Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 4 August 2012

တိမ်ငွေ့လူးတဲ့ လတစ်စင်း



ကျမ…..
ထိုဆေးရုံလေးတွင် ward servant ဟုခေါ်သော အလုပ်သမားအဖြစ်ရောက်ရှိခဲ့သည်မှာ
တစ်နှစ်ခန့်ရှိတော့မည်ဖြစ်သည် ။ ဆယ်တန်းစာမေးပွဲကို ၂ကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့ပြီးနောက် ဆေးရုံတွင်
ထမင်းချက် ဖြစ်သော ဖေဖေက ကျမအား ဆေးရုံတွင် လစ်လပ်နေသော အလုပ်သမားနေရာတွင် အလုပ်ရရန်
ကြိုးစားပေးခဲ့သည်။
””သမီးမလုပ်ချင်ဘူးဖေဖေ….ဈေးပဲရောင်းချင်တယ်….ဆေးရုံမှာ အထွေထွေ လုပ်သားလုပ်ရမှာ ကြောက်လည်း ကြောက်တယ် ရွံလည်းရွံတယ်…”
ဘာကြောက်စရာရှိလည်း သမီးရယ်……ရွံစရာလည်း မရှိပါဘူး… သမီးအလုပ်ဝင်တာနဲ့ ကိုယ့်စီနီယာတွေက သမီးကို စနစ်တကျ လုပ်တတ်အောင် သင်ပေးကြမှာပါ…။ နောက်ဆို အကူသူနာပြုတွေ ခေါ်တဲ့ အခါ ဆေးရုံ ၀န်ထမ်းဖြစ်ထားတော့…သမီးအတွက် အခွင့်အရေးပိုရှိတာပေါ့….. ဈေးရောင်းခိုင်းရအောင်လည်း ဖေဖေတို့မှာ
အရင်းအနှီးမှမရှိပဲသမီးရယ်…..။ သမီးအဒေါ်လည်း ရှိနေတာပဲ ဘာပူစရာလိုလဲ”
ကွန်ပေါင်ဒါ ဖြစ်သော အမေ့အစ်မကြီး ဒေါ်မြတ်မြတ်ခင် ကို ကျမ သိတတ်စဉ်ကတည်းက ဆေးရုံ OPD
တွင်အမြဲမြင်တွေ့ခဲ့ရသည်။ မမကြီးက သူ့အလုပ်ကို သိပ်ချစ်တာဟု မေမေ မဆုံးမီက
အမြဲလိုလိုပြောပြခဲ့ဖူးသည် ။ အလုပ်တက်ချိန်ဘယ်တော့မှ နောက်မကျတတ်သလို ၊ ခွင့်ယူခြင်းလည်း
ရှားပါးလွန်းသည် ။ နေမကောင်းဖြစ်သည်ကိုပင် ခွင့်မယူပဲ အလုပ်တက်နေခဲ့သည် ။ အများတကာတွေ
တစ်နှစ်တစ်ကြိမ်…လုပ်သက်ခွင့်ရအောင် ယူတတ်ပမယ့် အဒေါ်ကတော့ မယူ ။
"ငါဘယ်မှ သွားစရာမရှိပဲ မယူုပါဘူး ပြီးတော့ ငါက အလုပ်မတက်ရရင် မနေတတ်တော့ဘူးဟ" ဟု
အမြဲပြောတတ်သည် ။
ကိုယ့်အခွင့်အရေးနဲ့ကိုယ်ပဲ တစ်နှစ်မှာ တစ်ခါ ရတဲ့ အခွင့်အရေးတော့ ရအောင်ယူမှာပဲ ဟု ပြောတတ်သော
အပြာဝတ် ဆရာမ ဒေါ်ခင်အုန်းနှင့်တော့ ကွာလှသည်လေ…။ တစ်နှစ်ခန့် ကြာလာတော့ ကျမ ထိုအလုပ်ကို
လုပ်ရတာ အသားကျလာ၍ လားမသိ ပျော်လာသည် ။ အတွေ့အကြုံများလည်းရသလို လူတွေ
အကြောင်းလည်း တော်တော်လေး သိလိုက်ရသည်ကိုး…။
ယခုလည်း ဆေးရုံအုပ်အသစ်ပြောင်းရွှေ့လာမည်တဲ့လေ….။ သူ့အတွက် နေရမည့်အိမ်မှာ ဆေးရုံအုပ်
အဟောင်းမသွားသေး၍ guest house တွင် ပြင်ဆင်ပေးရမည်ဖြစ်၍ ကျမနှင့် သန့်ရှင်းရေးအလုပ်သမား
မီးငယ်…ရုံးအဖွဲ့မှာစာရေး မမပြုံး တို့ မနက် ၁၀နာရီကတည်းက ယခု နေ့လည် ၁၂
နာရီလောက်ထိတစ်အိမ်လုံး အိမ်သာ ရေချိုးခန်းမကျန် ဆေးကြော သန့်ရှင်းရေးလုပ်ကာ
အိပ်ယာခမ်းနား ပြင်ဆင် လိုက်ကာ အသစ်များတပ်နှင့် ခုချိန်ထိမနားရသေး။ ဗိုက်ကလည်း
အတော်ဆာနေပြီ…..။ ရုံးစာရေး မမပြုံး စိတ်တိုင်းကျမဖြစ်မချင်း ကျမတို့ ကြိုးစားလုပ်နေရဦးမည်လေ…။
”ကဲကဲ တော်လောက်ပြီ…. ထမင်းပြန်စားကြတော့……။ ward ထဲမှာ လုပ်စရာတွေ လုပ်ပြီးရင် ညနေ တစ်ခေါက်
ထပ်လာခဲ့ကြနော်….. ထမင်းစား စားပွဲနဲ့ ပန်းကန်တွေ စတိုဆောင်က သွားယူရဦးမယ်”
”ဟုတ်ကဲ့ မမပြုံး”
နောက်ရက်မှာ ဆေးရုံအုပ်ကြီးရောက်လာသည်ဟု သိရသည်။ ကျမတို့ ward ကို ရောက်မလာသေး၍
မမြင်ဖူးသေး…။ဆရာမ ခင်ဦးကတော့….
