Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 4 August 2012

မစွန့်လွှတ်ချင်ဘူး


ကြယ်တွေစုံတဲ့ ညအလယ်မှာ အထီးကျန်ရင်း
နှလုံးသားထဲမှာ သံသယတွေနဲ့ ပြည့်နေခဲ့ရတယ်
ကို ရဲ့ အသံကနေရာတိုင်းက ပျံ့လွင့်လာသလို
ကို ပုံရိပ်တွေက မြင်လေရာရာမှာပေါ့ .. ။
 
ဒီအမှတ်ရစရာတွေကြားထဲမှာ  တို့ ကိုထားခဲ့ရင်း
တို့ရဲ့ အချစ်က ပုံပြင်တစ်ပုဒ်လို အဆုံးသတ်တော့မှာလား  ကို  .. ?
 
ကျေးဇူးပြုပြီး ကို ရဲ့မျှော်လင့်ချက်တွေနဲ့
တို့ ကို ရှင်သန်ခွင့်လေးတော့ပေးပါ .. ။
 
မင်းရဲ့ အပြုံးလေးကိုမြင်တွေ့ရဖို့
တို့  ပြေးလွှားရင်းလိုက်ရှာနေမိတယ် .. ။
 
ကို ဘယ်မှာလဲ ကို .. ?
တို့မောပန်းနေပါပြီ
ဒါပေမဲ့ ဒီအိပ်မက်ကလေးကိုတော့
တို့ မစွန့်လွှတ်နိုင်သေးတာ အမှန်ပါ .. ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့