မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေ ပိုပြီးရလာတော့မယ် ဆိုတဲ့ မျှော်လင့်ချက်တွေဟာ အများပြည်သူကြားထဲမှာရော၊ စာနယ်ဇင်းလောကမှာပါ မြင့်မားလာနေပါတယ်။ ပြည်တွင်းမှာ ထုတ်ဝေ တဲ့ ပုဂ္ဂလိက စာနယ်ဇင်းတွေ အနေနဲ့ သူတို့ရဲ့စာစောင်တွေကို စာဖတ်သူလက်ထဲအရောက် မထုတ်ဝေခင်မှာ စာပေစိစစ်ရေး အဖွဲ့ဆီတင်ပြီး ခွင့်ပြုချက်ယူစရာမလိုတော့ဘူးလို့ တာဝန်ရှိသူတွေက ပြောခဲ့ပြီးတဲ့နောက်ပိုင်း အခုလို မျှော်လင့်ချက်တွေ ပိုပြီး မြင့်မားလာတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် သတင်းလွတ်လပ်ခွင့် ပိုပေးဖို့ကိုလည်း ဆက်ပြီး တောင်းဆိုနေကြပါတယ်။ ဒီအကြောင်းကိုတော့ ကိုကျော်ကျော်သိန်းက အပြည့်အစုံ ဆက်ပြောပြပါမယ်။
စာနယ်ဇင်းတွေအနေနဲ့ မထုတ်ဝေခင် စိစစ်ရေးရဲ့ခွင့်ပြုချက် အရင်ယူရမယ်ဆိုတဲ့ ရာစုနှစ် ထက်ဝက်နီးပါး တင်းတင်း ကျပ်ကျပ် ချုပ်ကိုင်ထားခဲ့တာကို မြန်မာတာဝန်ရှိသူတွေက ဖြေလျှော့ပေးခဲ့အပြီး နောက်တရက် အင်္ဂါနေ့မှာပဲ သတင်း လွတ်လပ်ခွင့် ပိုပေးဖို့အတွက် နှိုးဆော်လိုက်ကြတာဖြစ်ပါတယ်။
“ အရေးပါတာပေါ့။ ကျနော်တို့ စာပေတင်မဟုတ်ဘူးဗျ။ အဓိက ကျနော်တို့ရုပ်ရှင်ကားတွေရော ဗီဒီယိုတွေရော သီချင်းတွေရော သီချင်းသမားလည်းပဲ စိစစ်ရေးတို့ ဆင်ဆာတို့ရှိသေးတယ်။ ဒီဟာတွေဟာ လွတ်လွတ်လပ်လပ်ဖြစ်သွားတယ်ဆိုလို့ရှိရင် အရုပ်ကအစပေါ့ဗျာ။ ရုပ်သံမီဒီယာတွေကလည်း လွတ်လွတ်လပ်လပ်ဖြစ်လာမယ်ဆိုရင် လုပ်ခွင့်တွေအများကြီးဖြစ်လာမယ်။ ကျနော်တို့ ကြိုဆိုပါတယ်။”
အသက် ၅၅ နှစ်အရွယ် ဦးအောင်သန်း ပြောသွားတာပါ။
အရင်တုန်းကဆိုရင် သီချင်း၊ စာအုပ်စာစောင်၊ ကာတွန်း၊ သတင်းနဲ့ ပန်းချီပန်းပုအနုပညာလက်ရာ ဘာတခုမှ စိစစ်ရေးရဲ့ ခွင့်ပြု ချက်မရဘဲ ပုံနှိပ်ထုတ်ဝေတာ၊ အများပြည်သူကို ပြသတာမျိုး လုပ်လို့မရခဲ့ပါဘူး။ အာရှတိုက်မှာ နိုင်ငံသားတွေရဲ့အခွင့်အရေး ကို အဖိနှိပ်ဆုံး နိုင်ငံတခုအဖြစ် နာမည်ဆိုးနဲ့ ထင်ရှားခဲ့တာဖြစ်ပြီး ပုံနှိပ် ထုတ်ဝေ ဖြန့်ချိ ပြသတာတွေမှာ နိုင်ငံရေးနဲ့ပတ်သက် တာတွေ ပါသလားဆိုတာကို စေ့စေ့စပ်စပ် စိစစ်ပြီးတော့ တည်းဖြတ်ခဲ့တာဖြစ်ပါတယ်။ အခုတော့ ဘယ်သူမှ မျှော်လင့် မထားနိုင် လောက်အောင်ကိုပဲ အခြေအနေက ပြောင်းပြန်လိုဖြစ်နေပါပြီ။