"အရမ်းသဘောကောင်းမယ့်ပုံ"
ဟုပြောသည်။ နောက်တစ်ပတ်ခန့်မှ ဆရာဝန်ကြီးအသစ်ကျမတို့ ward သို့လာ Round သည်။ဂျူတီကျသော
အပြာဝတ် ဆရာမအား သူ့ဆေးခန်းတွင် ကူမည့်သူလို ၍ရှာပေးရန်ပြောကာပြန်သွားတော့သည်။
ဆရာကြီး ပြန်သွားတော့ ဆရာမက ကျမကိုခေါ် ပြောသည်။
”နွေးနွေး ..နင် ၁၀ တန်းထိ ကျောင်းနေခဲ့တာပဲ….ဆေးခန်းမှာသွားကူနိုင်မလား
.နင်လည်းဗဟုသုတရတာပေါ့….လစာတော့ဘယ်လောက်ပေးမလည်းမသိဘူး။”
" ဖြစ်ပါ့မလား အန်တီစုရယ် သမီး ward ထဲက အလုပ်တွေရော…”
" အဲဒါတွေ နင်စိတ်ပူမနေနဲ့..ငါ sister ကိုပြောပြီး ဂျူတီ ရိုစတာဆွဲတဲ့အခါ ကြည့်စီစဉ်လိုက်မယ်..။
အရေးကြီးတာ ဆရာကြီးဆေးခန်းအတွက် လူလိုနေတာ ဖြေရှင်းပေးရမယ်..ကြားလား”
”ဟုတ်ကဲ့ အန်တီ…”
ကျမ မလုပ်ဖူးသေးသောအလုပ်မို့ နဲနဲတော့ စိုးရိမ်မိပေမယ့်…စိတ်ဝင်စားမိသည်လေ။ နောက်နေ့နံနက်မှ စ၍
ကျမ ဆရာကြီးဆေးခန်းသို့ စသွားရတော့သည်။
”သမီးကို ဆရာကြီး လစာငါးထောင်ပေးမယ်..ကျေနပ်လား”
”“ဟုတ်ကဲ့…”
လစာ ငါးထောင် နည်းတာပေါ့ဟု ကျမ ပြောရဲသော သတ္တိမှ မရှိတာလေ..
ကိုယ့်အထက်လူကြီးဆိုတော့ သူပြောသမျှနဲ့ ကျေနပ်ရမည်ပေါ့…။ ဆရာဝန်ဟူသည်မှာ
ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံသူ ၊ကရုဏာစိတ်ကြီးမားသူ လူနာများအပေါ်နားလည်တတ်သူများဟုသာ ကျမ
ယုံကြည်ထားမိသည် ။ သို့သော်….ဆေးခန်းတွင် ကူညီပြီး တစ်လအတွင်း
ထင်မှတ်မထားမိသော ပြုမူချက်များကို ကျမတွေ့ခဲ့ရတော့သည် ။
ဆရာကြီး…..ကျမဖြတ်ထားရတဲ့ လက်က အနာနည်းနည်း ဖြစ်လာသလိုပဲ..”
