Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 10 August 2012

`ရယ်လိုက်ကြစို့ သူငယ်ချင်း´(ဟာသကဏ္ဍ


၁။မလာရဲဘူး
မြစ်တစ်ခုအတွင်းတွင် ရေကူးနေသော ကိုအလင်းရောင်သည် ကုန်းပေါ်တွင်ရှိသော
ရင်ခုန်သူကိုလှမ်းမေးလေသည်။
`ဒီမြစ်ထဲမှာ မိချောင်းရှိသလားဗျ´
`မရှိဘူးရဲရဲသာကူး ဒီကောင်တွေမလာ ရဲဘူး´
`ဘာလို့လဲ´
`မိချောင်းတွေက ငါးမန်းကို ကြောက်တယ်လေ´

၂။ မမေ့ကြပါနဲ့
 အမျိုးသမီးထံသို့ ၄င်း၏တိတ်တိတ်ပုံးချစ်သူ အမျိုးသားတစ်ယောက်ရောက်လာသည်။
ရောက်ပြီးမကြာမီ အမျိုးသမီး၏ ယောကျာ်းအိမ်ပြန်လာသဖြင့် ဘီထဲဝင်ပုန်းနေရန် သူမကတိတ်တိိတ်ပုန်း ချစ်သူကိုပြောသည်။ ယောက်ကျာ်း အလုပ်သို့သွားသည့် အခါကျမှ ပြန်ထွက်ရန်မှာသည်.။ ထိုအချိန်တွင် အိမ်ကိုမီးလောင်လေသည်။ အမျိုးသမီးနှင့်၎င်း၏ ယောကျာ်းက အခန်းတွင်းရှိ အ၀တိအစားများနှင့် ပန်းကန် များကိုအပြင်သို့ အပြေးအလွှား သယ်ထုတ်ကြသည်။ မီးတောက်များကြားမှ ယောကျာ်းတစ်ဦးရဲ့ အော်သံထွက်ပေါ်လာလေသည်။
`ပရိဘောဂတွေကိုလည်း သယ်ထုတ်ကြပါဦး´

၃။ဟင်းချိုသောက်ကြ
စိတ်ရောဂါကု ဆေးရုံတွင် လူနာတို့၏တိုးတက်မှု အခြေအနေကို စစ်ဆေးသည်။     
တစ်ဦးကို ပန်းကန်လွတ်တစ်လုံး စီနှင့်ဇွန်တစ်ချောင်စီပေးသည်။
`စားကြစားကြအင်မတန်အရသာရှိတဲ့ ဟင်းချိုပဲ´အားလုံးဟင်းချိုစသောက်ကြသည်။
တစ်ဦးသာမသောက်ပဲနေသည်။ထိုအခါဆရာဝန်ကတစ်ယောက်တော့ပြန်ကောင်းလာပြီအထင်နှင့်
ဝမ်းသာအားရမေးလိုက်လေသည်။  `ခင်ဗျားကဘာလို့မသောက်တာလဲ´      
`နည်းနည်းအေးသွားအောင် စောင့်နေတာပါ´

၎.။စွန့်လွှတ်ခြင်း
အနာဂတ် အိမ်ထောင်ရေး အကြောင်းကို ချစ်သူနှစ်ဦး တိုင်ပင်ဆွေးနွေးနေကြသည်။
`လက်ထပ်ပြီးရင် ဆေးလိပ်ဖြတ်မယ်ဆိုတဲ့ ဂတိကိုပေးနော်´
`ပေးပါတယ်အချစ်ရယ်´
`အရက်လဲမသောက်ရဘူး´
`မသောက်ပါဘူးကွာ´
`ညနေတိုင်း ကလပ်သွားတာကိုလဲရှောင်ရမယ်´
`ဒါအကုန်ပဲလား ´
`မောင်ကဒီ့အပြင် ဘာကိုများ ရှောင်ချင်သေးလို့လဲ´
လက်ထပ်မယ့်အစီအစဉ်´

၅။မလိုတာမလုပ်ပါနဲ့
မင်းသမီးအသစ်ကို ဒါရိုက်တာက ရှင်းပြနေသည
`အခုအခန်းမှာ မင်းဆိုဖာပေါ်မှာထိုင်နေရမယ်။
အဲ့ဒီ့အချိန်မှာအနုကြမ်းသမား ၀င်လာလိမ့်မယ်။
မင်းကိုတွေ့တဲ့အခါ သူမင်းကိုကြိုးနဲ့တုတ်ပြီး အဓမ္မကျင့်မယ်။
နားလည်တယ်နော်´`ဟုတ်ကဲ့ဒါနဲ့ အဲ့ဒီ့အနုကြမ်းသမားက ရုပ်ချောလားဟင်´
 `ချောတယ်´                  
`ဒါဖြင့်ကျွန်မကို ဘာကြိုးနဲ့ တုတ်စရာလိုသလဲ ရှင့်´

