Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 1 August 2012

ဒီမိုကရေစီနှင့် ဆန္ဒထုတ်ဖော်ယဉ်ကျေးမှု

နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် တရားဝင် ဆန္ဒပြနိုင်ပါပြီ။
အစိုးရသစ်တက်လာပြီး ၁၅ လအကြာ ပေါ်ပေါက်လာသော ထိုအခွင့်အလမ်းက မြန်မာနိုင်ငံ၏  ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် မြန်ဆန်ချောမွေ့ရန်၊ ပြည်သူများနှင့် အုပ်ချုပ်သူများ၏ ခေတ်မီ၊ ရင့်ကျက်မှုကို အကဲဖြတ်ရန် ရှိနေပါသည်။ တရားဝင်ဆန္ဒပြနိုင်သောနည်းဥပဒေပြဋ္ဌာန်းပြီး သုံးပတ်ကျော်လာသောအခါ ပြည်သူအချို့မှာ အာဏာပိုင်အချို့၏ တာဝန်ယူမှု၊ ရင့်ကျက်မှုကြောင့် ဥပဒေနှင့်အညီ ဆန္ဒပြခွင့်ရသူများရှိသကဲ့သို့ ပြည်သူအချို့မှာ အာဏာပိုင်အချို့၏    ခေတ်နောက်ပြန်ဆွဲသော အပြုအမူများကြောင့် ဆန္ဒဖော်ထုတ်ခွင့် မရကြသေးပေ။

ဆန္ဒပြခွင့် နည်းဥပဒေ သို့မဟုတ် ဥပဒေဆိုင်ရာ လှပသော အသုံးအနှုန်းဖြင့် ဆိုပါက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီ တန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေကို ပြည်ထဲရေးဝန်ကြီးဌာန က ၂၀၁၂ ဇူလိုင် ၅ ရက်က ထုတ်ပြန်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၈၊ ပုဒ်မ ၃၅၄၊ ပုဒ် မခွဲ(ခ)ပါ “နိုင်ငံသားတိုင်းသည် လက်နက်မပါဘဲ ငြိမ်းချမ်းစွာစု ဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်”ဟူသော အချက်နှင့်အညီ ရေးဆွဲခဲ့သော ဥပဒေကို ပြည်ထောင်စု လွှတ်တော်က ၂၀၁၁ ဒီဇင်ဘာ ၂ ရက်က ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီ တန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းအပြီး လက်တွေ့အသက်ဝင်ရန် ခုနစ်လအကြာတွင် နည်းဥပဒေပြဋ္ဌာန်းခဲ့ခြင်းဖြစ်၏။

၁၉၆၂ တပ်မတော်က အာ ဏာသိမ်းပြီးနောက်ပိုင်း နှစ် ၅၀ ကျော်အကြာ ဒီမိုကရေစီအစိုးရ လက်ထက်တွင် ပထမဆုံး တရား ၀င်ဆနပြခွင့် ပြုခဲ့သည့် အနေအ ထားမှာ ယခင်အခြေအနေများနှင့် နှိုင်းယှဉ်လျှင် အခြားနားကြီး ခြားနားသည်။   ယခင်က  အချို့ကာလများ၌ လူငါးယောက်ထက် ပိုစု ဝေးလျှင်ပင် ရာဇ၀တ်မှုမြောက်ကာ ဖမ်းဆီးခံရနိုင်သော အခြေအနေများဖြင့်သာ စခန်းသွားခဲ့ ရသော နိုင်ငံသားအများစု အတွက်အပြောင်းအလဲကြီးပင်ဖြစ်၏။

ယခင်က ပုံမှန်မဟုတ်သော အခြေအနေ၊ အရေးပေါ် ကာလများတွင် အာဏာပိုင်များက ပြစ်မှုဆိုင်ရာ ဥပဒေ(ရာဇသတ်ကြီးဥပဒေ)ပြဋ္ဌာန်း
လျှင် သတ်မှတ်ကာလများ၌ လူငါးယောက်ထက်ပို၍   စုဝေးခွင့်မပြုခဲ့ပါ။အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွှတ်တော်အမတ် ဦးဖြိုးမင်း သိမ်းကလည်း လူထု၏ ဆန္ဒထုတ်ဖော်ခွင့်ရရေးမှာ ဒီမိုကရေစီနိုင်ငံများတွင် အခြေခံကျပြီး အဓိကအချက်ဖြစ်ကြောင်း အောက်ပါအ တိုင်းပြောသည်။