”ပြစမ်း…….အင်း နင့်အနာကို အသားတွေခြစ်ပစ်ပြီးမှ ဆေးပြန်ထည့်မှရမယ်”
”ဟုတ်….ကျမ ကြောက်တယ်…ဆရာကြီး”
ဆတ်ကနဲ တင်းမာသွားသောမျက်နှာကို ကျမတွေ့လိုက်ရသည်။
”ကြောက်ရင်လည်း မလုပ်နဲ့တော့”
”ဟို …..လုပ်မှာပါ…ကျမ နည်းနည်း ကြောက်မိလို့”
လူနာစကားကို လုံးဝ ဆက်နားမထောင်တော့ပဲ တခြားလူနာကိုသာ ကြည့်နေတော့သည့် ဆရာဝန်ကြီးအား
ကျမနားမလည်နိုင် …လူနာကြောက်တတ်သည်မှာ သဘာဝပင်မဟုတ်ပါလား။ ဒါကိုတောင်
နားလည်မပေးနိုင်ဘူးလားဟု တွေးမိရင်း… လက်ပြတ်ထားသော လူနာ အစ်မ အတွက် စိတ်မကောင်းဖြစ်မိသည်
။လူနာ ၅ ယောက်ခန့် ကြည့်ြ့ပီးသည့်တိုင်….လက်ပြတ်ထားသော လူနာအား လှည့်၍ပင်မကြည့်..ဒီတော့မှ
ထိုအစ်မမှာ ကျမအား ၀မ်းနည်းစွာ ပြုံးပြကာ ပြန်သွားတော့သည်။

ဆေးရုံမှာလည်း ထိုနည်းလည်းကောင်းပင် သဘောကောင်းပုံရသည်ဆိုသော ဆရာကြီးမှာ တစ်လ
နှစ်လအတွင်းမထင်မှတ်လောက်အောင် ဗီဇပြလာတော့သည်..။ လူနာ ၊ ဆရာဝန်၊ သူနာပြုမှအစ ဓါတ်ခွဲခန်း ၊
O P D ၊ ရုံးအဖွဲ့ အဆုံး ၊ တစ်နေ့ ပုံစံတစ်မျိုးဖြင့် မရိုးနိုင်အောင် ပြသနာရှာလေတော့သည်..။
“နွေးနွေးရေ…..ရာသီဥတု ကောင်းလားဟေ့”
ဆရာဝန်ကြီး…..ဒေါသကြီးနေသေးလားဟု ကျမအား သွယ်ဝိုက်၍မေးလာသော train nurse
ဆရာမ မြမြနွယ်အား……..ခေါင်းခါပြလိုက်တော့ ဆရာမလေး မျက်နှာ ရှုံ့မဲ့သွားသည်။
ဟုတ်သည်လေ..ဒီမနက် ဆေးခန်းမှာ ဖြစ်လိုက်သည့် ပြသနာတွေ တန်းစီလို့..။
ဘာဆေးပေးထိုးပေးလိုက်တာလည်းဟု အလိုက်မသိစွာမေးမိသော လူနာအား….အော်ဟောက်ရ..။
အခြားဆေးခန်းတွင်ဆေး ၂ ရက်ထိုးပြီး မသက်သာ၍ ဆေးခန်းပြောင်းတာဟု ပြောမိသောလူနာအား
သူ့ဆေးခန်းအရင်မလာရကောင်းလားဟုစိတ်ဆိုးဒေါသထွက်ရ…။ ဆေးမထိုးချင်ဘူး သောက်ဆေးပဲပေးပါဟု ပြောသော လူနာအား လျှာရှည်ရန်ကောဟု
စိတ်ဆိုးရနှင့် ဆရာကြီးမှာအတော့်ကို ပင်ပန်းနေပြီလေ..။
”ဒေါက်ဒေါက်”
ဟော…လာပါပြီ…။ ရှုးဖိနပ်သံ တစ်ဒေါက်ဒေါက် အသံကြားကတည်းက ward ထဲမှာ ရှိရှိသမျှ ထမီအနီဝတ်
အပြာဝတ် အစိမ်းဝတ် အားလုံး အဆင်သင့် ၊ ၄င်းတို့၏ မျက်နှာများတွင်လည်း စိုးရိမ်စိတ်များက
မဖုံးနိုင်မဖိနိုင်… ဒီနေ့ ဘာပြသနာများ တက်ဦးမလဲဟု ကြိုတင်ပူပန်နေကြပုံများ ။ ခပ်ပြုံးပြုံးနှင့် ၀င်လာသော
ဆရာဝန်ကြီးမျက်နှာထားကြောင့် အားလုံး စိတ်သက်သာရသွားကြပုံပင် ။ သို့သော်….
”ဟ…ဒေါ်ဖြိုးပါလား…..ဘယ်သူဘာဖြစ်လို့လည်းဗျ…”
”ကျမ ချွေးမပါ….. မမွေးနိုင်သေးလို့ဆရာကြီးရဲ့”
”ဟုတ်လား…ကိုယ်ဝန် အပ်မထားဘူးလား အရင်က…”
”ဟုတ်ကဲ့ အပ်ထားပါတယ်…ဒေါက်တာ အောင်လွင်ဆီမှာပါ..”
ဟိုက်..သွားပြီ..။
လျှာရှည်လိုက်တဲ့ လူနာတွေ ဟုပဲ ပြောရမလား…အကြောင်းသိလာထေားသော ကျမက ဘာတွေ
ဆက်ဖြစ်မည်ကို ကြိုတင် သိနေသလို..မျက်ခုံးက ခပ်လှုပ်လှုပ်ပင်။
ဘယ်သူလည်း WARD ဂျူတီ ကျတဲ့
ဆရာဝန်..ဘာတွေ ON ထားလည်း… ဆရာမ လူနာ chart ယူခဲ့ပါ…။”
“ဟုတ်ကဲ့ ဆရာကြီး….”