“ဒီလိုသာ သတင်းမီဒီယာတွေအပေါ်မှာ ပွင့်ပွင့်လင်းလင်းနဲ့ရေးသားခွင့်ရရင် ကျနော်တို့တိုင်းပြည်ဟာ တဖြေးဖြေးနဲ့ တိုးတက်လာမှာကို မျှော်လင့်ထားတယ်။ တိုးတက်မူတွေရလာမယ်။ ပြည်သူနဲ့အစိုးရကြားမှာ ဆက်စပ်မူတွေရှိလာမယ်။ မြင်သာထင်သာလာတဲ့အခါ ပြည်သူတွေအတွက် ၀မ်းသာစရာကတော့ ရှေ့အလားအလာမှာ တိုင်းပြည်ကောင်းစားမှာကို မြင်နေရတာပေါ့။”
အသက် ၅၆ နှစ်အရွယ် ဦးအောင်ထက်ရဲ့ မျှော်လင့်ချက်ကို ကြားခဲ့ကြရတာပါ။
စာနယ်ဇင်းလောကဆိုင်ရာ အပြောင်းအလဲတွေဟာ ပြီးခဲ့တဲ့နှစ်ဇွန်လကတည်းက အခြေ စတည်ခဲ့တာလို့ ဆိုရမှာဖြစ်ပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံမှာထုတ်ဝေနေတဲ့ ပုဂ္ဂလိက ဂျာနယ်နဲ့မဂ္ဂဇင်း ထက်ဝက်လောက်ကို စာပေစိစစ်ရေးဆီ ကြိုတင်စရာ မလိုဘဲ ထုတ်ဝေခွင့် စပြီး ခွင့်ပြုခဲ့တာပါ။ ဒါပေမဲ့လည်း ပုဂ္ဂလိကအနေနဲ့ နေ့စဉ်ထုတ်သတင်းစာတွေကို ခုချိန်ထိ ထုတ်ဝေခွင့်မရသေးသလို ကာလရှည်ကြာရှိနေခဲ့တဲ့ ကိုယ့်ဖာသာကိုယ် စိစစ်တည်းဖြတ်တာမျိုးကလည်း ဆက်ရှိနေဆဲပါ။
ဒီအခြေအနေအောက်မှာပဲ The Voice Weekly ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေကတော့ လွတ်လပ်ခွင့် ပိုရလာ တော့မယ်ဆိုတဲ့ မျှော်လင့်ချက် ရှိနေပါတယ်။
“မြန်မာမီဒီယာအားလုံး သိပ်မကြာခင်မှာပဲ သတင်း လွတ်လပ်ခွင့် ရလာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ကျနော်ဆိုလိုတာက လုံးဝ လွတ်လပ်တာမျိုးပါ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဆိုလိုတာပါ။ ဒီကိစ္စက ၂၀၀၈ ခုနှစ် အခြေခံဥပဒေထဲမှာ ပြဌာန်းထားပြီးသားပါ။ အခြေခံဥပဒေအရ ဆိုရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတာ နိုင်ငံသားအားလုံးရဲ့ အခြေခံအခွင့်အရေးဖြစ်ပါတယ်။”
ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ရဲ့ သတ်မှတ်ချက်အရ မြန်မာနိုင်ငံရဲ့ သတင်း လွတ်လပ် ခွင့်အဆင့်ဟာ နိုင်ငံပေါင်း ၁၇၉ နိုင်ငံထဲ ၁၆၉ မှာ ရှိနေပါတယ်။ စိစစ်ရေးက တင်းတင်းကျပ်ကျပ် ထိန်းချုပ်တာမျိုး မရှိတော့ဘူး ဆိုပေမဲ့လည်း ကန့်သတ်ချက်တွေကတော့ သိသိသာသာကို ရှိနေတုန်းပါပဲ။
နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာတွေ မရှိသေးဘဲ သတင်းစာထုတ်ဝေခွင့်ကို နိုင်ငံပိုင်အဖြစ် ချုပ်ကိုင်ထားဆဲရှိပါတယ်။ ပြည်ပ အခြေစိုက်သတင်းမီဒီယာတွေဟာ ရန်တိုက် သွေးထိုးပေးနေသူတွေ၊ လေလှိုင်းသံ လူသတ်သမားတွေ စသည်အားဖြင့် အစိုးရ သတင်းစာတွေရဲ့ နောက်ဆုံးစာမျက်နှာမှာ စာလုံးမည်းကြီးတွေနဲ့ ဖော်ပြခဲ့တာကို ရပ်ခဲ့တာ ပြီးခဲ့တဲ့နှစ်ကမှပါ။
အဲဒီနောက်မှာတော့ ၁၉၆၂ ခုနှစ်ကတည်းကနေဆိုရင် အသိသာ အထင်ရှားဆုံး အပြောင်းအလဲတွေကိုစစ်ဗိုလ်ချုပ်ဟောင်း တွေဦးဆောင်တဲ့ မြန်မာအစိုးရက ဖော်ဆောင်လာခဲ့ပါတယ်။ အပြောင်းအလဲတွေထဲမှာ ရွေးကောက်ပွဲတွေလုပ်တာ၊ ဆန္ဒပြပွဲ တွေကိုခွင့်ပြုတာ၊ နိုင်ငံရေးအကျဉ်း သားတွေကို လွှတ်ပေးတာတွေလည်း ပါဝင်ခဲ့ပါတယ်။
အဲဒီအချိန်ကတည်းကစလို့ ပြည်တွင်းထုတ်စာနယ်ဇင်းတွေဟာ သူတို့အပေါ် ကန့်သတ်ချက်တွေကို တဖြည်းဖြည်း သွေးတိုး စမ်း ကျော်လွှားခဲ့ကြပြီးဘယ်တုန်းကမှမမြင်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံတွေကို စာနယ်ဇင်းတွေရဲ့ မျက်နှာဖုံးမှာကို ပဲ တွေ့လာခဲ့ကြရသလို အစိုးရအပေါ် ဝေဖန်သူတွေရဲ့ သဘောထားတွေကို ဖော်ပြခဲ့ကြပါတယ်။
အဲဒီအခြေအနေဟာ လွန်ခဲ့တဲ့နှစ်လည်ပိုင်း မတိုင်ခင်တုန်းကဆိုရင် တွေးကြည့်လို့တောင် မရခဲ့ပါဘူးလို့ စာနယ်ဇင်း အယ်ဒီတာတွေက ပြောကြပါတယ်။
ကိုကျော်ကျော်သိန်း (ဗွီအိုအေ မြန်မာဌာန)
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Wednesday 22 August 2012
သတင်းလွတ်လပ်ခွင့် တိုးပေးဖို့ ပြည်တွင်းမီဒီယာတောင်းဆို
အမျိုး အမည်..များ
ပြည်တွင်းသတင်းများ,
သတင်းများ..
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
August
(754)
- : လွဲနေတာတွေတည့်လိုက်ပါ
- ပစ်တိုင်းထောင်
- ဒါမျိုးတွေလည်းဖြစ်တတ်တယ်
- အာဃာတမိုးတိမ်
- နှင်းရိုင်းည
- ဆောင်းတီးတဲ့မောင်
- ခေတ်ကာလဖခင်
- ဘာမီတွန်
- အပြင်လူမဝင်ရ
- သတင်းတိုများ
- ကချင်ဒုက္ခသည်များ အတင်းအကျပ် ပြန်မပို့ရန် အမေရိကန်တ...
- အခုနှစ် အတွက် အထည်ချုပ် လုပ်ငန်း ကျဆင်း
- တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ...
- » ပြည်ပနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံခ...
- လက်ပန်းတောင်း တောင်သူများ ဆက်လက်ဆန္ဒပြ
- Android OS သုံး Applications, Themes, Games, Wallp...
- Black List မှ ပယ်ဖျက်လိုက်သော နိုင်ငံခြားသားများ စ...
