Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 15 February 2013

(၁)      မန္တလေးတိုင်း ဒေသကြီး ၊ ၀မ်းတွင်းမြို့နယ်တွင် (၄-၂-၂၀၁၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော အမှုဖြစ်ပါသည်။ ၄င်းနေ့တွင် အနောက်အရပ်မှ ယာဉ်မောင်းသူ ဦးအောင်မြင့်ကျော်(ခ)ဦးသာပေး မောင်းနှင်လာသော ကား နှင့် အရှေ့အရပ်မှ ဦးခင်မောင်အေး ၏ ဆိုင်ကယ် တို့ မျက်နှာချင်းဆိုင် ထိပ်တိုက် တိုက်မိပါသည်။ ဦးအောင်မြင့်ကျော်(ခ)ဦးသာပေး၏ ကားပေါ်တွင် ၀မ်းတွင်းရဲစခန်းမှူး ရဲအုပ် အောင်မြင့်ကျော် လည်း လိုက်ပါလာခဲ့ပါသည်။ ယင်းယာဉ်တိုက်မှုကြောင့် ဦးခင်မောင်အေး၏ နောက်မှာ လိုက်ပါလာသော ၄င်း၏ ဇနီး မှာ သေဆုံးခဲ့ပါသည်။ ဦးခင်မောင်အေးမှာလည်း မန္တလေးဆေးရုံကြီးတွင် အရေးပေါ်လူနာအဖြစ် ယနေ့ထိတိုင် ဆေးကုသမှု ခံယူလျှက်ရှိပါသည်။ ပြစ်မှုပုဒ်မ-၃၀၄(က) တွင်အကျုံးဝင်၍ ကြီးမားသော အမှုပင်ဖြစ်သော်လည်း ရဲအုပ် အောင်စိုးတင့်မှာ ကားပေါ်တွင် သူကိုယ်တိုင်လိုက်ပါလာခြင်းကြောင့် ဦးအောင်မြင့်ကျော်အား ဖမ်းဆီးအရေးယူခြင်း မပြုခဲ့ပါ ။ တရားဥပဒေသည် ရဲအုပ် အောင်စိုးတင့် နှင့် ဦးအောင်မြင့်ကျော်တို့အား မလွှမ်းမိုးနိုင်ပြီလော ........... ။

(၂)     ၄င်းအပြင် ၀မ်းတွင်းရဲစခန်းမှူး ရဲအုပ်အောင်မြင့်ကျော်သည် စခန်းရှိ အောက်လက်ငယ်သားများအပေါ်တွင် နိုင်ထက်စီးနင်းပြုကျင့်လျက်ရှိပါသည်။ မကြာသေးမီရက်ပိုင်းအတွင်းက ရဲအုပ် အောင်မြင့်ကျော်သည် ဒုရဲအုပ် မောင်မောင်လွင်အား လက်သီးနှင့်ထိုးပြီး ကိုယ်ထိလက်ရောက် စော်ကားခဲ့ပါသည်။  ဒုရဲအုပ် မောင်မောင်လွင်မှ ပြန်လည် ကာကွယ်ခုခံခဲ့ရာ ရဲအုပ် အောင်မြင့်ကျော်သည် မောင်မောင်လွင်၏ ၃၂ ယ - xxxxxx ဆိုင်ကယ်အား လိုင်စင်မပါ without ဟုဆိုကာ အရပ်သားသက်သေ (၂) ယောက် ၊ ရှာဖွေပုံစံအပြည့်အစုံနှင့်အတူ သိမ်းဆည်းခဲ့ပါသည်။ ၄င်းဆိုင်ကယ်မှာ without မဟုတ် ၊ လိုင်စင်နှင့်ဖြစ်ပါသည်။


(၃) ၀မ်းတွင်း ရဲတပ်ဖွဲ့စခန်းရှိ ပျက်စီးနေသော လိုင်းခန်းရှစ်ခန်းအား ပြုပြင်ရန် မြို့မိ ၊ မြို့ဖ များထံ အကူအညီတောင်းခဲ့ရာ မြို့မိ၊ မြို့ဖများမှ တာဝန်ယူပြင်ဆင်ပေးခဲ့ပါသည်။ ၄င်း လိုင်းခန်းပြင်ဆင်ရန် အကြောင်းကို ခုတုံးလုပ်၍ စခန်းသို့လာသမျှ အမှုသည်များထံမှလည်း အလှူငွေများထပ်မံကောက်ခံကာ စခန်းမှူး ရဲအုပ် အောင်မြင့်ကျော်သည် အလှူငွေများကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့ပါသည်။ ထို့ပြင် ၀မ်းတွင်းမြို့၊ မြတ်ညီနောင် ဘုရားပွဲတော်တွင် ရောင်းချသော ရဲရံပုံငွေ ကြာဇံ၊ မုန့်ဟင်းခါး ရောင်းချရငွေများ ၊ မြို့လုံးဆိုင်ရာ ဘုံကထိန်တွင် ရောင်းချသော ရဲရံပုံငွေ ကြာဇံ၊ မုန့်ဟင်းခါး ရောင်းချရငွေများသည်လည်း ရံပုံငွေအဖြစ်သို့ မရောက်ရှိဘဲ ရဲအုပ် အောင်မြင့်ကျော်၏ ကိုယ်ကျိုးစီးပွားအဖြစ်သို့ ရောက်ရှိသွားပါကြောင်း အားထားလေးစားရပါသော ပြည်ထဲရေးဝန်ကြီး သိရှိစေရန် တင်ပြအပ်ပါသည်။

ဝမ်းတွင်းမှ ပြည်သူတဦး


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့