Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 17 August 2012

ကြိုးမဲ့ နည်းပညာဖြင့် ပေးဝေသွားမည့် လျှပ်စစ်ဓာတ်အား


တရုတ် သုတေသီ တွေက ကွမ်တမ် နည်းပညာ သုံးပြီး၊ ကီလိုမီတာ ၁၀၀ (မိုင်ခြောက်ဆယ်) အကွာကနေ လျှပ်စစ်ဓာတ်အားကို ကြိုးမဲ့ ပို့ဆောင်နိုင်ပြီလို့ သြဂုတ် ၁၀ ရက်က ကြေညာလိုက်ကြပါတယ်။ အဲဒီသုတေသနအဖွဲ့က လေဆာရောင်ခြည်ကို သုံးပြီး၊ သတ်မှတ်နေရာဆီ လျှပ်စစ်ဓာတ်အားကို အရောက် ပို့ဆောင်ပြနိုင်ခဲ့ကြပါတယ်။
အဲဒီလိုမျိုး လျှပ်စစ်ဓာတ်အားတွေ ထုတ်လွှင့်သွားဖို့ သလင်းကျောက်နဲ့ အနီအောက်ရောင်ခြည် စွမ်းအင်ကို အသုံးပြုခဲ့ကြတာပါ။ တရုတ် သိပ္ပံပညာရှင်တွေက တရုတ်နိုင်ငံ၊ ကွင်ဟိုင် ရေကန် အနီးက ဓာတ်ခွဲခန်းကနေ ၉၆ ကီလိုမီတာ (မိုင် ၆၀) အကွာဆီ လျှပ်စစ်ဓာတ်အားကို ကြိုးမဲ့ ပို့ဆောင်ပြလိုက်သလို၊ အတ္တလန္တိတ် သမုဒ္ဒရာရှိ ကနေရီကျွန်းမှာရှိတဲ့ သုတေသီ အဖွဲ့ကလည်း ၁၄၃ ကီလိုမီတာ (၈၈.၈ မိုင်) အကွာဆီ လျှပ်စစ်ဓာတ်အားကို ကြိုးမဲ့ ပို့ဆောင်ပြနိုင်ခဲ့ကြပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့