အများပြည်သူ ၀န်ဆောင်မှု ပေးမည့် အစိုးရ ၀န်ထမ်းများ အတွက် လာဘ်ပေး လာဘ်ယူမှု နည်းပါး
လာပြီး လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ပေးရန်၊ အောက်ခြေ ၀န်ထမ်းများအား စတင် ပြောင်းလဲ
ပေးရန် ဦးတည် လုပ်ဆောင် လာကြောင်း ဌာနဆိုင်ရာ အဆင့်မြင့် အရာရှိကြီးအချို့က သုံးသပ်ပြော
ကြားလာသည်။
ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရသည့် အစိုးရရုံးဌာနများ အတွင်းရှိ ၀န်ထမ်းများ၏
အရည်အသွေးနှင့် ၀န်ဆောင်မှုပိုင်းဆိုင်ရာ အားနည်းချက်များကြောင့် နာမည်ပျက် သတင်းဆိုးများ
ထွက်ပေါ်လေ့ရှိသည်။
အထူးသဖြင့် ထိုဌာနပိုင်းဆိုင်ရာများ နှင့် ဆက်သွယ်လုပ်ကိုင်ရသည့် လုပ်ငန်း အများစုမှာ အချိန်
ကုန်၊ လူပင်ပန်းနှင့် စိတ်ပျက်ဖွယ်ရာ ကြုံတွေ့ရလေ့ရှိ ကြောင်း အမြဲတစေ ကြားသိခဲ့ရာမှ အစိုးရ
သစ် အပြောင်းအလဲတွင် သမ္မတကြီး ဦးသိန်းစိန်က အများပြည်သူ ၀န်ဆောင်မှုဟူသည့် စကားရပ်
ကို မကြာသေးခင်က ပြောဆိုလာသည်။
ထိုစကားရပ်၏ နောက်ဆက်တွဲတွင် အစိုးရ၀န်ကြီးဌာနများအတွင်း ပြုပြင် ပြောင်းလဲမှုဆိုသည့်
အသုံးအနှုန်း တွင်တွင်သုံးလာသော်လည်း လက်ရှိအချိန်အထိ သိသာထင်ရှားသည့် ပြောင်းလဲမှု
များမရှိသေးဘဲ အားနည်းချက်များရှိနေသေးကြောင်း လေ့လာသူများက ထောက်ပြပြောဆိုကြ
သည်။
"ဥပမာ ကျွန်မ ကြုံရတာဆိုရင် အခု စက်သုံးဆီရောင်းဝယ်ရေးကို ပုဂ္ဂလိက ပေးလိုက်တော့ အခု
ရက်ပိုင်းမှာဆိုရင် ရက် ၂၀ နောက်ပိုင်း ဆီဝယ်လို့မရတော့ဘူး။ ပြီးတော့ မနက်ဆိုလည်း ၁၁ နာရီ
ထက်နောက်ကျရင် ဆီကကုန်ပြီ။ ဒီတော့ ဒီလိုပြဿနာတွေဖြစ်နေတာကို အစိုးရပိုင်းက ဘယ်လို
လုပ်ဆောင်နေတာလဲ။ အောက်ခြေကို သေချာမလေ့လာကြလို့လား။ ဒီလို လွှတ်ထားတာဟာ
ဝိသမ စီးပွားရေးလုပ်ငန်းရှင်တွေကို အခွင့်အရေးပေးတာနဲ့ တူနေတယ်" ဟု ဗဟန်းမြို့နယ်မှ
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။
ထိုသို့သော အများပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရသော ၀န်ကြီးဌာနများအနေဖြင့်
အောက်ခြေအထိဆင်းကာ ၀န်ထမ်းများ၏ အနေအထားများကိုလည်း လေ့လာမှ အမှန်တကယ်
ပြောင်းလဲမည်ဟု ၎င်းက သုံးသပ်ပြောကြားသည်။
အစိုးရ၀န်ကြီးဌာနများတွင် အမှန်တကယ် ပြုပြင်ပြောင်းလဲချင်စိတ်ရှိသည်ဆိုပါက အောက်ခြေ
ဝန်ထမ်းများကို အခြေပြု ပြောင်းလဲရန်သည် အဓိက ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
