Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 5 August 2012

တရားမျှတမှုမရှိတဲ့ ညောင်ဦးမြို့နယ်တရားရုံး

အညာထန်းတဲ တခု၏ မြင်ကွင်းပါ (ဓါတ်ပုံ - Google Images)
မန္တလေးတိုင်း  ညောင်ဦးမြို့နယ် မြို့ နယ် တရားသူကြီး ဒေါ်အေးအေးလွင် နှင့်
ဥပဒေအရာရှိ ဒေါ်သန်းသန်းမော်တို့သည်    လာဘ်ငွေပေးနိုင် သူများကို
လျှော့လျှော့ပေါ့ပေါ့ အမိန့်ချသော်လည်း လာဘ်ငွေမပေးနိုင်သော ဆင်းရဲသား
ထန်းတတ်တောင်သူများကို မတရားအမိန့်များ ချမှတ်လျှက်ရှိကြောင်း


ညောင်ဦးမြို့နယ် တရားရုံး၏ မတရားအမိန့်ချမှုများမှာ

(၁)  ၇.၃.၂၀၁၂  နေ့တွင် “ကောင်းသန့်” ဓါတ်ဆီဆိုင်(ဆက်သွယ်ရေးရုံးအနီး)
မီးလောင်ရာ 30.5.2012နေ့တွင် ညောင်ဦးမြို့နယ် တရားရုံးက ဒဏ်ငွေ (၃၀၀၀၀၀)
သုံးသောင်းကျပ် ပေးဆောင်ရန် အမိန့်ချပါသည်။

(၂) ၁၈.၃.၂၀၁၂ နေ့ တွင် ပုဂံဟိုတယ်မီးလောင်မှုဖြစ်ပွားရာ (အခန်း၃ ခန်း
မီးလောင်ကျွမ်း) ၊ 9.4.2012နေ့တွင် ညောင်ဦးမြို့နယ်တရားရုံးက ဒဏ်ငွေ
ငါးသောင်းကျပ် ပေးဆောင်ရန်အမိန့်ချပါသည်။

       သို့သော်-----

(၃) ၆.၃.၂၀၁၂  နေ့တွင်“ တောင်စဉ်ထန်းဝိုင်း” ရွာအပြင်ရှိ ဦးကံချွန်၏
ထန်းရွက်တဲ မီးလောင်ရာ  ၂၇.၆.၂၀၁၂ နေ့တွင် ညောင်ဦးမြိ့နယ် တရားရုံးက
ဦးကံချွန်ကို ထောင်ဒဏ် သုံးလ ကျခံရန်အမိန့်ချပါသည်။

 (၄) ၁၆.၂.၂၀၁၂ နေ့တွင် “နပ်ပလင်” ကျေးရွာရှိ ဒေါ်ပဲ ၏ ထန်းတဲ မီးလောင်ရာ
တစ်လသားအရွယ် ကလေး၏ မိခင် ဒေါ်ပဲကို ညောင်ဦးမြို့နယ်တရားရုံးမှ
ထောင်ဒဏ် တစ်လ ကြခံရန် အမိန့်ချမှတ်ခဲ့ကြောင်း ညောင်ဦးမြို့ နယ် တရားရုံး
နဲ့ စပ်သူတွေထံမှ စုံစမ်းသိရှိရပါသည်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့