၆။မြဲမြဲကိုင်
စိတ်ရောဂါကု ဆေးရုံကို ပြန်လည်ပြင်ဆင်မွမ်းမံနေသည်။
ဆေးသုတ်သမားသည် နံရံကိုဆေးသုတ်နေသည်။
လူနာတစ်ယောက်ရောက်လာကာ ၄င်းကိုမေးသည်။
`ခင်ဗျားဆေး သုတ်တံကို သေသေချာချာ ကိုင်ထားရဲ့လား ´
`ကိုင်ထားပါတယ်´
`ဒါဆိုရင်ဒီလှေကား ကို ဖြုတ်လိုက်တော့မယ်နော်´

၇။ခရီးသွားဖော်
လေယျာဉ်ပေါ်တွင်ဖြစ်သည်။ ရင်ခုန်သူသည် သူ၏ဘေးတွင်ထိုင်နေသော
ချောမောလှပသည့် ကောင်မလေးနှင့် မိတ်ဖွဲ့ ချင်သည်။
သိုသော် အရှက်အကြောက် ကြီးသူ ဖြစ်သဖြင့် တော်တော်နှင့် မဆုံးဖြတ်ပဲ ဖြစ်နေသည်။
နောက်ဆုံးအရဲစွန့်ကာ မေးလိုက်လေသည်။
`ခင်ဗျားလည်း ဒီလေယာဉ်ပျံ စီးလာတယ်နော်´
၈။ဖားမင်းသားလေး
မင်းသမီးလေးတစ်ပါး ရေအိုင်ဘေး၌ တစ်ယောက်ထဲ ထိုင်နေလေသည်။
ရုတ်တရတ် ဖားလေးတစ်ကောင် မင်းသမီးပေါင်ပေါ် ကို ခုန်တက်လာပြီး
`အသင်မင်းသမီး ၊ ကျွနုအားနမ်းလိုက်ပါ။ ကျွန်ုပ်သည် မင်းသားလေးတစ်ပါး အဖြစ်သို့ပြောင်းသွားမယ်။
အဲ့ဒီ့အခါ သင်နှင့်ကျွနု အတူ နန်းတော်သို့လိုက်ပါကာ ကျွန်ုအား လိုအင် ဆန္ဒတွေကိုဖြည့်ဆည်းပေးမယ်။
တစ်သက်လုံးပျော် ရွှင်အောင် ထားပေးမယ်။ လို့ပြောသေယအခါ
မင်းသမီးလေးက ဖားအားကြော်စား လိုက်လေသည်။…:P

၉။ ဟုတ်သလိုပဲ
ဆရာမက ရင်ခုန်သူ(ကာရန်ငယ်)ကိုမေးတယ်။
`ကုန်းပေါ်မှာရောရေပေါ်မှာပါနေနိုင်တဲ့ သတ္တ၀ါဟာ ဘာလဲကွယ်´
ရင်ခုန်သူ ဖြေလိုက်သည်။
`သင်္ဘောသားပါဆရာမ´

၁၀။ မညီမျှလို့
လင်မယားနှစ်ယောက် တရားရုံးကိုရောက်လာလေသည်။
`ကျွန်မတို့ကို ကွာရှင်းပေးပါ။´
`ဟုတ်ပါတယ်ကျွန်တော်တို့ ကွာရှင်းချင်လို့ပါ´
တရားသူကြီးက `ဒါဆိုပိုင် ဆိုင်မှုတွေ တစ်ယောက်တ၀က်စီအညီအမျှ ခွဲယူရမယ်။´
`ပစ္စည်းတွေကတော့ ဟုတ်ပါပြီ ကျွန်မတို့မှာရှိတဲ့ ကလေးသုံးယောက်ကို ဘယ်လိုလုပ်မှာလဲ ခွဲလို့လဲမရ´
ထိုအခါယောက်ကျားက` ဒါဆိုညီမျှသွားအောင် ကျွန်တော်တို့ ကလေးတစ်ယောက်ထပ်ယူပြီး
တစ်နှစ်လောက်ကြာရင်ပြန်လာခဲ့ပါမယ်´

 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့