"သူတို့ ပြောင်းလဲချင်စိတ်ဖြစ်လာအောင် အနေအထားတွေ ပြောင်းလဲပေးဖို့ လိုပါတယ်။ လုပ်ငန်း
ခွင်မှာ ပျော်လာအောင် မက်လုံးတွေ၊ ရပိုင်ခွင့်တွေ ဖန်တီး ပေးနိုင်ရပါမယ်။ ကိုယ်တိုင်မပြောင်းလဲ
ဘဲနဲ့ သူတို့ကလည်း အများပြည်သူအတွက် ပြောင်းလဲဖို့ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး" ဟု
ဒေါက်တာညိုညိုသင်းက ပြောသည်။
"နောက်တစ်ခုက တယ်လီဖုန်းဘီလ် ဆောင်တာတို့၊ အများပြည်သူနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ၊ အရာရှိ
ပိုင်းကလည်း မပြောင်းလဲဘူး။ အောက်ခြေကလည်း မပြောင်းလဲဘူး"ဟု ၎င်းက ဆက်လက် ပြော
သည်။
အစိုးရ၀န်ထမ်းများအတွင်း လာဘ် ပေးလာဘ်ယူအရေးနှင့် ပတ်သက်ပြီး အစိုးရက တင်းတင်းကျပ်
ကျပ် ကိုင်တွယ်လာသောကြောင့် ဌာနဆိုင်ရာများတွင် ယခု အရေးယူမှုများ ဆောင်ရွက်နေပြီ ဖြစ်
ကြောင်း သတင်းထွက်ရှိနေသော်လည်း ထိထိရောက်ရောက် လုပ်ဆောင် နိုင်မှု အားနည်းနေသေး
လားဆိုသည်ကို မူ မေးခွန်းထုတ်ရမည်ဖြစ်သည်။
"တရားရုံးအချို့မှာတော့ ငွေပေးပြီးမှ အလုပ်ဖြစ်တာတွေ ရှိနေသေးတယ်။ ရဲစခန်းအချို့မှာလည်း
ဒီလိုငွေတောင်း တတ်တဲ့အကျင့်တွေက ကျန်နေသေးတယ်"ဟု ဒေါက်တာညိုညိုသင်းက ပြော
သည်။
အများပြည်သူနှင့် သက်ဆိုင်သော ၀န်ကြီးဌာနတစ်ခုဖြစ်သည့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်
အားပေးရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လတ်ကမူ အောက်ခြေ၀န်ထမ်းများမှ စတင်ကာ
ပြည်သူအတွက် ၀န်ဆောင်မှုကောင်း ကောင်းပေးနိုင်ရန် စတင်ပြောင်းလဲ ဆောင်ရွက်နေပြီ ဖြစ်
သည်ဟု မြန်မာတိုင်း(မ်)ကို ပြောသည်။
"အခုဆိုရင် ငွေတောင်းခံလွှာတွေကို လစဉ် ၁၁ ရက်နေ့ဆို စတင်ဝေပြီ။ စနေ၊ တနင်္ဂနွေပါ ငွေ
လက်ခံပေးနေတယ်။ မီတာဖတ်တာ၊ ငွေကောက်ခံတာကအစ ပြည်သူက လျှပ်စစ်နဲ့ပတ်သက်ပြီး
လိုအပ်ချက်ရှိတယ်ဆိုရင် အကုန်ဖြေရှင်း ဆောင်ရွက်ပေးနေတယ်" ဟု ၎င်းက ပြောသည်။
နေ့စဉ် ပြည်သူများ ထိတွေ့နေရသည့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့် ပတ်သက်ပြီး လိုအပ်ချက်ရှိခဲ့
လျှင် ဆက်သွယ်တိုင်ကြားနိုင်ရန်အတွက် နေ့ဆိုင်း ညဆိုင်း နှစ်ဆိုင်းခွဲခြားကာ ဖြေရှင်းဆောင်ရွက်
ပေးနေသည်ဟု ဦးမောင်မောင်လတ်က ပြောသည်။
"ရန်ကုန်မှာ မီတာဖတ်စာရေးတွေက ငါးရက်အတွင်း အလုံး ၁,၀၀၀ လောက်ဖတ်ရတယ်။ အချိန်မီ
