Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 12 August 2012

အမျိုးသားလွှတ်တော်က အတည်ပြုပြီး ဥပဒေကြမ်းသုံးခု ပြည်သူ့လွှတ်တော် ထံပေးပို့

အမျိုးသား လွှတ်တော်တွင် အတည်ပြု ထားပြီးဖြစ်သော ‘လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်း´ အပါအ၀င် ဥပဒေကြမ်း သုံးခုကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ တင်သွင်းနိုင်ရန်နှင့် ကိုယ်စားလှယ်များ လေ့လာ နိုင်ရန် ပြည်သူ့ လွှတ်တော်သို့ ပေးပို့ ဖြန့်ဝေ ထားကြောင်း ပြည်သူ့လွှတ်တော်၏ တရားဝင် ထုတ်ပြန်ချက် အရသိရှိရသည်။

အမျိုးသား လွှတ်တော်တွင် စတင် တင်သွင်း၍ အတည်ပြုပြီးသော `နိုင်ငံတော် ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့ အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း´ ကို သြဂုတ်လ ၇ရက်နေ့တွင် လည်းကောင်း၊ `ပြည်သူ့အကျိုးပြု ဝန်ဆောင်မှု လုပ်ငန်းများ ကာကွယ်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း´ ကို သြဂုတ်လ ၈ရက်နေ့တွင် လည်းကောင်း၊ `လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်း´ ကို သြဂုတ်လ ၃ ရက်နေ့တွင် လည်းကောင်း အမျိုးသားလွှတ်တော်က ပြည်သူ့လွှတ်တော်ထံ ပေးပို့ထားခြင်း ဖြစ်သည်။

The Voice Weekly


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့