“နိုင်ငံသားတွေရဲ့ ဆန္ဒထုတ်ဖော်မှုဆိုတာ ဒီမိုကရေစီနိုင်ငံတွေ မှာ အရေးကြီးပါတယ်။ ပြည်သူလူထုရဲ့ အသံကို ဒီမိုကရေစီ လွှတ်တော်တွေမှာ အခြေပြုပြီး လှုပ်ရှားရတာပါ။ ဒါကြောင့်မို့ ပြည်သူလူထုရဲ့အသံက ဒီမိုကရေစီရှင် သန်ရေးအတွက် အရေးကြီးတဲ့ အချက်ထဲမှာ ပါပါတယ်”

“ပြည်သူလူထုရဲ့အသံဟာ အချိန်ကာလတစ်ခုတုန်းက လုံးဝငြင်းပယ်ခံခဲ့ရတယ်။ တိုင်းပြည်ကဖွံ့ဖြိုးနေတယ်။ တည်ငြိမ်အေးချမ်း နေတယ်။ ပြည်သူက ဆန္ဒထုတ်ဖော်ခြင်း၊ ပြည်သူလူထုရဲ့ အခက်အခဲပြောတာက ဆူပူအုံကြွချင်တယ်လို့ မြင်ခဲ့ကြတယ်။ အခုတော့ အဲဒီလိုအမြင်မျိုး မရှိတော့ဘူးလို့ ကျွန်တော်ပြောနိုင်တယ်”ဟု ပြည်သူ့လွှတ်တော်အမတ် ဦးဖြိုးမင်းသိမ်းက ယခင်နှင့် ယခုအခြေအနေကို နှိုင်းယှဉ်ပြသည်။

ပြည်သူ့လွှတ်တော်ရှိ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီအတွင်းရေးမှူး ဦးတင်မောင်ဝင်းကလည်း ပြည်သူများ၏ ဆနဖော်ထုတ်မှုမှာ ဒီမိုကရေစီနိုင်ငံများအတွက် အရေးကြီးကြောင်း ပြောသည်။ “ဒီမိုကရေစီနိုင်ငံမှာ ဒါ(ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်း ဥပဒေ)ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ် ပဲလေ။ ဆနဖော်ထုတ်ကြတာက စိုးရိမ်စရာ မဟုတ်ပါဘူး”ဟု ၎င်းကပြော၏။

တရားဝင်ဆန္ဒပြခွင့်ပေးပြီး နောက် ဥပဒေနှင့်အညီ ပထမဆုံး ဆန္ဒဖော်ထုတ်မှုကို ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန်များကြောင့် လယ်သိမ်းခံရသော လယ်သမားများက ဇူလိုင် ၁၅ ရက်တွင် ပြုလုပ်ခဲ့သည်။ ထို့နောက် ကုမ္ပဏီ ၁၅ ခုနှင့် အကျိုးတူလယ်ယာစိုက် ပျိုးရေးကြောင့် နစ်နာခဲ့ရသော ဒဂုံဆိပ်ကမ်းမှ လယ်သမားများ၏ စုဝေးဆန္ဒဖော်ထုတ်မှု၊ ဆည်ရေ လှောင်မှုကြောင့် နောက်ဆက်တွဲ ပြဿနာကြုံနေရသော မြစ်သား မြို့လူထု၏ ပန်းလောင်မြစ်ကို သဘာဝအတိုင်း စီးဆင်းခွင့်ပြုရန် စီတန်းလှည့်လည်ဆနပြမှု၊ တစ်မြို့တည်း ကျောက်မျက်ရတနာဈေး နှစ်ဈေးဖြစ်နေ၍ တစ်ဈေးတည်း သာဖြစ်အောင် တာဝန်ရှိသူများ ဆောင်ရွက်ပေးရန် စစ်ကိုင်းမြို့မှ ကျောက်မျက်ရတနာ အရောင်း ဆိုင်ပိုင်ရှင်များ၏ ဆန္ဒဖော်ထုတ်မှုစသဖြင့် ဒေသအနှံ့တွင် ဒီမိုကရေစီစနစ်နှင့်အညီ ငြိမ်းချမ်းသောဆန္ဒပြမှုများ ပေါ်ပေါက်လာသည်။

