Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 1 August 2012

ရန်ကုန်မြို့ရှိ အခြေခံပညာ မူလတန်းကျောင်း အချို့တွင် နွားနို့ တိုက်ကျွေးမှု ပြုလုပ်သွားမည်



ရန်ကုန်တိုင်း ဒေသကြီး အတွင်း အခြေခံပညာ မူလတန်း ကျောင်းအချို့ရှိ ကလေးငယ် တွေကို နွားနို့တိုက်ကျွေးမှု အစီအစဉ်ကို သြဂုတ်လ အတွင်း ပြုလုပ်
သွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို တိုက်ကျွေးမှုကို တိုက်ကြီး၊ မင်္ဂလာဒုံနဲ့ ညောင်နှစ်ပင် စတဲ့မြို့နယ် တို့မှာရှိတဲ့ အခြေခံပညာ မူလတန်း ကျောင်းတွေက ကလေးငယ်တွေ အတွက် စတင် တိုက်ကျွေး သွားမှာ ဖြစ်ပါတယ်။

ဒီလို နွားနို့ တိုက်ကျွေးမှုကို အခြေခံပညာ မူလတန်းကျောင်း တွေမှာ တစ်ပတ်ကို တစ်ကြိမ် အနည်းဆုံး ပြုလုပ်မှာ ဖြစ်ပြီး ကလေးငယ် စုစုပေါင်း တစ်ထောင့် တစ်ရာကျော် တိုက်ကျွေး သွားမှာ ဖြစ်ပါတယ်။ အခုလို တိုက်ကျွေးမှု ကိုတော့ အိမ်နီးချင်း နိုင်ငံတွေနဲ့ အာဆီယံ နိုင်ငံများရှိ ကျောင်းတွေမှာ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး ပြည်တွင်း မှာလည်း အစိုးရနဲ့ အတူ ပြင်ပမှ အလှူရှင်တွေက ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ အခုလို နွားနို့ တိုက်ကျွေးမှု ပြုလုပ်ဖို့အတွက် ရန်ပုံငွေ ကျပ်သိန်း ၆၀ နဲ့စတင် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဒီလို ဆောင်ရွက်ရာမှာ ရန်ကုန်မှာ သာမက နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်နဲ့ မိတ္ထီလာတို့ မှာရှိတဲ့ အခြေခံပညာ ကျောင်းတွေ မှာလည်း နွားနို့တိုက်ကျွေးမှု တွေကို ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို မူလတန်း ကျောင်းသား တွေကို နွားနို့ တိုက်ကျွေးမှုတွေ မပြုလုပ်မီ မှာတော့ ကလေးတွေရဲ့ လက်သန့်ရှင်းမှု၊ နွားနို့ပုံးတွေရဲ့ သန့်ရှင်းမှုတွေကို အထူး ဂရုပြု ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့