လုပ်နိုင်အောင် ဆောင်ရွက်နေပါတယ်။ ပြည်သူတွေကလည်း လိုအပ်ချက်ရှိတယ်ဆိုရင် ဖုန်းဆက်
ပြီး တိုင်ကြားပြောဆိုနိုင်ပါတယ်" ဟု ၎င်းက ပြောသည်။
ဦးမောင်မောင်လတ်ကဌာနအတွင်း ၀န်ထမ်းများအတွက် အရည်အသွေး မြှင့်တင်ရေးသင်တန်းများ
ဖွင့်လှစ်ထားသကဲ့သို့ ၀န်ထမ်းများ လာဘ်ပေးလာဘ်ယူကိစ္စရှိပါက ခုံရုံးဖွဲ့ စစ်ဆေးကြောင်း၊
တိုင်တမ်းမှုများကို အလေးထား စစ်ဆေးပေးနေပြီး လွန်ခဲ့သည့်နှစ်အတွင်း ၀န်ထမ်းများနှင့်
ပတ်သက်သည့် အမှုတွဲ စုစုပေါင်း ၃၀၀ ကို ဖြေရှင်းခဲ့ရ ကြောင်း ၎င်းက ပြောသည်။
"အခုဆိုရင် ရုံးကိုလာတဲ့ လုပ်ငန်းနဲ့ ပတ်သက်တာတွေဆိုရင် ရုံးခန်းတွေထဲမှာ ၀င်ပြီး ပြောဆိုတာ
တွေ မရှိတော့ဘူး။ ဧည့်ဆောင်မှာပဲ သပ်သပ်တွေ့ဆုံတယ်။ ဒါက လာဘ်ပေးလာဘ်ယူနဲ့
ပတ်သက်ပြီး ဌာနက တင်းတင်းကျပ်ကျပ် လုပ်လာတဲ့ဟာပါ"ဟု ဦးမောင်မောင်လတ်က ပြော
သည်။
၎င်းနည်းတူ အများပြည်သူနှင့် တိုက်ရိုက်ထိတွေ့နေရပြီး ပြည်သူ၏ တိုင်ကြားစာအများဆုံး ရရှိ
လေ့ရှိသည့် ဌာနတစ်ခု ဖြစ်သည့် ကုန်းလမ်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး
ဦးသောင်းလွင်ကလည်း အရာရှိမှ အောက်ခြေ၀န်ထမ်းအထိ အဓိက စိတ်နေသဘောထားများကို
ပြင်ဆင်ရန် လိုအပ်သည်ဟု ဆိုသည်။
"အရာရှိတွေကနေ အောက်ခြေ၀န်ထမ်းတွေကို အဆင့်ဆင့်စိတ်ဓာတ် တွေ ပြောင်းလဲပေးဖို့ လိုပါ
တယ်။ ကျွန်တော်တို့ဌာနက ၀န်ကြီးဌာန ၃၃ ခု ထဲမှာ တော်တော်လေးကို ပေါ်ပြူလာဖြစ်ပြီးတော့
မီးမောင်းထိုးခံရတာများတယ်။ လုပ်ရတဲ့အလုပ်နဲ့ဝန်ထမ်း မလုံလောက်တာတွေလည်း ဖြစ်နေ
တယ်။ ဒါကိုလည်း နားလည်ပေးကြဖို့ ပြောချင်တာပါ" ဟု ဦးသောင်းလွင်က ပြောသည်။
လက်ရှိတွင် ပြည်ပမှ တင်သွင်းလာ သော မော်တော်ယာဉ်များနှင့် ပတ်သက်ပြီး ပုဂ္ဂလိကကုမ္ပဏီ
များနှင့် အများဆုံး ဆက်ဆံလုပ်ဆောင်ရာတွင် လုပ်ငန်းပိုင်းဆိုင်ရာ နှောင့်နှေးကြန့်ကြာမှုများ၊
ဝန်ဆောင်မှုပိုင်းဆိုင်ရာ လိုအပ်ချက်များ ကြောင့် ဌာနသို့ တိုင်ကြားစာများ များစွာ ရောက်ရှိနေခဲ့
သည်။
"ခေတ်ပြောင်း၊ စနစ်ပြောင်းတဲ့ အချိန်မှာ ၀န်ထမ်းတွေပိုလုပ်ရမယ်ဆိုတာ မှန်ပါတယ်။ အခုဝန်ထမ်း
တွေကိုလည်း သေချာကြပ်ကြပ်မတ်မတ်လုပ်ဖို့ ညွှန်ကြားနေပါပြီ။ စိစစ်မယ်။ ပြီးတော့ ပြုပြင်
ပြောင်းလဲရေးကိုလည်း ပိုသိ အောင် လုပ်နေတယ်" ဟု ဦးသောင်းလွင် က ပြောသည်။
"ကျွန်တော်တို့ဌာနနဲ့ ပတ်သက်ပြီး တကယ်နစ်နာခဲ့တယ်ဆိုတာတွေ ရှိရင် နိုင်ငံတော်ကို တင်ပြ