- Black List မှ ပယ်ဖျက်လိုက်သော မြန်မာနိုင်ငံသားများ...
- မန္တလေး ပြည်ခိုင်ဖြိုး ရံပုံငွေစရင်း သိန်းနှစ်သောင်...
- ဟာရီကိန်း Isaac အမေရိကန်ပြည်နယ်တွေ ဝင်မွှေ
- » မြန်မာခေါင်းဆောင်တချို့ ပြည်ဝင်ခွင့်ပိတ်ပင်မှု အေ...
- ကချင်ဒုက္ခသည်တွေကို နယ်စပ်ဖွင့်ပေးဖို့ တရုတ်ကို အမေ...
- » မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အနုပညာ အရည်အချင်းအရ ရေ...
- နေပြည်တော် ပျဉ်းမနားတွင် ရဲအရာရှိတစ်ဦး မီးရှို့သေဆုံး
- ထိုင်း-မြန်မာ နယ်စပ်က ပြန်သွားတဲ့ရှေ့နေ အမှုဟောင်းအ...
- ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
- » သုံးရက်အတွင်း ပြည်ထောင်စု အဆင့် ရာထူး (၃၀) အပြော...
- မနန်းဝိုးဖန် အမှု၊ စသုံးလုံးဝန်ထမ်း ၅ ဦး ကို အရေးယူမည်
- ဆမ္မဆယ်လမ်းကြောင်းမှ တစ်နေ့လျှင်နွားကောင်ရေ တစ်ထောင...
- လိပ်ပြာလေးအပျံသင်
- ထွေရာလေးပါး....
- ဂေါက်သီးလည်းရိုက် မိချောင်းလည်း သတိထား...
- ဟာသ
- သတင်းတိုများ
- ၁၃-၃၁ Starring : ရဲတိုက်
- နာမည်ပျက်စာရင်းက ပယ်ဖျက်လိုက်သည့် လူ ၂၀၀၀ ကျော်ကို...
- » တောင်ငူမြို့ရေကြီးမှု တလကျော်ကြာသည့်တိုင် ရေမကျသေး
- သာပေါင်းမြို့ရေပြန်ကျ၊ လယ်ပြန်စိုက်ဖို့ပြင်
- သတင်းလွတ်လပ်ခွင့်အရေး မီဒီယာအဖွဲ့များနှင့် လွှတ်ေ...
- ရှားတောပြည်သူ့ဆေးရုံ ဆရာဝန်မရှိ
- နယူးအောလင်းကို မုန်တိုင်း ဦးတည်
- သမ္မတ လွတ်ငြိမ်းသက်သာခွင့်ပြုမှု ကုလကြိုဆို
- » အဖြူရောင်နှလုံးသားလူမှုကူညီရေးအသင်း၏ ခြေလှမ်းများ
- » မြိတ်မြို့တွင် အလှဖန်တီးရှင် အခြောက်မှ ၁၉နှစ် အရ...
- တောင်ဥက္ကလာတွင် ရဲတစ်ဦး ကားတိုက် ခံရ၍ သေဆုံး
- » HIV ထိန်းချုပ်ဆေးသစ်တမျိုးအား အမေရိကန် FDA မှခွင...
- ပြောင်းလဲခြင်းနှင့်အတူ လိုက်ပါကြရန် သမ္မတ၏ အကြံပေးက...
- ကလေးစစ်သား ၄၂ ယောက် မိသားစုထံ ပြန်လည်အပ်နှံမည်
- ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်က စက်လှေတစ်စီး ဆင်ပိုက်ကုန်...
- » ဒုသမ္မတအသစ်၏ ကိုယ်ရေးအကျဉ်း
- Flash Song တွေကိုဒေါင်းပြီး Mp3, Mp4 ပြုလုပ်လိုသူေ...
- သူသိပါစေ
- မမေ့ရက်နိုင်ပါ....
- ဂဏန်းတစ်ချို့ရဲ့...ထူးခြားမှုလေးတွေတင်ပြချက်
- ချစ်သူရဲ့...စိတ်ကုန်ခြင်း...မခံရလေအောင်
- အနီရောင်နှင်းဆီ အနီရောင်နှင်းဆီက ချစ်ခြင်းမေတ္တာတရာ...
