ပြည်တွင်းက အလုပ်သမား ၂၀၀ ကို ထိုင်းနိုင်ငံသို့ အလုပ် သွားရောက် လုပ်ကိုင်ရန် Today Top Star အလုပ်သမား သင်တန်း ကျောင်းမှ သင်တန်းသူ၊
သင်တန်းသား များနဲ့ ထိုင်းနိုင်ငံရှိ Unicord Public Company Limited နဲ့ အလုပ် လုပ်ကိုင်ရန် သတ်မှတ် ထားတဲ့ အချက်အလက် များကို အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက် စာချုပ် MoU ရေးထိုးခဲ့မှုကို ဇန်န၀ါရီလ ၇ ရက်နေ့က ရန်ကင်း မြို့နယ်ရှိ အလုပ်သမား ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်း ကျောင်းမှာ ကျင်းပ ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။
အဆိုပါ အလုပ်သမား ၂၀၀ ဟာ ထိုင်းနိုင်ငံရှိ အအေးခန်း စက်ရုံမှာ အလုပ် သွားရောက် လုပ်ကိုင်ရမှာ ဖြစ်ပြီး ၂ နှစ် အလုပ် သွားရောက် လုပ်ကိုင်ခွင့် ရမှာ ဖြစ်ပါတယ်။ ယခုလို သွားရောက် လုပ်ကိုင်မယ့် အလုပ်သမားများ ကိုတော့ ယခု လက်မှတ် ရေးထိုးမှုမှာ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ တာဝန်ရှိသူက ထိုင်းနိုင်ငံမှာ အလုပ် သွားရောက် လုပ်ကိုင်ပါက သိသင့်တဲ့ အချက်အလက်များ၊ လုပ်ခ၊ လစနှုန်းထားများ အစရှိတာ တွေကိုလည်း ပြောကြား ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အလုပ်ရှင်၊ အလုပ်သမား သဘော တူညီချက် စာချုပ်ချုပ်ဆိုမှုမှာ ပါဝင်တဲ့ စည်းကမ်းချက်များ ကိုလည်း ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံ Unicord Public Company Limited မှ တာဝန်ရှိသူက ဆောင်ရွက်မယ့် လုပ်ငန်းများ ကိုလည်း ရှင်းလင်း ပြောကြားမှုများ ပြုလုပ်ခဲ့တယ် လို့လည်း သတင်း ရရှိပါတယ်။

No comments:
Post a Comment