သက်ဆိုင်ရာမြို့နယ်ရဲတပ် ဖွဲ့မှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ခွင့်မပြု၍ ဆနပြခွင့်မရသူများလည်းရှိပါသည်။ ကြေးနီတူး
ဖော်ရေးစီမံကိန်းကြောင့် နစ်နာသည်ဆိုသော    လက်ပန်းတောင်းတောင်ခြေရှိ ကျေးရွာ ၁၄ ရွာမှလယ်သမားများက မုံရွာမြို့တွင်ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုချက် တောင်းခံသည်ကို ဇူလိုင် ၂၃  ရက်က ခွင့်မပြုကြောင်း သက်ဆိုင်ရာကစာပြန်သည်။

လပွတ္တာမြို့နယ် သဲဖြူကုန်း နှင့် ညောင်ပင်ကျေးရွာနှစ်ရွာမှ လယ်သမား ၁၅၀ ကျော်က အသိမ်းခံရသော လယ်ဧက ၅၀၀ ကျော်အတွက် ဆန္ဒဖော်ထုတ်ရန် ကြိုးပမ်းမှု၊ ထန်းတပင်မြို့နယ်မှ လယ်သမားများက အသိမ်းခံရသော လယ်မြေများအတွက် ဆန ပြရန်စီစဉ်မှုမှာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ တင်ပြခြင်းအဆင့်၌ပင် ရှေ့မတိုးနိုင်ဘဲ နောက်ပြန်ဆုတ်ခဲ့ကြောင်း ထိုလယ်သမားများအရေး ဆောင်ရွက်ပေးနေသော ဥ ပဒေအတိုင်ပင်ခံ ကိုဖိုးဖြူကပြောသည်။ ထိုဖြစ်စဉ်နှစ်ခုတွင်  ရဲများ
က လယ်သမားများအား ဆန္ဒပြရခြင်း၏ ရည်ရွယ်ချက်အပြင် နစ် နာမှုကို သက်သေပြရန် စသဖြင့် တရားခံအား အမှုစစ်သကဲ့သို့ ပြု မူသည့်အတွက် ဆနပြလိုသော လယ်သမားများကို ဆန္ဒပြခွင့် လျှောက်ထားခြင်း စာမတင်နိုင်စေရန် သွယ်ဝိုက်ဖိအားပေးသည့် သ ဘောဆောင်ရွက်ကြောင်း ၎င်းက ပြောသည်။

“ညှိနှိုင်းသလိုလို ခေါ်ယူဆွေးနွေးသလိုလိုနဲ့ စာမတင်ဖို့ သွယ်ဝိုက်ဖိအားပေးတယ်။ ဆန္ဒပြဖို့ လျှောက်ထားတဲ့သူတွေကို ရဲတွေ က တရားခံစစ်စစ်တယ်။ လယ် သမားနဲ့ သာမန်ပြည်တွေ ရဲစခန်း လာရမှာ စိုးရိမ်မှုကို သိတဲ့အတွက်အကြိမ်ကြိမ်ခေါ်တယ်။ ဆန္ဒပြဖို့ လိုင်စင်လျှောက်ထားတဲ့ လယ်သမားတွေ ဆန္ဒပြခွင့်အယူခံ လျှောက်ထားဖို့အတွက်ကိုပါ ဆုံးရှုံးသွားစေတယ်။ ဒီလိုနည်းအားဖြင့် ဥပဒေ ကို လက်တစ်လုံးခြား လုပ်နေတာကို ခံနေရတယ်”ဟု ကိုဖိုးဖြူက သူ့ အတွေ့အကြုံကိုပြောသည်။

“အဲဒီမြို့နယ်အုပ်ချုပ်ရေးမှူး နဲ့ ရဲတပ်ဖွဲ့မှူးတွေက ဒီလယ်မြေတွေသိမ်းထားပြီး သူတို့ရနေတာ မဟုတ်ဘူး။ သို့သော်ငြားလည်း သူတို့လက်အောက်က စီမံခန့်ခွဲတဲ့ လုပ်ပိုင်ခွင့်ကို လာရောက်ထိခိုက်တယ်ဆိုတဲ့စိတ်နဲ့ တန်ပြန်တာ ကြုံတွေ့ရတယ်”ဟု လယ်သမား၊ အလုပ်သမားအရေး တက်ကြွစွာ ဆောင်ရွက်နေသော ၎င်းကဆို သည်။

