Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 22 August 2012

မိုး

မိုး .. မိုး 
ဒီနေ့ ရွာသွန်းပေးပါ 
နှလုံးသွေးတွေ စွန်းထင်းနေတဲ့ ငါ့ရဲ့အင်္ကျီကို လျှော်ဖွပ်ပေးပါ .. ။
မိုး .. မိုး 
ဒီနေ့ ရွာသွန်းပေးပါ 
ငါ့မျက်နှာပေါ်က မျက်ရည်တွေကို ဆေးကြောပေးပါ .. ။
မိုး .. မိုး 
ဒီနေ့ ရွာသွန်းပေးပါ 
ရင်ထဲက နာကျင်မှုတွေကို အဝေးကိုယူဆောင်သွားပေးပါ .. ။
မိုး .. မိုး 
ဒီနေ့ ရွာသွန်းပေးပါ 
စိုးရွံ့မှုတွေကို ပယ်ဖျောက်ပေးပါ .. ။
မိုး .. မိုး 
ဒီနေ့ ရွာသွန်းပေးပါ 
အမှတ်တရတွေအားလုံးကို သန့်ရှင်းပေးပါ .. ။
မိုး .. မိုး 
ဒီနေ့ ရွာသွန်းပေးပါ 
ဒီခံစားမှုတွေကနေ ခဏလောက်ပဲ အနားရအောင်လို့ပါ .. ။
မိုး .. မိုး 
ဒီနေ့ ရွာသွန်းပေးပါ ..

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့