Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 24 August 2012

လွှတ်တော်ဥက္ကဌ ၏ သဘောထားကို သိချင်


ယနေ့တွင် အရေးကြီး အဆိုတစ်ခုကို အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ၏ ကော်မတီအဖွဲ့ဝင်တစ်ဦးမှ မေးမြန်းချက်မှာ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်အပေါ်တွင် အချိန်ဆွဲပြီး သည်းခံစောင့် ဆိုင်းခဲ့သော်လဲ ပြည်သူ့လွှတ် ဥက္ကဌ မှ ၄င်း ကိစ္စအား လျှစ်လျှူရှုထားခဲ့ပါသလား...???


ပြည်သူ့လွှတ်တော်ဥက္ကဌကြီး အပေါ်မှာ လွှမ်းမိုးထားသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၊ တစ်ဦးတစ်ယောက် ရှိပါသလား...???  ဟုမေးခဲ့ပါတယ်...

၎င်းမေးခွန်း၏ အဖြေနှင့် ပတ်သတ်ပြီး ဥက္ကဌ အနေဖြင့် အလွန်စိတ် မကောင်းကြောင်း ဖြေကြားခဲ့ပါသည်...

၎င်းအပြင် ၄င်းအပေါ်မှာ လွှမ်းမိုးသော လူပုဂိုလ်၊ အဖွဲ့အစည်း မရှိကြောင်း ဖြေဆိုပါသည်... ယနေ့တွင် အမျိုးသားလွှတ်တော်မှ ငှင်းကိစ္စအတွက် စုစုပေါင်း ၁၆၂ ဦးမှ လက်မှတ်ရေးထိုးပြီး အရေးကြီးအဆို အဖြစ် တင်သွင်းလိုက်ပါသည်...

သို့သော် အမျိုးသားလွှတ်တော်ဘက်မှ တပ်မတော်သားကိုယ်စားလှယ်များမှလွဲပြီး ကျန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အားလုံးမှ ထောက်ခံခဲ့ပါသည်...

ပြည်သူ့လွှတ်တော်ဥက္ကဌ မှလဲ ၄င်းအဆို နှင့် ပတ်သတ်ပြီး ပြည်သူ့လွှတ်တော်၏ အလှည့်ရောက်မှ ဆောင်ရွက်စရာရှိသည်များ ဆက်လက်ဆောင်ရွက်ကြပါဟု ပြောကြားသွားပါသည်...

၎င်းအဆိုနှင့် ပတ်သတ်ပြီး တနင်္လာနေ့တွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး တစ်နေကုန် ကျင်းပရန် ရှိပါသည်...

by Daw Sandar Min (Shwee) (Facebook)
Daw Sandar Min (Shwee)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့