Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 7 August 2012

ပြည်ထောင်စု အစိုးရ အဖွဲ့မှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များနှင့် ပူးပေါင်း ဆွေးနွေးမှုများ ပြုလုပ်သွားမည်



နိုင်ငံတော် သမ္မတကြီးရဲ့ နိုင်ငံတော် ပြုပြင် ပြောင်းလဲရေး Reformed Strategy Plan အရ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် ပြည်ထောင်စု
အစိုးရအဖွဲ့ အနေနဲ့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီး မှာရှိတဲ့ ၀န်ကြီး ဌာနများနဲ့ ပူးပေါင်းကာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ အတွက်ကို ကဏ္ဍ အလိုက် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ဖို့ နိုင်ငံတော် သမ္မတကြီးမှ ညွှန်ကြားချက်များ ထုတ်ပြန် ထားတယ်လို့ ပြည်ထောင်စု အစိုးရအဖွဲ့ အသိုင်းအ၀ိုင်းမှ သိရပါတယ်။

အဆိုပါ ညွှန်ကြားထားမှု မှာတော့ နိုင်ငံတော် သမ္မတကြီးမှ ပြည်ထောင်စု အစိုးရ အဖွဲ့မှ သက်ဆိုင်ရာ ၀န်ကြီးဌာန အသီးသီးကို ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီး မှာရှိတဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ကဏ္ဍအလိုက်၊ ဒေသအလိုက် ဆွေးနွေးပွဲ၊ အလုပ်ရုံများ ပြုလုပ်ဖို့ ညွှန်ကြား ထားတာ ဖြစ်ပါတယ်။ အဲ့ဒီလို လုပ်ဆောင်မှု ကိုတော့ ပြည်ထောင်စု အစိုးရ အဖွဲ့ အနေနဲ့ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီး မှာရှိတဲ့ ဌာန ဆိုင်ရာများ၊ အဖွဲ့အစည်းများနဲ့ စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက် ရမှာဖြစ်ပြီး ယခုနှစ် ၂၀၁၂ ခုနှစ် အတွင်းမှာ အပြီး လုပ်ဆောင် ရမှာဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့