ရင်နှစ်ပန်းသို့ တမ်းတခြင်း
မမျှော်လင့် ရဲပါဘူးဖူးပွင့် လာတဲ့ ရင်နှစ်ပန်း
အလှမ်းကကွာ
လမ်းကမသာလင့် 
မချင့် မရဲနဲ့ မို့ 
ဖွင့် ပြောခြင်တဲ့ စကား
ရင်ထည်းမှာသိမ်းထားရတာ
တိမ်းပါးသွားမှာတစ်မျိုး
စိမ်းကားသွားမှာလည်းစိုး
အမျိုးမျိုးအတွေးနဲ့ 
ခိုးခိုးဆွေးနေရတဲ့ ငါ့ အဖြစ်
နင့် အချစ်ကိုမမျှော်လင့် ရဲလို့ ပါ......
ပြောခြင်ပါလျှက်
ပြောမထွက်ဝန့် တဲ့ စကား
ခံစားရတာကိုစောင်လိုခြုံ
တောင်လိုပုံနေတဲ့ ချစ်ခြင်းမေတ္တာ
ငါဘယ်လိုသိမ်းထားရမလည်း
ခေါင်းထည်းမှာစဉ်းစားရင်း
မိုးလင်းညတွေလည်းများခဲ့ ပေါ့ .....

ပြောခြင်တာတွေ
မပြောရလေသမျှ
သောကရဲ့ ဒီအခင်း
လောကရဲ့ ငရဲတွင်းမှာ
နေဆယ်စင်းဝင်ကာရောက်သလို
ခြောက်သွေ့ ရတဲ့ ငါ့ နှလုံးသားတစ်စုံ
အခုံတောင်ရပ်တော့ ရယ်လေမလား......

ပြောလည်းပြောမထွက်
မပြောလည်းမပြောရက်နဲ့ 
သောကနဲ့ နှောင်ဖွဲ့ နေတဲ့ ငါ
လောကရဲ့ မှောင်တဲ့ တစ်နေရာကနေ
စာမျက်နှာမှာထင်တဲ့ အတွေး
လာလာငေးရင်း
အဆွေးတစ်စင်းနဲ့ 
မိုးလင်းရတဲ့ ငါ
ဒီတစ်ခါတော့ 
ဒီကဗျာလေး
ငါလေ ရေးမိလိုက်ပါရဲ့ 
ဒါဟာရင်နှစ်ပန်းလေးအတွက်ရယ်ပါ.....

No comments:
Post a Comment