Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 4 August 2012

***** လွမ်းလိုက်တာ မေမေရယ်*****


ငါတို့ တွေ လူ့ဘ၀ကို စရောက်တဲ့နေ့ သူမရဲ့ လက်ထဲမှာ သူမရဲ.
နူးညံ့စွာထွေးပွေ့ခြင်းကို ခံခဲ.ရတယ်...
ငါ တို့ တွေ ရဲ့ ပထမဆုံးခြေလှမ်းကို သူမရဲ့ လက်ထဲမှာ စတင်ခဲ့ရတယ်…
ငါ တို့ တွေ ရဲ့ ပထမဆုံးသော မျက်ရည် ကို သူမရဲ့ လက်နဲ့ တိတ်စေခဲ့တယ်…
ငါ တို့ တွေ
အ တွက် အဆိုးတွေဖယ်ရှား ဖို့ သူမရဲ့ လက်ထဲမှာ စည်းကမ်းတစ်ချို့ ရှိတယ် …
ငါ တို့ တွေ ကို အောင်မြင်စေဖို့ သူမရဲ့ လက်ထဲမှာ လမ်းညွန်မှုတွေရှိနေခဲ့တယ်..
ငါ တို့ တွေ နာကျင်မှုတစ်ချို့ အတွက် သူမရဲ့ လက်နဲ့ဆုပ်ကိုင်အားပေးခဲ့တယ်...
ငါ တို့ တွေ အမှားထဲ မှာ အကြိမ်ကြိမ်လွဲချော်မှု ကို သူမရဲ့ လက်နဲ့ ဖေးကူမခဲ့တယ်
ငါ တို့ တွေ အတွက် အရာအားလုံးကို သူမလက်နဲ့ အကောင်းဆုံးဖန်တီးခဲ့တယ်..
အခုအချိန်မှာ
နှစ်တွေ တော်တော်များများ ငါတို့ အတွက် ပင်ပန်းလာတဲ့ သူမရဲ့ လက်တွေလဲ
ကြမ်းတမ်းလာတယ်…အိုမင်းလာမယ်…မောပန်းလာမယ် …
ဒါပေမဲ့
သူမရဲ့လက်က ငါ့တို့ ဆီက နွေးထွေးတဲ့ ဆုပ်ကိုင်မှုကို သာ လိုအပ်နေခဲ့တယ်...

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့