ဆန္ဒပြခွင့် လျှောက်ထားပြီး ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းပယ်ခံရသူသည် ငြင်းပယ်စာလက်ခံရသည့်နေ့မှ ၇ ရက်အတွင်း သက်
ဆိုင်ရာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ရဲတပ်ဖွဲ့မှူးထံ အယူခံနိုင်သည်။ အထက်ပါ ဖြစ်စဉ်နှစ်ခု တွင် လက်ပန်းတောင်းတောင်မှ လယ်သမားများမှာ အယူခံတင် နိုင်သေးသော်လည်း လပွတ္တာမြို့နယ်နှင့် ထန်းတပင်မြို့နယ်မှ တောင်သူများမှာ ဆန္ဒဖော်ထုတ် ရန် လျှောက်ထားခွင့်ပင်မရ၍ အယူခံခွင့်ပါ အလိုအလျောက် ဆုံးရှုံးသွားသည်။

အခန်းလေးခန်း၊ စာမျက်နှာ ငါးမျက်နှာ ပါဝင်သော နည်းဥပဒေတွင် ဆန္ဒပြလိုသူသည် ရည် ရွယ်ချက်၊ ဦးဆောင်မည့် ပုဂ္ဂိုလ်၊ ဟောပြောမည့် ပုဂ္ဂိုလ်နှင့်အ ကြောင်းအရာ၊ ကြွေးကြော်သံများ စသည့် အချက်တို့ဖြင့် ငါးရက်ကြို ၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှူးထံ တင်ပြလျှောက်ထားရန် ဖော်ပြ ထားသည်။ လျှောက်လွှာလက်ခံ ခြင်း၊ လိုအပ်ချက်များရှိပါက လိုအပ်ချက်များ ရှင်းပြ၍ ပြန်ပေးခြင်း၊ လျှောက်လွှာကို အတည်
ပြုခြင်း အားလုံးကို စောလျင်စွာ ဆောင်ရွက်ရန်လည်း ပြဋ္ဌာန်းထားသည်။

နိုင်ငံတော်လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး (သို့မဟုတ်) ပြည်သူ တို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသော ဥပဒေများနှင့် မဆန့်ကျင်လျှင် ဆနပြခွင့် ခွင့်ပြု မိန့်ထုတ်ပေးရန် ငြင်းပယ်ခြင်းမပြု ရဟု ဖော်ပြထားသည်။ ခွင့်ပြုမိန့်
ငြင်းပယ်ခံရသူမှာလည်း ငြင်းပယ်ခံရပြီးနောက် ၇ ရက်အတွင်း  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူးထံ   အယူခံတင်သွင်းနိုင်သည်။

မြန်မာနိုင်ငံ၏ ဆန္ဒပြခွင့်ဥပ ဒေမှာ ပြဋ္ဌာန်းချက်များအရ အ ခြားဒီမိုကရေစီနိုင်ငံများမှ ဥပဒေ များကဲ့သို့ မပြည့်စုံလျှင်ပင် လက် တွေ့အသုံးချရန် လုံလောက်ကြောင်း ဥပဒေပညာရှင်များနှင့် နိုင်ငံရေးလေ့လာသူများက ဆိုကြသည်။အာဆီယံတွင် မြန်မာထက် အဆများစွာ ဖွံ့ဖြိုးချမ်းသာသော မလေးရှားနိုင်ငံဥပဒေထက် မြန်မာဥပဒေက ပိုမိုကောင်းမွန်သည်။ သို့သော် ရင့်ကျက်သော ဒီမိုကရေစီ နိုင်ငံကြီးများကဲ့သို့ ဆန္ဒပြလိုသူများ ဆန္ဒဖော်ထုတ်ရေးမှာ ပိုမိုလွယ်ကူချောမွေ့ရန်လိုသေးသည်။ ဥပမာ ဂျာမနီနိုင်ငံတွင် လွတ်လပ်စွာစုဝေးခွင့်၊ ဆနပြခွင့်အတွက် သက်ဆိုင်ရာရဲစခန်းသို့ နှစ်ရက်သာ ကြိုအကြောင်းကြားရန် လိုသည်။ တင်ပြလာသော ဆန္ဒပြ ခွင့်အားလုံးနီးပါးကို သက်ဆိုင်ရာ က ခွင့်ပြုပေးသည်။