ဒေါက်တာ အောင်လွင် အစောက ward Round သွားသည်ကို မသိ ၍ မဟုတ်
တမင်လူနာရှင်ရှေ့တွင်မေးနေမှန်း အားလုံးသိလိုက်သည်။ မျက်နှာထားကလည်း အစောက
ဝင်လာကာစနှင့်မတူ..မဲမှောင်သွားသော မျက်နှာထားက အသိသာပင်..။မျက်မှန်အောက်မှ ပြူုးထွက်နေသော
မျက်လုံးများ ၊ မဲ့တဲ့တဲ့ နူတ်ခမ်းများကြောင့်…မုန်တိုင်း ထန်တော့မည်ကို သိလိုက်တော့သည်။
ဟ…ဘာတွေ ON ထားတာလည်း…ဆရာမ ဒါတွေ အကုန်CANCEL လုပ်ပစ်မယ်…. ဟုတ်ပြီနော်...။ ရော့ ဒါတွေ ပြန် ON ထားလိုက်…”
ဒေါက်တာ အောင်လွင် ကုသထားသော ဆေးမှတ်တမ်းအား အကုန်ဖျက်ပစ်ကာ ဘောပင်နှင့်
တစ်ဒေါက်ဒေါက်ရေးချကာ ဆရာမ အားပေးလိုက်သည်.။မျက်နှာမှာ မဲ့ပြုံး တစ်ခု တပ်ဆင်ထားသည်။
ဒေါက်တာ အောင်လွင်က ဘာတွေ ON ထားလဲဗျာ….တခြားစီ..။“
“အဲဒါပဲ..ကျနော်က..ဒီဆေးရုံက ဆရာဝန်တွေကို အားမရဘူးဗျာ..။“
သဘောကောင်းကာ လူနာများအပေါ် စေတနာထားလွန်းသော တစ်မြို့လုံးတွင် GP
အကောင်းဆုံး ဖြစ်သော ဒေါက်တာ အောင်လွင်အား ဘယ်ကတည်းက မနာလို မရှုစိမ့် ဖြစ်နေသည်မသိ…။
အားရပါးရ ဒေါက်ဖြုတ်ကာ…..ရှုးဖိနပ်သံ တစ်ဒေါက်ဒေါက်ဖြင့် သားဖွားဆောင်မှ ထွက်ခွာသွားသော
ဆရာဝန်ကြီး၏ ကျောပြင်ကို ကြည့်ရင်း ကျမ သက်ပြင်း ချမိသည်။
ခွဲစိတ်အထူးကု တစ်ဦးမဟုတ်ပေမယ့်
ခွဲစိတ်ဆရာဝန်မရှိသော အထူးကု မရှိသော OG မရှိသော နယ်မြို့လေးတွင် ခွဲစိတ်မှု
ကျွမ်းကျင်သော ဒေါက်တာ အောင်လွင်မှာ ဒီမြို့လေးရဲ့ ကယ်တင်ရှင် တစ်ဦးပင်..။ ခွဲစိတ်မှုအား
စိတ်ဝင်တစားရှိကာ..မေ့ဆေးဆရာဝန် မရှိသောဆေးရုံလေးအတွက် သူသာလျှင် မေ့ဆေး ဆရာဝန် ၊
သူသာလျှင် သားဖွားမီးယပ်အထူးကု..၊သူသာလျှင်ခွဲစိတ်အထူးကု တစ်ဦးပင်..။
တစ်မြှို့လုံးမှ ဒေါက်တာ အောင်လွင်ဟု နှုတ်ဖျားမှမချ လေးစားချစ်ခင်လွန်းလှသည်လေ..။

ဒါကို မနာလိုမရှုစိမ့်ဖြစ်နေသူက အခွင့်အရေးရလျှင်ရသလို..ပညာပြတတ်သည်။ တနင်္လာနေ့
ဝန်ထမ်းပေါင်းစုံအစည်းအဝေးတိုင်း ဒေါက်တာ အောင်လွင်ကို တက်စေသည်။ သူက ဆေးခန်းအဖွင့်မပျက်၊
EMO ကျသော ဆရာဝန်များ ထိုနေ့ ဆေးခန်းထိုင်ခွင့်မရှိ တစ်နေကုန် ဆေးရုံမှာ အချိန်ပြည့်ရှိနေရန်
အမိန့်ထုတ်လိုက်သည်။
လူနာများ အဆင်ပြေစေရန် ဟူသော စိတ်ရင်းစေတနာကြောင့်ထက်
အခြား ဆေးခန်းများ မိတ်ပျက်စေရန် ရည်ရွယ်သည် ဟုသာ အားလုံးလိုလိုက မှတ်ယူကြသည်။
မြို့သေးသေးလေးမှာ ဆေးရုံနှင့်ဆေးခန်း နီးနီးလေးမို့..အရေးပေါ်လူနာ လာပါက ၃ မိနစ်အတွင်း
ဆိုင်ကယ်ဖြင့် ဆေးရုံသို့အရောက်သွားနိုင်သည့်အခြေအနေအား ဆရာဝန်ကြီး မသိ၍ တော့မဟုတ်…။
