Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 7 August 2012

ဆီးဂိမ်းပြိုင်ပွဲ အခမ်းအနားများ စီမံခန့်ခွဲမှု လုပ်ငန်းများ အတွက် ပုဂ္ဂလိက ကုမ္ပဏီများအား တင်ဒါခေါ်ယူ



မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပ သွားမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားရဲ့ စီမံခန့်ခွဲမှု လုပ်ငန်းများ
အတွက် ပုဂ္ဂလိက ကုမ္ပဏီများကို တင်ဒါခေါ်ယူထား လျက်ရှိတာ ဖြစ်တယ်လို့ သက်ဆိုင်ရာ ၀န်ကြီးဌာနရဲ့ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။ ဒီလို တင်ဒါ ခေါ်ယူရာမှာ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနား အပြင် ပြိုင်ပွဲ အားကစား ယှဉ်ပြိုင်စဉ် စီမံခန့်ခွဲရေး လုပ်ငန်း ကိုလည်း ပုဂ္ဂလိက ကုမ္ပဏီကို ငှားရမ်း တာဝန်ပေး အပ်ကာ ပြိုင်ပွဲ ကျင်းပရေး ကော်မတီက ကြီးကြပ် သွားမှာ ဖြစ်ပါတယ်။

ဒီလို ပုဂ္ဂလိက ကုမ္ပဏီကို ငှားရမ်း တာဝန် ပေးအပ်ဖို့ အတွက် တင်ဒါ ခေါ်ယူရွေးချယ် တဲ့အခါ လုပ်ငန်း အတွေ့အကြုံ ရှိခြင်း၊ လုပ်ငန်း ဆိုင်ရာ ၀န်ဆောင်မှု၊ စွမ်းရည် မြင့်မားခြင်း၊ ခေတ်မီ IT နည်းပညာများ သုံးရာမှာ အထောက်အကူ ပြုပစ္စည်းနဲ့ နည်းပညာ မြင့်မား ကောင်းမွန်ခြင်း အစရှိတဲ့ အချက်များပေါ် မူတည်ပြီး ရွေးချယ် ငှားရမ်း သွားမှာ ဖြစ်ပါတယ်။ အခုလို တင်ဒါခေါ်ယူမှု အတွက်ကို တင်ဒါဝယ်ယူ တင်သွင်းသူ ပြည်တွင်း၊ ပြည်ပ လုပ်ငန်း ကုမ္ပဏီ ၁၉ ခုရှိခဲ့တာ ဖြစ်ပြီး အဲ့ဒီ တင်ဒါ အဆိုပြုလွှာ များကို သြဂုတ်လ ၃ ရက်နေ့က ဖွင့်ဖောက်ပြီး စနစ်တကျ ပုံစံသွင်းပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး စိစစ်ရွေးချယ် ဘုတ်အဖွဲ့က တွေ့ဆုံ စစ်ဆေး ဆွေးနွေး သွားမယ့် အခြေအနေ အရပ်ရပ် ကိုလည်း အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့