ဂျာမနီနိုင်ငံတွင် လူဦးရေအများ ဆုံးဖြစ်သော ဘာလင်မြို့မှ ရဲတပ်ဖွဲ့အကြီးအကဲ အိုလီဗာတိုးလ်  (Oliver Tolle)က ဆန္ဒပြမှုများတွင်
စိုးရိမ်ပူပန်သော အဓိကအချက်မှာ ဆန္ဒပြသူများက အကြမ်းဖက်မည်ကိုသာ ဖြစ်ကြောင်းပြောသည်။
ဘာလင်မြို့တွင် ငြိမ်းချမ်းသော ဆန္ဒြပမှုများမှာ တိုးလျက်ရှိပြီး တစ်နှစ်လျှင် ဆန္ဒပြမှု (၁၀၀၀) ၀န်းကျင်ရှိသည်။ လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခွင့်ကို နိုင်ငံသားများ၏ အခြေခံရပိုင်ခွင့်အဖြစ် ဂျာမနီနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ   Article-8    တွင် ပြဋ္ဌာန်းထားသည်။ ဆနပြလိုသူများသည် အဆင်ပြေစေရန် ဆန္ဒပြခွင့်လျှောက်ထားခြင်းမှ လက်တွေ့ဆန္ဒပြသည်အထိ လုပ်ငန်းစဉ်များကို ကြားမှအခ မဲ့ ဆောင်ရွက်ပေးသော အစိုးရ မဟုတ်သော အဖွဲ့အစည်းများ   (NGO)   လည်းရှိသည်။ ဆန္ဒပြသူများအတွက် ကြားမှဝန်ဆောင်မှုပေးသော    CLOF (Creative Lobby of Future)    အဖွဲ့မှ တာဝန်ရှိသူ ဂျောဂန်ဂျနန်ကအဖွဲ့ တည်ထောင်ပြီး ၅ နှစ်ကျော်အတွင်း ဆန္ဒပြမှုပေါင်း (၇၀၀၀) ကျော် ဖြစ်မြောက်အောင် ဆောင် ရွက်ပေးခဲ့ကြောင်း ပြောသည်။ လက်ရှိ ပြည်တွင်း၌  ဆန္ဒပြမှုများကို အဓိကဦးဆောင်သူများမှာ နိုင်ငံရေးသမား အများဆုံးဖြစ်ပြီး လှုပ်ရှားတက်ကြွသူ    (Activists)    အနည်းငယ်သာရှိသည်။ ဂျာမနီနိုင်ငံတွင်မူ ကဏ္ဍအလိုက် လှုပ်ရှားတက်ကြွသူများက အဓိကဦးဆောင်ကြသည်။

နည်းဥပဒေနှင့် ပတ်သက်၍ ဥပဒေပညာရှင် ဦးသန်းမောင် (စစ်တွေ)က ဆနပြခွင့် ပြု၊မပြု ဆုံးဖြတ်ခွင့်ရှိနေသော ဒေသအာ
ဏာပိုင်အချို့၌ ကြိုးနီစနစ်ရှိနေခြင်းနှင့်  မူဝါဒပိုင်းတွင်ပါ   ၎င်းတို့ကစွက်ဖက်လိုခြင်းကို ထောက်ပြသည်။ “ကြိုးနီစနစ်ဆန်သေး
တယ်။ ဌာနဆိုင်ရာလုပ်ထုံးလုပ် နည်းကို သိပ်ပြီးတော့ ဦးစားပေးလွန်းနေတယ်ပေါ့ဗျာ။ သူတို့မြို့နယ်ရဲစခန်းမှူးနှင့် အုပ်ချုပ်ရေးမှူး
များက ဒီကိစ္စ ဆန္ဒပြသူများ၏ တောင်းဆိုချက်ကို ဖြေရှင်းပေးရမယ့် လူလည်းမဟုတ်ဘူးဗျ။ သူတို့ကဖြေရှင်းပေးရမယ့် လူဆိုရင်လည်း
သူတို့ဆီပဲ  တင်လိုက်တော့မှာပေါ့။ သူတို့အနေနဲ့ လုပ်ထုံးလုပ်နည်းနဲ့ ညီ၊မညီပဲ စစ်စေချင်တယ်။ ကျွန်တော်မြင်တာကတော့ မူဝါဒ
ပိုင်းရေးရာများဟာ   သူတို့နဲ့မဆိုင်ဘူး”ဟု ဦးသန်းမောင်(စစ်တွေ)က အကြံပြုသည်။

