Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 7 August 2012

ယူနက်စကို ညွှန်ကြားရေးမှူးချုပ် ပထမဆုံးအကြိမ် လာရောက် ဆွေးနွေးမှုများ ပြုလုပ်သွားမည်



ယူနက်စကိုရဲ့ ညွှန်ကြားရေးမှူးချုပ် Ms.Irina Bokova ဟာ ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံကို လာရောက်ကာ ဆွေးနွေးမှုများ ပြုလုပ် သွားမှာ
ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆွေးနွေးရာမှာ နေပြည်တော်ရှိ သက်ဆိုင်ရာ ၀န်ကြီး ဌာနများမှ တာဝန်ရှိ သူများနဲ့ ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ ယခုလို ဆွေးနွေးရာ မှာတော့ ပညာရေး ကိစ္စများ၊ သတင်းအချက် အလက်နဲ့ မီဒီယာပိုင်း ဆိုင်ရာ ကိစ္စများ၊ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စများ၊ ရေအရင်းအမြစ်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်များ အစရှိတာ တွေကို နေပြည်တော်ရှိ သက်ဆိုင်ရာ ၀န်ကြီးဌာန အသီးသီးမှ တာဝန်ရှိ သူများနဲ့ ကဏ္ဍအလိုက် ဆွေးနွေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယူနက်စကိုမှ ညွှန်ကြားရေးမှူးချုပ် Ms.Irina Bokova ဟာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နဲ့လည်း တွေ့ဆုံဖို့ အတွက် ခွင့်တောင်း ထားတယ်လို့ သိရပါတယ်။  ညွှန်ကြားရေးမှူးချုပ် Ms.Irina Bokova ဟာ သြဂုတ်လ ၆ ရက်နေ့ ညပိုင်းမှာ ရန်ကုန်မြို့သို့ ရောက်ရှိပြီး သြဂုတ်လ ၇ ရက်နေ့ မှာတော့ နေပြည်တော်ကို သွားရောက်ကာ ဆွေးနွေးမှုများ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှ တစ်ဆင့် ပုဂံဒေသကို သွားရောက် မှာဖြစ်ပြီး သြဂုတ်လ ၉ ရက်နေ့မှာ ရန်ကုန်ကို ပြန်လည် ရောက်ရှိမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ မှာတော့ ရွှေတိဂုံ စေတီတော်မြတ်ကြီးသို့ သွားရောက် ဖူးမြော်ခြင်း၊ ရန်ကုန်မြို့တွင်းရှိ ရှေးဟောင်း အဆောက်အအုံ များကို လှည့်လည် ကြည့်ရှုခြင်း အစရှိတာ တွေကို ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သြဂုတ်လ ၁၀ ရက်နေ့ မှာတော့ မီဒီယာ သမားများနဲ့ တွေ့ဆုံမှုများ ပြုလုပ်သွားမှာ ဖြစ်ပြီး အဲ့ဒီနောက် မှာတော့ ရန်ကုန် ပညာရေး တက္ကသိုလ်မှာ ဟောပြောပွဲ ပြုလုပ် သွားမှာ ဖြစ်ကာ အဆိုပါ နေ့မှာပဲ မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။ ယခုလို မြန်မာနိုင်ငံကို လာရောက် လည်ပတ်ခဲ့တဲ့ ညွှန်ကြားရေးမှူးချုပ် Ms.Irina Bokova ဟာ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ မှစတင်ကာ ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ ယူနက်စကိုရဲ့ ပထမဆုံး အမျိုးသမီး ညွှန်ကြားရေးမှူးချုပ် အဖြစ် ရွေးချယ်ခံရတဲ့ အမျိုးသမီး တစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့