ဒီလိုနှင့်ပင် ဆရာဝန်ကြီးတစ်ယောက် သူ၏ အတ္တ မာန ဒေါသ မစ္ဆရိယစိတ် များဖြင့် မြို့လေးရှိ လူမမာများအား
ဆက်ဆံခဲ့သည်လေ..။
တစ်ရက်…..ညပိုင်းအချိန် ..ဆေးခန်းမှာ လူနာကျနေသည်..။
မိုးဦးကျမို့…တုပ်ကွေးမိသူများ နှာဆေး ချောင်းဆိုးသူများ ရောဂါအမျိုးအမည်ပေါင်းစုံဖြင့် ဆေးခန်းလေးတွင်လူစည်ကားနေချိန်…။
လူနာတစ်ယောက် ဆေးဖိုးဝါးခ ၂၅၀၀ ။ ဆေးထိုးပိုက်နှင့် အပ်တစ်စုံမှငွေ (၁၀၀) ၀န်းကျင်…။ တရုတ်ထိုးဆေး
တစ်ကဒ်မှ ၂၅၀ နဲ့ ၃၀၀ ဝန်းကျင် ။ တစ်လုံးဆိုလျှင်ဘယ်လောက်မှ မကျနိုင် ။ တန်ဖိုးကြီးဆေးဆိုလျှင်
တစ်မျိုးပေါ့။ သောက်ဆေးကရော အများဆုံးမှ ၅၀၀ ဖိုးဝန်းကျင်သာ ကျမည် ။ အားလုံးပေါင်း ၁၀၀၀ မကျော်…။
လူတစ်ယောက် လျှင် ၁၅၀၀ က အနည်းဆုံးအမြတ်ရနေပြီမဟုတ်လား ။
ဆေးခန်းခ ဘာညာက
တစ်ပိုင်းထားပါလေ..။ ဒါကို ဘာများခြွေတာနေရန် လိုနေပါသေးသနည်း ။ ဆရာဝန်
ကျင့်ဝတ်သိက္ခာ လျှော်ညီစွာနေမှ ၄င်းတို့လက်ထဲရှိ လူနာများအသက် ရှည်ခွင့်ရမည်မဟုတ်ပါလား ။
ဆေးထိုးပိုက်တစ်ချောင်းအား အပ်အသစ်လဲကာ လူနာ ၂ ယောက် ၃ ယောက်ထိုးသည်။ တစ်ကဒ်လျှင် ၅၀၀
ပင်မကျသော ထိုးဆေးတစ်လုံးအားလူနာ ၂ ယောက်ခွဲထိုးပေးသည်။
သူထည့်သောဆေးပမာဏအား
လူနာမမြင်စေရန် ဆေးထိုးပိုက်အား လက်ဖြင့် အုပ်ကာ ကွယ်ကာ ထိုးပေးတတ်သေးသည် ။
တစ်ချောင်းလျှင်ငွေ(၁၀၀)ခန့်သာတန်သော ဆရင်းပိုက်ကို တစ်လုံးလျှင် ၅ကျပ်ပင်မကျသော ထိုးဆေးဖိုးများကို
ပင်နှမြောတတ်သောဆရာကြီးပင်။ လူနာ ရောဂါကူးစက်မှာထက် ငွေ ၁၀၀ ခန့်ကိုနှမြောတာလား။
လူနာများအား ထိုက်သင့်သော ဆေးအဖိုးအခ ယူပြီးလျှင် ထိုက်တန်စွာ
ကုသပေးရန်တာဝန်ရှိသည်မဟုတ်ပါလား…။
”ဆရာကြီး….ကျမ Pan နဲ့ မတည့်ဘူး”
”အေးအေး”
ကုတင်နှစ်
လုံးပေါ်ရှိ လူနာအား ဟိုဘက်ကူးဒီဘက်ကူးဖြင့် စမ်းသပ်ပြီး Pan နှင့် မတည့်ဘူးဟူပြောလာသော
လူနာအား ဆေးထိုးရန်ပြင်လိုက်သည်။ ထိုပိုက်မှာ အစောက လူနာအား
ပန်နယ်စလင်ထိုးထားသည်မဟုတ်ပါလား..။ ထိုးပြီးသား ဆေးထိုးပိုက်များအား အပ်ဖြုတ်ကာ စားပွဲတင်ထားပြီး
ထိုထဲမှ ပိုက်တစ်ချောင်းအား
အပ်အသစ်တပ်ကာတရုတ်မှလာသောဂျင်တာမိုင်စင်ထိုးဆးအားတစ်ဝက်ခန့်စုပ်လိုက်သည်။
ကျန်တစ်ဝက်အား နောက်လူနာအားထိုးပေးမည်လေ။
၅ ကျပ်ပင်မကျသော ဆေးအားနှမြောတတ်သောဆရာကြီးပင်။
ပန်နစလင်နှင့်မတည့်ဟုဆိုသော လူနာ အား ဆေးထိုးပြီးသည်နှင့် “
“အား….ဆရာကြီး….ယားတယ်..ယားတယ်..“
လူနာမှာ တစ်ကိုယ်လုံးကို ကုတ်ခြစ် နေတော့ ”
“နေနေ ..... ကျနော် ဆေးတစ်လုံးထိုးပေးမယ်..”
