Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 17 August 2012

" နင့်အတွက်ငါ "


နင့်ရဲ့ပျော်ရွှင်မှုကို
ငါတောင်းတတယ်။
နင့်ရဲ့အပြုံးကို
ငါအမြဲမျှော်လင့်တယ်။
နင့်ရဲ့သောကတွေကို
ငါအမြဲမျှဝေခံစားပေးချင်တယ်။
နင့်ရဲ့ဘ၀အမောတွေကို
ငါဖြေသိမ့်ပေးချင်တယ်။
နင်ပျော်ရွှင်တဲ့အချိန်မှာ အတူဖြတ်သန်းခွင့်မရရင်နေပါ
နင်စိတ်သောက ၊ဒုက္ခတွေ ခံစားနေရတဲ့အချိန်မှာတော့
နင့်ဘေးမှာနေပြီး
နင်နဲ့အတူ အဆိုးဆုံးအချိန်တွေကို ဖြတ်သန်းခွင့်ရချင်တယ်။
နင့်ကိုအားပေးကူညီရင်းနဲ့ပေါ။့
ငါ ဘယ်လိုဘဲဖြစ်နေပါစေ၊
နင့်ကိုအမြဲပျော်ရွှင်စေချင်တာ၊ ငါ့ရဲ့ဆန္ဒပါ။
နင့်ဆန္ဒတွေကို အမြဲဖြည့်ဆည်းပေးချင်နေမိတာက
ငါဘ၀ကို နင့်အတွက်လို့သတ်မှတ်လိုက်တဲ့အချိန်ကတည်းကပေါ့၊

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့