Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 14 August 2012

မိုးထိမိုးမိတောင် ရွှေလုပ်သားများ၏ အသက်အိုးအိမ် ဘဝလုံခြုံမှုများကို ခြိမ်းခြောက်နေ


မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ယက်
                                             သတင်း ထုတ်ပြန် ကြေငြာချက်

                                      ၁၃၇၄ ခုနှစ်၊ ဒုတိယ ၀ါဆို လပြည့်ကျော် (၁၀) ရက်နေ့
                                             ( ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၂) ရက် )
(၁၂.၈.၂၀၁၂)

မိုးထိမိုးမိဒေသ၊ ရမည်းသင်းမြို့နယ် ရွှေတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်
လျှက် ရှိသော မိုးထိမိုးမိတောင်ပေါ် တွင် နိုင်ငံတော်ကာကွယ်ရေးဝတ်စုံ
(ပျောက်ကျားဝတ်စုံ)များကို ဝတ်ဆင်ပြီး တုတ်(ရာဘာနံပါတ်တုတ်၊
ဝါးရင်းတုတ်)၊ ဓါး၊ လက်ထိပ်များတပ်ဆင်ထားသော အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စုကုမ္ပဏီလီမီတက်မှ ခေါ်ယူဖွဲ့စည်း
ထားသော လှုပ်ရှားတပ်ဖွဲ့ (အင်အား-၁၀၀-ခန့်) သည် ရွှေလုပ်ငန်းများ
ပြန်လည်လုပ်ကိုင်ရန်စောင့် ဆိုင်းနေသော ရွှေလုပ်သားများ၏
နေအိမ်တဲများအတွင်းသို့ အတင်းဝင်ရောက်ရှာဖွေသိမ်းဆည်းနေပါသည်။

ထို သို့ရှာဖွေသိမ်းဆည်းရာတွင် ရှာဖွေစစ်ဆေးခွင့် စာရွက်စာတမ်းများ
 ပြသခြင်းမရှိသလို  နိုင်ငံတော်မှတရားဝင်ဖွဲ့ စည်းထားသော ပြည်သူ့
ရဲဝန်ထမ်းများ၊ ခရိုင်အုပ်ချုပ်ရေးမှူးမှ နေရာချထားပေးထားသော
ဈေးတန်း ရာအိမ်မှူး များ တစ်ဦးမှမပါဝင်ပါ။ 

အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စုကုမ္ပဏီသည် မိုးထိမိုးမိတောင်ပေါ်တွင် ၁၄.၆.၂၀၁၂ရက်နေ့တွင် ရွှေလုပ်သားများနှင့် နှစ်ဦးသဘောတူစာချုပ်
ချုပ်ဆိုပြီးနောက်ပိုင်းတွင် စာချုပ်ပါ အချက်အလက်များကို ချိုးဖောက်နေ
သလို ရွှေလုပ်သားများ၏ အသက်အိုးအိမ် ဘဝလုံခြုံမှုများကို ခြိမ်းခြောက်
 နေပါသည်။

နိုင်ငံရေးအကျဉ်းသားများ မိသားစုအကျိုးဆောင် ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
(၁၂.၈.၂၀၁၂)

မိုးထိမိုးမိတောင် ဇုံ-၉(ဘတ်ဖိုး)တွင် (၉.၈.၂၀၁၂)ရက်နေ့မြင်ကွင်းများ








No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့