” ဟုဆိုကာ ဘာမီတွန် တစ်လုံးအား အလျင်စလို ထိုးပေးလိုက်သည်။ လူနာမှာ သက်သာဟန်မတူ..
ကျမ ၀မ်းသွားချင်တယ်..
ကျမ သူ့အားတွဲခေါ်ကာအိမ်သာသို့ပို့ပေးသည် အိမ်သာမှထွက်လာတော့ခြွေးသီးချွေးပေါက်များက
မိုးစက်များပမာ..။ကုတင်ပေါ်ပင် သေချာမတတ်နိုင် လဲကျသွားတော့သည် ။ ကျမမှာ
မနိုင်မနင်းကုတင်ပေါ်ရောက်အောင်ဆွဲတင်လိုက်ရသည် ။
ထိုချိန်မှဆရာဝန်ကြီပျာယာခက်တော့သည်။ သွေးပေါင်ချိန်တိုင်းသည်။ DRIP နှစ်လုံး လက်နှစ်ဖက်လုံးသို့ သွင်းသည် ။
အရေးထဲ သွေးကြောရှာမတွေ့(၃)မိနစ်ခန့်ကြာမှ သွေးကြောထဲ ဆေးရောက်သည်။ သွေးပေါင်ချိန်ထပ်တိုင်းသည်။
BP တတ်မလာ။….။ ဆေးဘီဒိုထဲသို့ အတင်းရှာသည်။ Solucotteff ဘယ်မှာလည်း ကျမ ထုတ်ပေးလိုက်သည်။
ချက်ချင်းထိုးသည်။ လူနာမှာသတိလုံးဝ မရှိတော့..... ချွေးသီးများက ကျမ မြင်ဖူးသမျှတွင်
အကြီးဆုံးဟုထင်သည်။ ဆရာဝန်ကြီးတော့မသိ ကျမရင်တွေ ၀ုန်းဒိုင်း ကျဲနေသည်။
” မနွေး အက်ဒရီနလင်....ကုန်နေတယ်ဟ…
လက်တွေတုန် မျက်လုံးတွေပြူးနေသော ဆရာကြီးအား ကျမ ဘာမှ ဆက်မပြောတော့
ဆိုင်ကယ်ဆွဲကာ ဆေးဆိုင်သို့ပြေးတော့သည်။ လမ်းမှာမည်သို့မောင်းခဲ့မိသည်မသိ ၊ ကျမနောက်မှ ဟွန်းသံ
ဆဲသံများ ဆူညံကုန်သည်။ ဆေးဆိုင်ရောက်တော့ “
“ဦးလေး အက်ဒရီနလင်…
ဆေးဆိုင် ပိုင်ရှင်မှ တခြားဆေးဝယ်သူများကို ပစ်ထားကာ သဘောပေါက်စွာပင် ချက်ချင်း ဆေးရှာပေးတော့သည် ။
" ပိုက်ဆံမှတ်ထားနော် "
ဟုပြောပြောဆိုဆို လူက ဆိုင်ကယ်ပေါ် ပြန်ရောက်သည်။အရေပြားထဲ ဆေးထိုးပြီးမကြာမီ လူနာထံမှ
အင်းးးးးးးးးးးးးး ဟု ညည်းသံအရှည်ကြီးကြားလိုက်ရသည်။ ချက်ချက် BP ပြန်
တိုင်းတော့ ၅၀/ ၄၀ ကျမ သက်ပြင်းချနိုင်တော့သည် ။
သွင်းထားသော N/S DRIP ပုလင်းလည်း တစ်ဝက်ကျိုးပြီလေ…။
” ကျမ Pan နဲ့ မတည့်ဘူးဆရာကြီး..”
အသံသဲ့သဲ့လေးဖြင့် ပြောလာသော လူနာကို
“ ကျနော် pan မထိုးဘူး ခင်များ ဘာတွေနဲ့ မတည့်သေးလည်း ကြိုပြောမှပေါ့””
ဟု မာန်လိုက်သေး၏ ။ တတ်လည်းတတ်နိုင်တဲ့ ဆရာဝန်ကြီးပင်..။ ဒါလည်းနောင်တ
ရဟန်မတူ ဆေးထိုးပိုက်များအား ခြွေတာရေး လုပ်နေတုန်းပင်…။
ဘယ်ချိန်မှ အသိတရားရမှာလည်းဟု ကျမတွေးမိသည် ။

လူဆိုသည်မှာ အသက်အရွယ် အတတ်ပညာထက်….
