Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 17 August 2012

ထိုင်းနှင့် အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်ခန်း Cobra Gold ကို လေ့လာ အကဲခတ်လို၍ အမေရိကန်က လက်ခံနိုင်ရန်


u-thein-sein-sukumpol-suwanatat-b305ဤကိစ္စအတွက် ထိုင်းနိုင်ငံ ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး Air Chief Marshal Sukumpol Suwanatat သည် ပြီးခဲ့သည့် သြဂုတ်လ (၁၅) ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်နှင့် သွားရောက် တွေ့ဆုံခဲ့ပါသည်။
ဤခရီးစဉ်၌ ထိုင်းနှင့် အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်ခန်း  Cobra Gold ကို လေ့လာ အကဲခတ်လို၍ အမေရိကန်က လက်ခံနိုင်ရန် ညှိနှိုင်းရေးအတွက် ထိုင်းနိုင်ငံ၏ အကူအညီကို ကြိုးစား အားထုတ်သည့် အနေနှင့် ထိုင်းကာကွယ်ရေး ၀န်ကြီး ကို ဖိတ်ကြားခြင်း ဖြစ်သည်ဟု နေပြည်တော် သတင်းထုတ်ပြန်ချက်၌ ဖေါ်ပြပါသည်။
Cobra Gold သည် ထိုင်းနှင့် အမေရိကန်နိုင်ငံတို့ နှစ်စဉ် ကျင်းပသော စစ်ရေး လေ့ကျင့်ခန်းဖြစ်ပြီး၊ တခါတရံ၌ ဂျပန်၊ ဗီယက် နမ်နှင့်  အခြားအာဆီယံ နိုင်ငံများပါ ပူးပေါင်း လေ့ကျင်းကြပါသည်။ ဤစစ်ရေး လေ့ကျင့်ခန်းကို မြန်မာက လေ့လာ အကဲခတ် နိုင်ရန် အမေရိကန်နှင့် ညှိနှိုင်းပေးဖို့ ထိုင်းကာကွယ်ရေး ၀န်ကြီးကလည်း ဆန္ဒရှိကြောင်း ပြောပါသည်။
မြန်မာနိုင်ငံသည် သတ်မှတ်သော ဒီမိုကရေစီ စံနှုန်းနှင့် မပြည့်စုံသည့်နိုင်ငံဟု အမေရိကန်က သတ်မှတ်မှုအတွက် မြန်မာ နိုင်ငံက စိုးရိမ်မကင်း ဖြစ်နေကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ သည်ဟု ထိုင်းဝန်ကြီးက ဆိုပါသည်။
CG_01_0099900oopထိုညှိနှိုင်း ဆွေးနွေးပွဲသို့ ထိုင်းကာကွယ်ရေး ၀န်ကြီး၊ Marshal Sukumpol Suwanatat ဦးဆောင် တက်ရောက်ပြီး၊ မြန်မာ ဖက်မှသမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကာကွယ်ရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းတို့လည်း တက်ရောက် ခဲ့ပါသည်။
ဤခရီးစဉ်တွင် ထိုင်းမြန်မာ နယ်စပ်တလျှောက် မူးရစ်ဆေးဝါး တိုက်ဖျက်ရေး အစီစဉ်ကိုလည်း သတင်းဖလှယ်မှု အဆင့်မှ စတင်ရန် နှစ်ဖက် သဘောတူခဲ့ကြပါသည်။ ပြီးခဲ့သည့် ဇူလိုင်လ အကုန်ပိုင်း၌လည်း ထိုင်းနိုင်ငံ မူးရစ်ဆေးဝါး တိုက်ဖျက်ရေး နှင့် မြန်မာ မူးရစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့တို့ ပုဂံမြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
ဤသည် အမေရိကန် အကြိုက်ဖြစ်ရန် မြန်မာဖက်က လိုက်လျှောခဲ့ခြင်းဖြစ်နိုင်ကြောင်း၊ မူးရစ်ဆေးဝါး တိုက်ဖျက်ရေးသည်၊ မြန်မာ အစိုးရ တဖက်တည်းသာ တိုက်ဖျက်နေခြင်း မဟုတ်ကြောင်း၊ တိုင်းရင်းသား အဖွဲ့များဖြစ်သည့် ၀ ပြည် သွေးစည်းညီ ညွတ်ရေးပါတီ၊ ရှမ်းအဖွဲ့များနှင့် မိုင်းလားတို့ကလည်း ပါဝင်ဆောင်ရွက်ခဲ့သည်မှာ ကြာနေပြီးဖြစ်သည်ဟု လေ့လာသူများက ဆိုပါသည်။  မူးရစ်ဆေးဝါး တိုက်ဖျက်ရေးသည် နိုင်ငံရေး ကစားကွက် သဖွယ်ဖြစ်နေကြောင်း ဆိုကြပါသည်။
CG_OOPPKKLDDEEWWမြန်မာ အစိုးရသည် Cobra Gold စစ်ရေး လေ့ကျင့်မှုကို အကဲခတ် လိုတာထက် အမေရိကန်ပြည်ထောင်စု၏ ထောက်ခံမှုရ ရန် တစိပ်တပိုင်း ကြိုးစားမှုတရပ် ဖြစ်သည်ဟု လေ့လာသူများက ရှုမြင်ပါသည်။ မြန်မာအစိုးရသည် တရုတ်ကို အားကိုးရာက အမေရိကန်နှင့် ရင်းနှီးမှုရရန် ကြိုးစားနေကြောင်း ဆိုပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့