Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 7 August 2012

နေပြည်တော်ရှိ ဟိုတယ်များအား စီးပွားရေး လုပ်ငန်းရှင်များ အတွက် MICE MARKET အဖြစ် ဆောင်ရွက် သွားမည်



မြန်မာနိုင်ငံရဲ့ အုပ်ချုပ်မှု ဗဟိုအချက်အချာ ကျတဲ့ နေပြည်တော်ကို စီးပွားရေး အချက်အချာကျ တဲ့ ရန်ကုန်မြို့ကဲ့သို့ ဧည့်သည်များ လက်ခံ နိုင်ရေးကို တိုးမြှင့်
ဆောင်ရွက် သွားဖို့ရှိပြီး နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းရှင်များ အတွက်လည်း MICE MARKET တစ်ခုအဖြစ် ဆောင်ရွက် သွားဖို့ ရှိတယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

နေပြည်တော်ကို စီးပွားရေး လုပ်ငန်းရှင်များ အတွက် စီးပွားရေး တွေ့ဆုံ ဆွေးနွေးမှု Meeting များ၊ စီးပွားရေး စွဲဆောင်မှုများ၊ ညီလာခံများနဲ့ ပြပွဲများ လုပ်ဆောင်တဲ့ MICE MARKET အဖြစ် စီစဉ် ဆောင်ရွက် သွားဖို့ ရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် နေပြည်တော်သို့ နိုင်ငံတကာမှ လာရောက်တဲ့ Business Visa နဲ့ ၀င်ရောက်လာသူ ခရီးသည်များ ပိုမိုများပြား လာတာ နဲ့အမျှ ဟိုတယ် အခန်းတွေမှာ Business ခရီးသွား ဧည့်သည်များကို လက်ခံ ဆောင်ရွက်နိုင်ရေး အတွက် ၀န်ဆောင်မှု အခြေအနေများ၊ လူသား ရင်းမြစ် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို ဟိုတယ်မှ တာဝန်ရှိ သူတွေနဲ့ ၀န်ကြီးဌာန ပူးပေါင်း လုပ်ဆောင်ဖို့ အတွက် ကိုလည်း ညွှန်ကြား ထားတယ်လို့ သိရပါတယ်။

ယခုလက်ရှိ နေပြည်တော်ရှိ ဟိုတယ်တွေမှာ စီးပွားရေး လုပ်ငန်းရှင်များ လာရောက် တွေ့ဆုံ ဆွေးနွေးမှု တွေနဲ့ နိုင်ငံတကာမှ တာဝန်ရှိသူများ လာရောက် တွေ့ဆုံမှု တွေကြောင့် ဟိုတယ်များမှာ လုံခြုံရေးနဲ့ ပတ်သက်ပြီး၊ လူလုံခြုံရေး၊ ပစ္စည်းလုံခြုံရေး၊ ခြံစည်းရိုး ကာရံရေးနဲ့ လုံခြုံရေး ကင်မရာများ တပ်ဆင်မှု အတွက် ကိုလည်း သက်ဆိုင်ရာ ဟိုတယ်များမှ တာဝန်ခံ မန်နေဂျာများကို ညွှန်ကြား ထားတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့