“လျှောက်ထားတဲ့အခါ ဘာ တွေနစ်နာလို့ ဘယ်လိုပြုပြင်ပြောင်း လဲ စေချင်တယ်ဆိုတဲ့ ရည်ရွယ် ချက်ထည့်သွင်းရတယ်။ အဲဒီမှာ
အရေးဆိုတဲ့ကိစ္စကို မစဉ်းစားတော့ဘဲနဲ့ နစ်နာနေတာမှန်၊ မမှန်ဆို တာနဲ့ ပတ်သက်ပြီး အထောက်အ ထားတွေ တောင်းတယ်ခင်ဗျ။ နစ် နာတဲ့ ကိစ္စတွေဟာ ထိခိုက်လွန်း လို့ မြေယာကော်မတီမှာဖြစ်စေ၊ တရားရုံးတွေမှာဖြစ်စေ သွားတောင်း နေပါတယ်ဆိုကာမှ နစ်နာမှုတွေ ကို သက်သေထူပြီးမှ အဲဒါတွေကို အတည်ပြုပြီးမှပဲ ကျွန်တော်တို့ရဲ့ အရေးဆိုမှုကို ခွင့်ပြုမယ်ဆိုတဲ့ ပုံစံမျိုး။ နစ်နာမှုတွေ အတည်ပြုနိုင်
မယ့် အထောက်အထားတွေ တောင်းတာမျိုးက ဥပဒေပြဋ္ဌာန်းချက်တွေ နဲ့ မညီညွတ်ပါဘူး”ဟု ကိုဖိုးဖြူက ဒေသအာဏာပိုင်အချို့၏ ဗျူရိုက
ရက်ဆန်မှုကို ဝေဖန်သည်။

ဥပဒေမှာ မြို့နယ်ရဲတပ်ဖွဲ့ မှူး၊ အုပ်ချုပ်ရေးမှူးတို့က လိုသလို စည်းမျဉ်းစည်းကမ်းများ ထပ်မံ ဖြည့်စွက် ခွင့်ပြုထားသကဲ့သို့ ဖြစ် နေခြင်းနှင့် ဆနပြခွင့်ပြု၊ မပြုနှင့် ပတ်သက်၍ အခြေခံအချက်အ လက်များကို ပြည့်စုံစွာမဖော်ပြ ထားခြင်းမှာ အားနည်းချက်များ ဖြစ်သည်ဟု ၎င်းကအကြံပြုသည်။

နည်းဥပဒေပါ ပြဋ္ဌာန်းချက်များမှာ လက်တွေ့ဆောင်ရွက်လာသောအခါ အားနည်းချက်များရှိ ပါက ပြင်ဆင်နိုင်သည်။ “ဥပဒေ ဆိုတာ ဘယ်တော့မှ ပြည့်စုံတယ် မရှိဘူး။ ကျင့်သုံးနေရင်းနဲ့ လိုအပ်တာ ဖြည့်စွက်တာ လုပ်ရတယ်။ နည်းဥပဒေဆိုတာ သက်ဆိုင်ရာ ၀န်ကြီးဌာနက ထုတ်ပြန်တာ။ နည်းဥပဒေမှာ ချွတ်ချော်မှု၊ အားနည်းမှု၊ လိုအပ်မှုပေါ်လာရင်လည်း အလွယ်တကူ ဖြည့်စွက်လို့ ရတယ်၊ ထပ်ပြီးတော့ ထုတ်လို့ရ တယ်”ဟု  အထက်တန်းရှေ့နေ ဦးသန်းမောင်ကပြောသည်။

ဆန္ဒပြမှုများကို ဗျူရိုကရက် ဆန်သော ဒေသအာဏာပိုင်အချို့က စိုးရိမ်သကဲ့သို့ဆန္ဒပြမှုများကြောင့် နိုင်ငံရေးပြုပြင်ပြောင်း
လဲမှုများ နောက်ကြောင်း မပြန်ရန် ပူပန်သူများလည်းရှိသည်။“ကျွန်တော်တို့ ဘာကြောင့် ဆနပြသလဲဆိုတာက အရေးကြီးတယ်။ ဆန္ဒပြစရာမလိုသ၍ ကာလပတ်လုံး ကျွန်တော်တို့ဆန္ဒမပြပါဘူး။ ဆန္ဒပြတာတွေမှာ ပထမ ဆုံးနစ်နာသူရှိရမယ်။ အဲဒီနစ်နာ သူက အခြားသော နည်းလမ်းနဲ့ ဆန္ဒဖော်ထုတ်ခွင့် မရှိတဲ့အခြေအနေမှာ သက်ဆိုင်ရာတွေကို တင် ပြပြီးလို့ ဘာမှမထူးတဲ့ အခြေအနေမှာ ဆန္ဒပြကြတာ” ဟု လယ်သ မားများ၏ နစ်နာချက်များနှင့် ပတ်သက်၍ ဆက်တိုက်ဦးဆောင် ဆန္ဒဖော်ထုတ်ပေးနေသော ဦးဝင်းချိုကလည်း ဆန္ဒပြရခြင်းအခြေအ နေကို ရှင်းပြသည်။

