Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 7 August 2012

ရန်ကုန်နှင့် သီလ၀ါ ဆိပ်ကမ်းများတွင် ဆိပ်ခံ တံတားသစ် ၄၀ ကျော် ထပ်မံ တည်ဆောက်မည်



ပြည်တွင်းမှ ထုတ်ကုန်များ တင်ပို့ခြင်းနဲ့ ပြည်ပမှ သွင်းကုန်များ တင်သွင်းမှု အစရှိတဲ့ ပို့ကုန် သွင်းကုန် လုပ်ငန်းများကို ပင်လယ် ရေကြောင်းမှ အများဆုံး
ဆောင်ရွက် လျက်ရှိရာ လက်ရှိ ရန်ကုန်နဲ့ သီလ၀ါ ဆိပ်ကမ်း များမှာရှိတဲ့ ဆိပ်ခံတံတားများ အပြင် ဆိပ်ခံတံတားသစ် အစင်း ၄၀ ကျော် ထပ်မံ တည်ဆောက် သွားဖို့ စီစဉ် ဆောင်ရွက် လျက်ရှိတယ်လို့ ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဉဏ်ထွန်းအောင် ပြောကြားချက် အရ သိရပါတယ်။

ဒီလို ဆောင်ရွက်ရာ မှာတော့ ရန်ကုန်ဘက် ကမ်းရှိ ဆိပ်ကမ်း နယ်မြေ တစ်လျှောက်မှာ တံတားသစ် ၁၄ စင်း ထပ်မံ တည်ဆောက် သွားမှာ ဖြစ်ပါတယ်။ သီလ၀ါဘက် ဆိပ်ကမ်း နယ်မြေများ မှာတော့ ဆိပ်ခံ တံတားသစ်ပေါင်း အစင်း ၃၀ ကျော် ထပ်မံ တည်ဆောက် သွားမှာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ရန်ကုန်ဘက် ဆိပ်ကမ်း နယ်မြေ တစ်လျှောက်မှာ ဆိပ်ခံတံတားပေါင်း ၁၈ စင်း ရှိပြီး သီလ၀ါဘက် ခြမ်းမှာတော့ ဆိပ်ခံတံတား ၆ စင်းနဲ့ ဆိပ်ကမ်းပိုင်း ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါတယ်။

ယခုလို စီစဉ်ထားတဲ့ ဆိပ်ခံတံတားသစ်များ တည်ဆောက်မှု စီမံကိန်း ပြီးစီးပါက ရန်ကုန် ဘက်ခြမ်းရှိ ဆိပ်ကမ်း နယ်မြေ တစ်လျှောက်မှာ နိုင်ငံခြား ပင်လယ်ကူး သင်္ဘော ၃၂ စင်းဟာ ကုန်တင်၊ ကုန်ချ လုပ်ငန်းများကို တစ်ပြိုင်နက် ဆောင်ရွက် နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သီလ၀ါ ဆိပ်ကမ်း နယ်မြေ မှာလည်း ဆိပ်ကမ်းပိုင်း ဆိုင်ရာ လုပ်ငန်းများကို ပိုမို တွင်ကျယ်စွာ ဆောင်ရွက်လာ နိုင်မှာ ဖြစ်ပါတယ်။

ဒီလို ဆောင်ရွက်ရ တာဟာ ရေကြောင်းမှ ပို့ကုန် သွင်းကုန်များရဲ့ ၈၅ ရာခိုင်နှုန်းကို လက်ခံ ဆောင်ပေးနေတဲ့ ရန်ကုန်ဆိပ်ကမ်း အပြင် ကျန်တဲ့ ဆိပ်ကမ်းများ ကလည်း ဆောင်ရွက် ပေးနေတာ ဖြစ်တဲ့ အတွက် နောင်လာမယ့် အနှစ် ၂၀ လောက်အထိ ဆိပ်ကမ်းပိုင်း ဆိုင်ရာ လုပ်ငန်း များမှာ ပိုမို လျင်မြန်စွာ ဆောင်ရွက်နိုင်ရေး စီမံချက် တစ်ခုအနေနဲ့ ဆောင်ရွက် ရတာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့