*** ချစ်သူရဲ့ ရက်စက်ခြင်း ***
ရောင်နီဖြိုးဖြ နေ၀င်စမှာ
ချစ်စကိုစွဲ အတွေးပွဲဝင်
စိတ်ထဲမြင်လို့ တမ်းတမိ ...
ပြစ်ဖယ်ရှောင်ခွာ ရင်နာစွာဖြင့်
သဲမှာနင့်အောင် သူကဆောင်တော့
အိပ်တောင်မပျော် ညညနော် ...
တိတ်ဝေဒနာ ဖြေလို့ရှာလည်း
ရင်မှမချိ မင်းမသိတော့
လွမ်းမိရတာ အမြဲပေါ့ ...
ခွဲခွာစကား မင်းနုတ်ဖျားက
ထွက်အားပိုတာ မယုံပါလည်း
ဖြေကာစိတ်ထား တကယ်လားဟင် ...
ကိုပေးထားတဲ့ ကတိဖွဲ့တွေ
သိခဲ့လေရဲ့ ရက်စက်တဲ့ခါ
ချစ်မဲ့စွာဖြင့် မင်းပြုကျင့်တယ် ...
အခုတော့လေ တစိမ်းတွေလို
ပစ်ပိုမသနား ကို့ကိုထားခဲ့
လွမ်းအားကြွယ်လို့ မျက်နှာငယ် ...
No comments:
Post a Comment