ကလေးမြို့ ကျောက်မျက်ရ တနာဈေး တစ်ဈေးတည်းဖြစ်ရေး ဆနဖော်ထုတ်ရာတွင် ပါဝင်ခဲ့ သော ကျောက်မျက်ရတနာလုပ် ငန်းရှင် ဒေါ်နှင်းဝေက ၎င်းတို့၏ ဆန္ဒနှင့် နစ်နာမှုများကို သက်ဆိုင်ရာသို့ စာတင်ပြသော်လည်း မထူးသည့်အဆုံး ဆန္ဒပြခြင်းဖြစ်ကြောင်း ဖွင့်ဟသည်။ နိုင်ငံရေးနှင့် မပတ်သက်ဖူးပဲ တစ်ကြိမ်မျှ ဆန္ဒမပြဖူးဘဲ နစ်နာမှုများကြောင့် ဇူလိုင် ၂၃ ရက်က ဆန္ဒပြသူ၏အတွေ့ အကြုံကို ပြန်လည်ဝေမျှသည်။

“စပီကာလည်း  မကိုင်ဖူးဘူး။ ကြောက်တယ်။ ရင်ထဲက လုံးဝခံစားရလို့လုပ်တာ။ ဒီလိုဆန္ဒဖော်ထုတ်ခွင့်ရတဲ့အတွက် တအား
ဝမ်းသာတယ်။ ခံစားနေရတာ ရင်ထဲတော့ တစ်ဝက်လောက် ပေါ့သွားတယ်”။      ၎င်းတို့တောင်းဆိုချက်ကို သက်ဆိုင်ရာက မည်သို့မျှ မဆောင်
ရွက်ပေးလျှင် နောက်တစ်ကြိမ်ဆန္ဒဖော်ထုတ်မည်ဟု ဒေါ်နှင်းဝေကဆို၏။

လူထုဆန္ဒဖော်ထုတ်မှု၊ ဆန္ဒပြမှုများမှာ ဒီမိုကရေစီအတွက် အရေးပါပြီး မရှိမဖြစ်ကိစ္စဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ်ကလည်း  7Day News   နှင့် အင်တာဗျူးတွင် မှတ်ချက်ပြုသည်။ ဆန္ဒဖော်ထုတ်မှုများမှာ  လူထု၏ ရည်ရွယ်ချက်များ ဖြည့်ဆည်းနိုင်ရန်၊ လူထုအကျိုးစီးပွားမြှင့်တင်ရေးအတွက် အစိုးရကဆောင်ရွက်ရမည် ကိုသိရန်၊ အရပ်ဘက်အဖွဲ့အစည်း များ စုစည်းရန်လည်းဖြစ်ကြောင်း ၎င်းကပြောသည်။ “အမေရိကန်မှာဆို အရပ်ဘက်လူ့အဖွဲ့အစည်းတွေက အစိုးရထဲက ပုဂ္ဂိုလ်တွေ အပေါ် တင်းတင်းကျပ်ကျပ် ထိန်းကွပ်ထားပါတယ်။ သူတို့က မေးခွန်းတွေထုတ်တယ်။ ဝေဖန်ရေးလုပ်တယ်။ ဒါဟာဒီမိုကရေစီနဲ့ လွပ်လပ်ခွင့်အရ လုပ်တာ။ ဒါကို မြန်မာအစိုးရထဲကလူတွေ နားလည်ထားဖို့လိုတယ်”ဟု ဒီမိုကရေ စီ ရှေ့ဆောင်နိုင်ငံဖြစ်သော အမေရိကန်နိုင်ငံသား သံအမတ်ကြီးက ဆက်ပြောသည်။