ပေးပါ။ အခုဆို ဌာနတွင်း လာဘ်ကိစ္စနဲ့ပတ်သက်ပြီး အရေးယူ ဆောင်ရွက်တာတွေလည်း ရှိနေပါ
ပြီ" ဟု ၎င်းက ပြောသည်။
လူအများနှင့်ဆက်ဆံရသည့် အစိုးရ ၀န်ကြီးဌာနတိုင်းလိုလိုတွင် မလိုလား အပ်သော ငွေကြေး
လာဘ်ယူလုပ်ကိုင် နေမှုများကို ယခုကာလအတွင်း ဖော် ထုတ်အရေးယူနိုင်ရန်လည်း အစိုးရက
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မတီဖွဲ့ကာ စစ်ဆေးဆောင်ရွက်နေပြီ ဖြစ်သည်။
ဝန်ကြီးဌာနများ ပြုပြင်ပြောင်းလဲရေး နှင့်ပတ်သက်ပြီး အပြောင်းအလဲစနေပြီ ဖြစ်သည်ကို ၀န်ထမ်း
တိုင်းသိရှိရန် လိုအပ်ချက်သည် အဓိကဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတအကြံပေး၊
ဦးကိုကိုလှိုင်က ပြောသည်။
"စနစ်ဟောင်းမှာ လူတွေက နှစ်အကြာကြီးနေပြီး ကျင့်သားရနေကြပြီ။ အသစ်တစ်ခုစဖို့ကတော့
ပြောင်းလဲစပြုတဲ့အချိန်မှာ အမှားတွေတော့ ရှိနေဦးမှာပါပဲ။ စိတ်ထားတွေ၊ အမူအကျင့်တွေ၊ ပြီးရင်
ပြောင်းရမယ့်စနစ်ကို သိရမယ်" ဟု ဦးကိုကိုလှိုင်က ပြောသည်။
အပြောင်းအလဲကို သိပြီးပါက အမှန် တကယ် ပြောင်းလဲရန်အတွက် စနစ်တီထွင်ရမည်ဖြစ်ပြီး
အချိန်တော့ ပေးရမည်ဖြစ်ကြောင်း၊ ယခင်က အထက်မှ အောက်ခြေသို့ အဆင့်ဆင့်စေခိုင်းသည့်
စနစ်မှ၊ အောက်ခြေမှ အထက်သို့ ပြန်လည်တင်ပြလုပ်ဆောင်သည့်စနစ်ကို ပြုပြင်သင့်ကြောင်း
၎င်းက ဆိုသည်။
"လူထုအခြေပြုဆိုတာ ဖြစ်လာတဲ့ အတွက် အောက်ခြေကနေအထက် သိအောင်လုပ်ဖို့ လိုတယ်။”
ဒီလို အပြောင်းအလဲကာလမှာ မြန်မြန်ပြောင်းနိုင်တဲ့ ဌာနတွေရှိသလို ဖြည်းဖြည်းပြောင်းရတဲ့ ဌာန
တွေလည်း ရှိပါတယ်။ လူတွေရဲ့လုပ်ဆောင်နိုင်မှု အရည်အချင်းတွေ ပေါ်မှာမူတည်တယ်။ ပြောင်း
ချင်တဲ့စိတ်ရှိပေမယ့် စွမ်းရည်မြှင့်တင်ရေးသင်တန်း တွေ ငွေရေးကြေးရေး အထောက်အပံ့ တွေနဲ့
နည်းပညာ၊ အိုင်ဒီယာပိုင်းတွေ လိုအပ်နေတယ်"ဟု ဦးကိုကိုလှိုင်က ပြောသည်။
ကျော်ဆုမွန် | မြန်မာတိုင်း(မ်)
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Friday, 15 February 2013
အောက်ခြေ၀န်ထမ်းများ ပြောင်းလဲစေဖို့ မက်လုံးများ ပေးရန်လို
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
February
(139)
- မြန်မာရန်ကုန်မြို့တော် မှ
- ဘက်စုံ လွှမ်းခြုံသော ပညာရေး ကဏ္ဍ အတွက် ဆွေးနွေးခဲ့
- မြန်မာ သတင်းအချက် အလက်နှင့် နည်းပညာ တက္ကသိုလ်ကို အိ...