- ..အချစ်ကြီးသူ...
- ..ထပ်မဝေးချင်ဘူး..
- ဒီမနက်တိုင်း လွမ်းတက်နေခဲ့ပြီ မောင်ရေ.....
- သင်စိတ်မ၀င်စားသော - သင့်ဘ၀ရဲ့အချိန်
- လောကဓံ တရား ရှစ်ပြား ရှိလေသည်.. သို့သော်..လူဆိုသည်မှာ
- ဆရာကြီး စံဇာဏီဘို၏ ၂၃-၈-၂၀၁၂ မှ ၂၉-၈-၂၀၁၂ အတွင်း အ...
- အဆုံးမသတ်အလွမ်း
- ♥♥ချစ်စကားပါးပေးပါ♥♥
- **မချစ်တတ်သော"လူ"နဲ့  အချစ်ငတ်သော"သူ"**
- ရီစရာ ဟာသလေးများ
- ရယ်ပေးကြပါဦးနော်......
- ချစ်ခရီးလမ်းသာယာဖို့ စိတ်ဆိုးစိတ်ကောက်တတ်တဲ့  ချစ်...
- “အချစ်အတွက်”
- (((((( ခိုဝဲမျက်ရည် စိုပလေ့စေ ))))))
- ..မင်းမသိပါစေနဲ့ ..
- ရီစရာ ဟာသလေးများ
- ♥♥♥သင်သာ သူ့ကိုတကယ်ချစ်တယ်ဆိုရင်♥♥♥
- ***ကျန်ရစ်ခဲ့သော အလွမ်းများ ***
- ဟုတ်တော့..ဟုတ်သား
- အနှိုင်းမဲ့မေတ္တာရှင်
- နင့်ကို ချစ်မိတဲ့ ငါ့ကိုယ်ငါ မုန်းတယ်
- ကျိန်စာလွတ်တဲ့ နေ၀င်ချိန်
- နောက်တယောက်မရှိနိုင်ဘူး
- မိမိ အရည်အသွေးအား မိမိကိုယ်တိုင် ဆန်းစစ်သုံးသပ်ခြင်း
- သင့်ရဲ့မျက်နှာပေါ်မှ မှဲ့တွေကပြောပြမဲ့ တခုခြင်းစီရဲ...
- flash song ကိုယ်တိုင်လုပ်လိုသူများ လိုအပ်တဲ့ Softw...
- သင်ဘာသွေးအမျိုးအစားလဲ ?
- ရယ်စရာ.
- မရယ် ရရင် ငွေပြန်အမ်းမယ်.........
- ♦♦♦! ကြောက်မက်ဖွယ်ရာ ထင်ပေါ်လာသော ၀ိဥာဉ်ပုံရိပ်များ...
- (City FM 10 Anniversary - Mp3 Download)
- (ရတနာမိုင် - Mp3 Song Download)
- ရွှေဥဒေါင်းစာအုပ်လင့်များ
- iPhone မှာ မြန်မာဖောင့် ထည့်သွင်းနည်း
- သတင်းတိုများ
- » အမျိုးသားလွှတ်တော်က ခုံရုံးအားစွပ်စွဲပြစ်တင်သောအဆ...
- » EXAM PARTY များတွင် SEXY DANCE ထည့်သွင်းလာ၍ မိဘမ...
- » အာဆီယံလမ်းမကြီးဖြတ်သန်းမည့် နောင်ချိုအိမ်ခြံမြေေ...
- ဦးခေါင်းတစ်ခုစာ အသားပိုပါလာသော ကလေးငယ်တစ်ဦး ရန်ကုန...
- » ဆိုင်ကယ် ၆ စီး … လူ တစ် ယောက်
- တောင်ကြီးမြို့ မှာ ၁၀ တန်းကျောင်းသားလေး အုပ်စုဖွဲ့...
- » ခုံရုံးကို စွပ်စွဲပြစ်တင်သည့် အဆိုဆွေးနွေးမှုအခြေအနေ
- » မိတ္ထီလာတွင် စက်သုံးဆီဆိုင် မြို့ပြင်ပြောင်းရွှေ့ေ...
- Burmese TV Update 08-28-12
-
▼
August
(754)
No comments:
Post a Comment