝေးလွင့်ရာ လမ်း ၅၀ ကဖေး
- ကေအိုင်အေနှင့် အစိုးရအကြား ခေတ်မီ နည်းပညာသုံး ဆွေး...
- စစ်အသုံးစရိတ်ကို နိုင်ငံတော် ဘတ်ဂျက်၏ ၂၁ ရာခိုင်နှု...
- ညနေပိုင်း ပြည်တွင်း သတင်း အစီအစဉ်များအား အချိန်ပြေ...
- ကိုရီးယားနိုင်ငံသို့ တရားဝင် သွားရောက် အလုပ်လုပ်ကု...
- Johns Hopkins တက္ကသိုလ်မှ ပြည်တွင်း၌ သင်တန်းများ ပိ...
- အိမ်ရာ အဆောက်အအုံ၊ နေထိုင်မှုနှင့် မော်တော်ယာဉ် ပြပ...
- မြန်မာနိုင်ငံ ဧည့်ဝန်ဆောင်မှုနှင့် ခရီးသွား လုပ်ငန်...
- မြန်မာနိုင်ငံ အမျိုးသား ယဉ်ကျေးမှု ဗဟိုကော်မတီအားြ...
- ပြည်တွင်း၌ Specialist Society များ ဖွဲ့စည်းရန် အား...
-
▼
January
(377)
No comments:
Post a Comment