- အဆင့်မြင့် ပညာရေး ကဏ္ဍအတွက် မြန်မာ-အမေရိကန် ဆွေးနွေးခဲ့
- ဓမ္မစေတီလမ်း၊ ပြည်လမ်းမှ ဗားကရာလမ်း အပိုင်းကို တစ်လ...
- အာဖဂန် အမေရိကန် တပ်တခိျု့ ထွက်ခိုင်း
- အကြိတ်အနယ် ပြိုင်ကြမယ့် အော်စကာ ဆုပေးပွဲ
- ကားနောက်ခန်းထဲပုန်းကာ စင်ကာပူမှ တရားမဝင်ထွက်ခွာရန်...
- ယုဇန ပလာဇာအား ပိတ်ရက်မရှိ ပြန်လည်ဖွင့်လှစ် ခြင်းအာ...
- ဦးတေဇ ၏ ထူးကုမ္ပဏီများ အုပ်စုကို အမေရိကန်နိုင်ငံမှ ...
- ဆက်သွယ်ရေးဝန်ကြီးဌာန အရှုပ်တော်ပုံ
- အင်းလေး ဟိုတယ်ဇုန် အရေး လွှတ်တော် မြေယာ တိုင်ကြားမှု...
- အမေရိကန်ကုန်သည်ကြီးများအဖွဲ့ မြန်မာနိုင်ငံခရီးစတင်
- နေရာတိုင်းတွင် အမြတ်မထုတ်သင့်ဟု ဒုဝန်ကြီး ဦးမြင့်သ...
- ဖေဖေါ်ဝါရီလ(၂၆)ရက်နေ့ ထုတ် Digital Life Journal အတွ...
- လင်မယားချင်းစကားများရာမှ ဓါးဖြင့်ခုတ်သဖြင့် ဇနီးဖြ...
- အလုပ်သမားရုံးခွဲ တာဝန်ခံများ ကွန်ပြူတာဖြင့် ငွေစာရ...
- သမ္မထံလိပ်မူတိုင်ကြားသော တိုင်ကြားစာများအား လက်ခံဆေ...
- လူထုအသံ ထုတ်ဖော်မည့် သံချပ်ပြိုင်ပွဲ ပြုလုပ်မည်
- မြန်မာနိုင်ငံတွင် စက်ရုပ်နှင့် မော်တော်ကား ထုတ်မည်
- စတုတ္ထအကြိမ်မြောက် Job fair Yangon 2013 ပြပွဲကျင်းပ
- ခွင့်ပြုချက်မရှိပဲ ဓာတ်ဆီဆိုင်ဖွင့်မှု မန္တလေးမြို့ခ...
- လိုင်ဇာဘက်သွားမည့် ကယ်ဆယ်ရေးယာဉ်တန်း ဗန်းမော်ရောက်
- တရုတ်အစိုးရပြောတဲ့ တရုတ်ပြည်က ကင်ဆာရွာများ
- ဆီးရီးယားအတိုက်အခံ နိုင်ငံတကာကို ကန့်ကွက်
- နိုင်ငံရေး အကျဉ်းသား ကိစ္စ ဆွေးနွေး
- ကွန်တိန်နာယာဉ်တစ်စီး အခြားယာဉ်နှစ်စီးကို တိုက်မိပြ...