ကိုယ်ချင်းစာစိတ် စာနာစိတ်များနှင့် အသိတရားများကသာ လူ့လောက လှပစေနိုင်မည်ဟု ကျမ
ထင်သည်လေ..။ ဆရာဝန်ကြီးမှာ သူ့ထုံးစံအတိုင်းပင်..တွေ့သမျှလူအား ဒေါသဖြစ်လိုက် ၊
စကားအထအန ကောက်လိုက် ၊ မနာလို ၀န်တိုလိုက်နှင့် ကျမအမြင်မှာ ပင်ပန်းလွန်းလှသည် ။
သူ့မှာလည်းဆရာဝန်ဖြစ်သော်လည်း ပုထုဇဉ်လူသားပီပီ
သူ့ဒေါသများရဲ့ နောက်ဆက်တွဲသွေးတိုးရောဂါ နှလုံးသွေးကြောကျဉ်းရောဂါကလည်းရှိနေသေးသည်လေ။ နှလုံးသွေးကြောကျဉ်းရောဂါအား
ကိုယ်တိုင်ခံစားနေရသူဖြစ်၍ ဆေးနှင့်နှစ်ပါးသွားနေရသူ ဆရာဝန်ကြီးတစ်ယောက်သူ့ဒေါသနှင့် သူ့ရောဂါ
ပိုဆိုးစေမှာပဲ ဟု ကျမ တွေးမိသည်။ ကျမအတွေးများ မမှားခဲ့ပါ…။

Toxic goiter ဟုခေါ်သော
လည်ပင်းကြီးရောဂါတစ်မျိုးဖြင့် ဆေးရုံသို့ ရောက်လာသောလူနာက ပြဿနာစသည်ဟု ပြောရမည်ဖြစ်သည်။ ဒေါက်တာအောင်လွင်ဆေးခန်းတွင်
အမြဲ လာရောက် ပြသလေ့ရှိသော လူနာဖြစ်သည့်အပြင် မိတ်ဆွေတစ်ဦး၏မိခင်လည်းဖြစ်သည်မို့
““ ခွဲလို့မရသေးဘူးအဒေါ် ဆေးသောက်ပြီး စောင့်ရဦးမယ် ခု အဒေါ့် နှလုံး ခုန်နှုန်းကမမှန်သေးဘူးလေ
။ သွေးလည်းတိုးနေတယ် ဆီးချိုလည်းရှိတယ်..ဒါကြောင့် ဒီဆေးတွေ သောက်ပြီး…အဆင်ပြေပြီဆိုမှ
ခွဲပေးမယ်နော်..။”
ဟု စိတ်ရှည်လက်ရှည်ရှင်းပြသည်ကို ဗဟုသုတနည်းပါးကာ
နားမလည်တတ်သောလူနာအဒေါ်ကြီးမှ စောင့်ရမည်ကို စိတ်မရှည် ချက်ချင်းခွဲလိုကြောင်း ၊
သားဖြစ်သူနိုင်ငံခြားမှ ပြန်မလာခင် ခွဲစိတ်လိုကြောင်း သားဖြစ်သူ ပြန်လာလျှင် မြန်မာပြည်အနှံ့
အလည်အပတ်သွားရန်စီစဉ်ထား၍ ခွဲစိတ်မှု အမြန်
လုပ်ထားလိုကြောင်း ပြောသော်လည်း ဒေါက်တာအောင်လွင်မှ နောက်တစ်ပတ် ဆေးတွေကုန်မှ ပြန်လာခဲ့နော်
ဟုသာပြောခဲ့သည်။

ထိုလူနာမှာ ဒေါက်တာအောင်လွင် ချိန်းဆိုသည့်အချိန်အထိ မစောင့်နိုင် ဟုဆိုကာ
သားသမီးများကိုပင်အသိမပေးပဲ မအူမလည် တူမ တစ်ယောက်အားအဖေါ်ခေါ်ကာ
ဆရာဝန်ကြီး ဆေးခန်းသို့ ရောက်လာခဲ့သည်။ ဒေါက်တာ အောင်လွင်ဆေးခန်းမှ ရောက်လာသည်ဆိုသည်နှင့်ပင်
လူနာအား အစွမ်းပြချင်စိတ်ကြောင့်လား၊ ဒေါက်တာအောင်လွင်အား ပညာပြချင်၍လားမသိ ၊ မစဉ်းစားမဆင်ချင်
လူနာအား ချက်ချင်းခွဲစိတ်ရန် စီစဉ်တော့သည်။
စိတ်ချ မပုနဲ့ ကျနော်က အချိန်မဆွဲတတ်ဘူး …လုပ်စရာရှိတာ ချက်ချင်းလုပ်တယ်…။””
ဘုန်းကြီးရူးနှင့်လှေလူး တွေ့ကြတော့သည်လေ..။
ခွဲစိတ်ခန်းမှ အပြာဝတ် အနီဝတ် ဆရာမများနှင့် ဆရာဝန်ကြီးတစ်ယောက် ကိုယ်တိုင်ကိုယ်ကျ
လူနာအားခွဲစိတ်တော့သည်။ ဒေါက်တာအောင်လွင်မှသတင်းကြားကြားချင်းခွဲခန်းသို့ ရောက်လာသော်လည်း
