Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 3 August 2012

ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး နှင့် သံတမန်များ စစ်တွေမြို့ ကို သွားရောက်လေ့လာ

ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး နှင့် သံတမန်များ စစ်တွေမြို့ ကို သွားရောက်လေ့လာစဉ် ။ ဓါတ်ပုံ (မြ၀တီ)
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် သံတမန်လေ့လာရေးအဖွဲ့ဝင်များ စစ်တွေမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ပကတိအခြေအနေမှန်များအား သွားရောက်လေ့လာ ခဲ့ပါသည်။ 

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး၊ တာဝန်ရှိသူများနှင့် ဘာသာရေးခေါင်းဆောင်များ၊ ဌာနဆိုင်ရာအကြီးအကဲများသည် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဖြစ်ပွားခဲ့သည့် ပကတိအခြေအနေမှန်များအား သြဂုတ် ၁ ရက် နံနက် ၈ နာရီက စစ်တွေမြို့ ပတ်ဝန်းကျင်တစ်လျှောက် သွားရောက်ကြည့်ရှု လေ့လာခဲ့ပြီး ဒုက္ခသည်များ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ဆောင်ရွက်ပေးထားမှုအခြေအနေများကို သံတမန်အဖွဲ့များအား ရှင်းလင်းပြောကြားခဲ့ကြောင်း မြ၀တီ ဖေ့စ်ဘုတ် အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့