Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 8 January 2013

ဇန်န၀ါရီလမှ စတင်ကာ ဒီဗီဒီ ဇာတ်ကားများ ရိုက်ကူးမှု ခွင့်ပြုပေးတော့မည် မဟုတ်


၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်ကာ ဒီဗီဒီ ဇာတ်ကားများ ရိုက်ကူးမှု များကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက ခွင့်ပြု တော့မှာ မဟုတ်ဘူးလို့
အဆိုပါ အစည်းအရုံးရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ ဒီလို ဒီဗီဒီ ဇာတ်ကားများ ရိုက်ကူးခွင့် လျှောက်ထားခြင်းကို တားမြစ် လိုက်မှုဟာ ရုပ်ရှင် ဇာတ်ကားကြီးများ ထွက်ရှိမှု အခြေအနေ တိုးတက် လာခြင်းနဲ့ ဒစ်ဂျစ်တယ် စနစ်နဲ့ ရိုက်ကူး ထုတ်လုပ်တဲ့ ရုပ်ရှင် ဇာတ်ကားများ ပြသရာမှာ အခက်အခဲ ရှိလာနိုင်တဲ့ အချက်တွေကြောင့် ဖြစ်တယ် လို့သိရပါတယ်။

အဆိုပါ ဒီဗီဒီ ဇာတ်ကားများ ရိုက်ကူးမှုကို ၂၀၀၀ ပြည့်နှစ်မှ စတင်ကာ ရိုက်ကူး ခဲ့တာ ဖြစ်ပြီး ယခုလက်ရှိ မှာတော့ ဖလင်ကနေ HD ပြောင်းရိုက်မယ့် အချိန်ဖြစ်နေ တာကြောင့် ဒီဗီဒီ ဇာတ်ကား ရိုက်ကူးမှု တွေကို တားမြစ် လိုက်တာ ဖြစ်တယ် လို့လည်း သိရပါတယ်။

ဒါကြောင့် သတ်မှတ် လိုက်တဲ့ ထုတ်ပြန်ချက် အရ ဇန်န၀ါရီလ ၁ ရက်နေ့မှ စတက်ကာ ဒီဗီဒီ ဇာတ်ကား ရိုက်ကူးခွင့် လျှောက်ထားမှုကို ခွင့်ပြုတော့မှာ မဟုတ်ပဲ ငွေကြေး လက်လွန်ကာ စီစဉ်ပြီး ဖြစ်နေတဲ့ ကားအချို့ ကိုသာ ချွင်းချက် အနေနဲ့ သတ်မှတ်ကာ ရိုက်ကူးမှုပေး မပေးကို ဆုံးဖြတ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီဗီဒီ ဇာတ်ကား ရုံတင်ပြသမှု ကိုတော့ ရိုက်ကူးပြီး ဖြစ်တဲ့ ဇာတ်ကားများ ကိုသာ ဆက်လက် ပြသခွင့်ရမှာ ဖြစ်ပြီး အဆိုပါ ဇာတ်ကား အားလုံး ပြသပြီး သွားပါက ဒီဗီဒီ ဇာတ်ကားပြသမှုတွေ့ရှိ တော့မှာ မဟုတ်ဘူး လို့လည်း သိရပါတယ်။


 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့