ခွဲစိတ်ပြီးစီး၍ ပြန်ချုပ်သည့်အဆင့်သို့ပင်ရောက်နေပြီဖြစ်သည်။ စုစုပေါင်း ခွဲစိတ်ချိန် ၅ နာရီ…။
ရလဒ်က သွေးမတိတ်… သွေးပုလင်း ၁၂ ပုလင်း အထိ တောက်လျှောက်သွင်းရတော့သည်။ ထိုအချိန်
ဆရာဝန်ကြိးမှာ သူ၏ပြူးကျယ်သော မျက်လုံးများက အပြင်သို့ထွက်ကျမတတ် သို့သော် အိနြေ္ဒမပျက် သွေးသာ
တွင်တွင်ရှာခိုင်းတော့သည် ။ နယ်မြို့လေးမို့ ၁၂ ပုလင်း သွင်းပြီးနောက်ပိုင်း သွေးထပ်ရရန် ခဲယဉ်းလှသည် ။
မကြာမီ လူနာသေဆုံးသွားတော့သည် ။ ခွဲစိတ်ခန်းအပြင်တွင်
ငုတ်တုတ်ထိုင်စောင့်နေသော ဒေါက်တာအောင်လွင်မှာ လူနာ သေဆုံးပြီဟုသိရသည်နှင့် တစ်ပြိုင်နက်
ယူကြုံးမရဖြစ်ကာ ဒေါသပေါက်ကွဲရတော့သည်။ သူ့လူနာ မသေသင့်ပဲ သေရတာ ဘယ်သူ့ကြောင့်လဲ …။
သွေးတိုး ၊နှလုံး ဆီးချိုများရှိနေသော လူနာအား ပြိုင်ဆိုင်လိုစိတ် တစ်ခုတည်းနှင့် မဆင်မခြင် ခွဲစိတ်ခဲ့တာဟာ
ဆရာဝန်တစ်ယောက် လုပ်သင့်သောအလုပ် ဟုတ်ပါသလား။ ခွဲစိတ်ခန်းမှ ထွက်လာသောဆရာဝန်ကြီးအား
ခပ်တည်တည် ကြည့်ကာ
”ဆရာကြီးက ပါဝါပြချင်တာကိုး ကျွန်တော့်လူနာ …. အသက် ရင်း ပေးလိုက်ရတာပေါ့”
ဟုမချုပ်တည်းနိုင်စွာ ပြောလိုက်သည်..။ အောက်လက်ငယ်သားမှ ထိုသို့ပြောဆိုရမည်လား .. ဟူ၍
ဆရာဝန်ကြီး ဒေါသပေါက်ကွဲလိုက်သည်မှာ မကြုံစဖူးပင်….။ နဂိုတည်းက သူ့ကြောင့်လူနာဆုံးရှုံးလိုက်ရသည်ကို
မည်သို့ဖုနုးကွယ် ဆင်ခြေပေးမလဲ ဟု ခေါင်းမီးတောက်အောင်စဉ်းစားနေချိန်တွင်မို့ ပိုးဆိုးသွားလေလားမသိ..။
”မင်းးးး မင်း..”
ဟု ဒေါက်တာ အောင်လွင်အား လက်ညှိုးငေါက်ငေါက်ထိုး၍ ရင်ဘက်ဖိကာလဲကျသွားတော့သည်…။
မျက်လုံးများက အပြင်သို့ထွက်မတက် ပြုးကျယ်နေရာမှ ပြန်မမှိတ်တော့ပေ..။
ဒေါသ၊ အတ္တ ၊ မာန ၊၀န်တို
မစ္ဆရိယ စိတ်တို့က ဆရာဝန်ကြီးရဲ့ နှလုံးသွေးကြောများအား ပိတ်ဆို့သွားစေခဲ့သည်။
ဆရာဝန်ကြီး၏ နာရေးအခမ်းအနား စည်ကားပါသည်။ ချစ်ခင်ကြလွန်း၍တော့ မဟုတ်နိုင်..။
တစ်ယောက်စကားတစ်ယောက်နားဖြင့်
ဆရာဝန်ကျင့်ဝတ်နှင့်မညီသော ဆရာဝန်တစ်ယောက်ရဲ့ ဇာတ်သိမ်းချိန်ကို ကြည့်ရှုလို၍လည်း ဖြစ်နိုင်သည်။
စိတ်ဝင်တစားရှိကြ၍လည်း ဖြစ်နိုင်သည်။
လူနာအတွက် အလိုအပ်ဆုံးဟာ ဆေးဆရာဆိုပေမယ့် သမားဂုဏ်နဲ့
ပြည့်စုံတဲ့ ဆေးဆရာဟာ ပိုအရေးကြီးကြောင်း မြို့ကလေး သင်ယူခဲ့ပြီးပါပြီ ။
ညအတွက် လတစ်စင်း
လိုအပ်နေသော်လည်း တိမ်ညိုကင်းတဲ့ လတစ်စင်းကိုသာ အလိုရှိပါ၏ ။
သေချာတာကတော့ ဒီနေ့ကစပြီးမြို့ကလေးရှိ လူအားလုံး ..........

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့