- လမ်းဘေး ဈေးသည်တွေကို အကြမ်းဖက်အရေးယူနေ (ရုပ်/သံ)
- (၁၈)ဘီးယာဉ်ကြိတ်၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
- ဖေဖေါ်ဝါရီလ(၂၅)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.8
- စစ်တွေနှင့် ပေါက်တောမြို့တို့တွင် အမိန့်ထုတ်၍ လူဦး...
- » မြန်မာ့လေကြောင်းမှ လေယာဉ်အဟောင်း တစ်စင်းကို ပြည်...
- မုံရွာတွင်လေယာဉ်ပစ်ဗုံးများတွေ့ရှိ
- မှော်ဘီ-သီရိမင်္ဂလာဈေး ပြေးဆွဲနေသော ဟိုင်းလတ်ယာဉ် တိ...
- မြန်မာဘဏ်တချို့ အမေရိကန်ဘဏ္ဍာ ဝန်ဆောင်ခွင့်ပြု
- ကျောက်ဖြူမြို့နယ်က ကျောက်တောင်တွေ အကုန်လုံးနီးပါး ...
- မြန်မာနိုင်ငံတွင် မြေ၀ယ်ခြင်း၊ ငှားရမ်းခြင်းကိစ္စမျ...
- ခိုလှုံဝင်ရောက်ရန် ကြိုးစားလာသော ဘင်္ဂါလီများကို လက်ခ...
- ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ထုတ် Focus Online Issue 30, ...
- ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ...
- ဖွဲ့စည်းပုံ ခုံရုံး ဥက္ကဌ ရွေးတော့မယ်
- အီကြာကွေးမှာ ဓာတုပစ္စည်းပါနေ
- စွမ်းအင်နဲ့ ကာကွယ်ရေး ဘတ်ဂျက်အများဆုံး သုံးမယ်
- သမ္မတ ဦးသိန်းစိန် ဥရောပ ငါးနိုင်ငံ သွားမယ်
- ဂျော်ဒန်မှာ မြန်မာ အလုပ်သမားတွေ အကူအညီမဲ့
- အဝေးကိုထွက်မသွားပါနဲ့လို့ 
- » လူသတ်မှုစွဲခံရသူ အပြေးသမားကို အာမခံနဲ့လွှတ်
- @@@ရှိနေပေးပါ မောင်@@@
- ♥#♥#♥#♥#♥# တစ်ကယ်လို့ ♥#♥#♥#♥#♥
- ငါ့နားမှာခဏတော့နေပေးပါချစ်သူရယ်
- ပွင့်လင်းသောအစိုးရ အဖြစ် သတ်မှတ်ခံရအောင် ဗြိတိန်ကူမည်
- ဂျပန်မှာ သေမိန့်ကျ အကျဉ်းသား သုံးယောက်ကို ကွပ်မျက်
- nternet download manager အဆင်မပြေသူများအဆင်ပြေအောင်ပါ
- media player classic လေးသုံးလို့ကောင်းတယ်
- မိုးစက်အလွမ်း
- လွမ်းဆွေးမူ
- Photoshop ၀ါသနာရှင်များအတွက် Adobephotoshop light ...
- အညာ သနပ်ခါး
- မတ်လ ကုန်မှာ သန်းခေါင်စာရင်း အစမ်း ကောက်မယ်
- ပွင့်လင်း အုပ်ချုပ်ရေး ဖြစ်လာ တော့မှာလား
- မြန်မာ့ငြိမ်းချမ်းရေးအတွက် ဂျပန်က အထူးသံတမန်ခန့်
- တပ်မတော် အရာရှိကြီးတွေအတွက် ILO က သင်တန်းဖွင့်မည်
- ခန္ဓာကိုယ်အတွင်းမူးယစ်ဆေးဝါးသယ်ဆောင်သူ အမျိုးသမီးနှ...
- ဖေဖော်ဝါရီလ (၂၁)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ...
- ဖေဖော်ဝါရီလ (၁၉)ရက်နေ့ ထုတ် SHADE ဂျာနယ် အတွဲ(၇)၊ ...
- ဖုန်းဆင်းကတ်ပျောက် ကိုယ်တိုင်လျှောက်လျှင် နေ့ချင်း...
- ဆီတင်ယာဉ် မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်မှာ ဓာတုတုံ့ပြန...
