Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 7 August 2012

ယခုနှစ်ကုန် ပိုင်းတွင် ပုဂ္ဂလိက အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပြု ပေးမည်



မြန်မာ့ အာမခံ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပုဂ္ဂလိက အာမခံ လုပ်ငန်း လုပ်ကိုင်ခွင့် များကို ယခုနှစ် နှစ်ကုန်ပိုင်း ၀န်းကျင်မှာ
လုပ်ကိုင်ခွင့်များ ခွင့်ပြုပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိက အာမခံ လုပ်ငန်း လုပ်ကိုင်မှု အတွက် လျှောက်ထားတဲ့ လျှောက်လွှာ ၂၀ ခန့် ရှိပြီး လုပ်ကိုင်ခွင့်များ ချထားပေးမှုကို အာမခံ လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့မှ စိစစ်ရွေးချယ် လျက်ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီလို စိစစ် ရွေးချယ်ပြီးပါက ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနရဲ့ အတည်ပြုချက်ကို ရယူမှာ ဖြစ်ပြီး လုပ်ကိုင်ခွင့် ရရှိတဲ့ ကုမ္ပဏီဟာ ယခုနှစ် စက်တင်ဘာလ ဒါမှမဟုတ် အောက်တိုဘာလ ၀န်ကျင်းမှာ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ဌာနကို မှတ်ပုံတင် နိုင်မှာ ဖြစ်ပါတယ်။ ခွင့်ပြုချက် ရရှိတဲ့ ကုမ္ပဏီများဟာ မိမိတို့ လုပ်ကိုင်မယ့် အာမခံ လုပ်ငန်း အလိုက် မတည် ရင်းနှီးငွေကို သတ်မှတ် ထားတဲ့ မြန်မာ့ စီးပွားရေး ဘဏ်မှာ ပေးသွင်းရမှာ ဖြစ်ပါတယ်။ သတ်မှတ် ထားတဲ့ မတည်ရင်းနှီးငွေ ပမာဏတွေ ကတော့ အသက် အာမခံ လုပ်ငန်း လုပ်ကိုင်မယ့် ကုမ္ပဏီတွေဟာ မြန်မာကျပ်ငွေ သန်းခြောက်ထောင် ပေးသွင်းရမှာ ဖြစ်ပါတယ်။

အထွေထွေ အာမခံ လုပ်ငန်း လုပ်ကိုင်မယ့် ကုမ္ပဏီတွေ ကတော့ မြန်မာကျပ်ငွေ သန်းပေါင်း လေးသောင်း ပေးသွင်း ရမှာဖြစ်ပြီး အသက် အာမခံ လုပ်ငန်းနဲ့ အထွေထွေ အာမခံ လုပ်ငန်း နှစ်မျိုးစလုံး လုပ်ကိုင်မယ့် ကုမ္ပဏီတွေ ကတော့ မြန်မာကျပ်ငွေ သန်းပေါင်း လေးသောင်း ခြောက်ထောင် ပေးသွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့