Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 17 August 2012

ချစ်သူသို့

ဒီလိုပဲနေဝင်မိုးချုပ်နင့်ကိုလွမ်းရင်း

အပေါစားစာသားတွေနဲ့

မတက်တခေါက်စပ်ဆိုခဲ့တဲ့ကဗျာတွေ

ငါ့စာမျက်နှာမှာတစ်နေ့တစ်ပုဒ်ပေါ့ချစ်သူ

နင်တော့မသိဘူးပေါ့လေ

ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းနဲ့

လုံလောက်ပြီလို့ထင်နေသူ...ကို

တကယ်ဆိုနင်က

မလွမ်းတက်တဲ့လူပဲ ငါအပြစ်မဆိုပါဘူး

အချစ်ကိုတော့ အရယူသွားပြီး

ဂရုစိုက်ဖို့မေ့နေတဲ့နင့်ကို

သတိတော့ပေးချင်တယ်

နင့်ကိုနင်တော့ဂရုစိုက်နော်

မတော်လို့နင်ဒဏ်ရာရရင်

ငါ...အစားထိုးနာကျင်ပေးလို့မရဘူး

အခုချိန်တော့ငါနင့်အနားဝိုးတဝါးနဲ့ရှိနေသေးတယ်

တစ်နေ့ငါ့ကိုချန်ခဲ့မလားမစိုးရိမ်ပါဘူး

နင့်ကိုရွေးချယ်ခွင့်ပေးထားပြီးသားပဲ

အခက်မသင့်လို့နင်ရှုံးနှိပ်ချိန်

နင့်အနားဘယ်သူမှမရှိမှာကိုပဲ

စိုးရိမ်တာပါ။။။။။။။။။။။။။။။။။။။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့