- Facebook မှ ထိုင်ဝမ်အနုပညာကျောင်းသားများ
- ခြံစည်းရိုးကြေညာချက်ကြောင့် အချင်းပွားမှု များပြားနေ
- ဖေဖော်ဝါရီလ (၁၉) ရက်နေ့ ထုတ် The Hot News Weekly J...
- သမ္မတ ဦးသိန်းစိန် စီးသည့် ရဟတ်ယာဉ် စက်ချွတ်ယွင်း
- တရုတ်စစ်ဖက်ဌာန ဆိုက်ဘာ သူလှျိုလုပ်
- မြစ်ကြီးနားမှာ အိုးအိမ်တွေ ပြောင်းရွှေခိုင်းနေ
- ဖေဖော်ဝါရီလ (၁၉) ရက်နေ့ ထုတ် မဇ္ဈိမဂျာနယ် အတွဲ (၂)...
- မျက်နှာဖုံးစွပ်လူသတ်မှု တရားရုံးက အပြီးသတ် မစစ်ဆေးန...
- မြေဧကပေါင်း၂၃၅၀၀ ကျော် လယ်ယာမြေ သိမ်းယူမှုကြီး (ရုပ...
- ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ထုတ် အလင်းတန်း အနုပညာ ဂျာန...
- ဆိုင်ကယ်ပျောက်လို့ရဲကိုတိုင် ရှာပေးဖမ်းပေးရမယ့် ဒုက္ခ
- ချင်းတွင်းတံတားပေါ်မှ အမျိုးသမီးတစ်ဦးခုန်ချသေဆုံး
- ထုတ်ပယ်ခံနှင့် ရာထူး ချခံရမှုများတွင် စုစုပေါင်း ရ...
- ဖွဲ့စည်းပုံဥပဒေထက် မြန်မာအစိုးရ စိတ်ပိုင်းဆိုင်ရြာ...
- ရန်ကုန်-မော်လမြိုင် အမြန်ယာဉ် ပစ်တိုင်းထောင် ယာဉ်လ...
- မအူပင်မှာ ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဆန္ဒပြ (ရုပ်/သံ)
- ၁၀ စုနှစ်ခန့်က မြေယာသိမ်းဆည်းမှုကြောင့် မရမ်းကုန်းတ...
- တိုင်းရင်းဆေးကုသည့်လက်မှတ်မရှိဘဲ ကုစားသူများအား ဒဏ...
- အင်းလေးကန်ဟိုတယ်ဇုံ အတွက် မြေသိမ်း
- မြန်မာကလေးစစ်သား ၂၄ ဦး ပြန်လွှတ်ပေးမှု ကုလကြိုဆို
- ကျန်းမာရေး အသုံးစားရိတ် ၁၄ ဆ တိုးမြှင့်သုံးစွဲမည်
- သီရိလင်္ကာတွင် ဟာလာ အမှတ် တံဆိပ် ထည့်သွင်းမှု ပပျောက်...
- အများသဘောမတူသော အဆောက်အဦးကိစ္စ ၈၈နှင့် သံဃာနှစ်ပါး ...
- လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းကို တိတိကျကျြေ...
- အင်းလေးဟိုတယ်ဇုန် တည်ဆောက်ရေး တားဆီးခဲ့သူ ဒေသခံတွေ...
- မြန်မာ-တရုတ် လူကုန်ကူးမှု တိုက်ဖျက်ရေး တိုးမြှင့်
- အခွန်မဆောင်သောရေနံချက်ဖိုများကိုအရေးယူတော့မည်
- အမျိုးသမီးခေါင်းဖြတ် အသတ်ခံရမှု မှုခင်းတပ်ဖွဲ့ တိုက်...
- အမျိုး သား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေထံသို့ စာတ...
- တပ်မြေကိစ္စ နှင့် ပတ်သက်လျှင် နားပိတ်ပြီးသာအိပ်နေတော့
- မန္တလေးကြက်ခြံတခြံ အပြင်းစား ကြက်လည်လိမ်ရောဂါ ဖြစ်ပွား
- ဆည်မြောင်းတူးဖော်မှုကြောင့် တောင်သူများ၏ စိုက်ပျိုး...
- တိုက်ခန်းများတွင်ရေ ပြဿနာများရှိသောကြောင့် လုံးချင...
-
▼
February
(139)
No comments:
Post a Comment