သို့သော် “ဘာမှမရှိရာမှ” ဆန့်ကျင်ဘက်လုံးလုံးရှိရာသို့ အပြောင်းအလဲများ မြန်မြန်ဆန်ဆန် ပြုလုပ်ချိန်တွင် မတည်ငြိမ်မှုများ ဖြစ်နိုင်
၍ဂရုပြုသင့်ကြောင်း နိုင်ငံတကာပဋိပက္ခများ  လေ့လာရေးအဖွဲ့   ICG   ၏ အဆိုအား ကိုးကား၍ စာရေးဆရာ ကျော်ဝင်းက  အကြံပြုသည်။

“ကျွန်တော်တို့ဆီမှာ နှစ် ၅၀ လောက်က ပိတ်ဆို့ခံထားရတာ။ လူတွေဘက်ကလည်း ပြောချင်ဆိုချင် သဘာဝကျတယ်။ တာဝန် ရှိတဲ့သူတွေဘက်ကလည်း လုံးဝပိတ်ဆို့ထားရင် မဖြစ်ဘူး။ ဖွင့်တော့ဖွင့်ပေးရမှာ။ ဒါပေမဲ့ အဖွင့် လွန်ပြန်ရင်လည်း ဘရိတ်ပေါက်သွားနိုင်တဲ့ အန္တရာယ်ရှိတော့ ထိန်းထိန်းသိမ်းသိမ်းသွားကြရမယ်ထင်ပါတယ်။ လူထုဘက်က ဆနဖော်ထုတ်တာက တစ်ပိုင်းပေါ့။ တစ်ခုလုံးနဲ့တော့ ချိန်စဉ်း စားဖို့လိုတယ်။ တစ်ခုလုံးဆိုတာက အခုလောလောဆယ်ရောက်နေတဲ့ အနေအထားက ကျွန်တော် တို့တစ်သက်မှာ တစ်ခါပဲကြုံရတဲ့ အကောင်းဘက်ကို ဦးတည်နိုင်တဲ့ အခွင့်အလမ်း။ အဲဒီတစ်ခုလုံး အ ကျိုးစီးပွားနဲ့ ချိန်ဖို့လိုတယ်။ အစိုး ရဘက်ကလည်း ဖွင့်သင့်သလောက် ဖွင့်ပေးရမယ်။ နှစ်ဖက်စလုံး ထိန်းထိန်းသိမ်းသိမ်း သွားနိုင်ရင် တ ဖြည်းဖြည်း နှစ်ဖက်လုံး ရင့်ကျက်လာမှာပဲ”ဟု ဒီမိုကရေစီ အသွင်ကူး
ပြောင်းမှုနှင့် ပတ်သက်၍ စာအုပ်များရေးသားခဲ့သော စာရေးဆရာကျော်ဝင်းက ပြောသည်။

စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီနိုင်ငံသို့ ကူးပြောင်းစ အခြေအနေတွင် ဒီမိုကရေစီနစ်နှင့်အညီ ဆန္ဒပြခြင်း၊ ဆနဖော်ထုတ်ခြင်း များ၌ လူထုက စည်းကမ်းရှိရန်၊ဆန္ဒမစောရန် လိုသကဲ့သို့၊အာဏာပိုင်များကလည်း ခေတ်နောက်ပြန်မဆွဲဘဲ ဒီမိုကရေစီ အလေ့အထများကို သိရှိ၊ လက်ခံကျင့်
သုံးနိုင်ရန်လိုသည်။ နှစ်ဖက် ပူးပေါင်းမှုဖြင့် ဒီမိုကရေစီ အလေ့အထများနှင့် ယဉ်ပါးလာကာ ပိုမို ရင့်ကျက်လာမည်ဖြစ်ကြောင်း ဥပဒေပညာရှင်များနှင့် နိုင်ငံရေးသမားအများစုက ပြောသည်။

နိဂုံးချုပ်ရသော် ဒီမိုကရေစီ နိုင်ငံများတွင် စည်းကမ်းတကျ ဆန္ဒပြခြင်း၊ ဆန္ဒဖော်ထုတ်ခြင်းများသည် စိုးရိမ်စရာမဟုတ်ဘဲ ဒီမိုကရေစီ အလေ့အထများသာဖြစ် သည်ကို နားလည်လက်ခံနိုင်ရန် အရေးကြီးသည်။      ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့