Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 2 August 2012

♥♥ကြယ်ကြွေချိန် အတွေး♥♥



ညမှောင်မှောင် လရောင်မှာ
ကောင်ကင်ကို ကြည့်ငေးရင်း
ကြားလိုက်ရတယ် အသံတစ်ခု
ကြယ်ကြွေတိုင်း တောင်းဆုတွေ ချွေမယ် ဆိုပါလား

ကြယ်ကြွေတိုင်း တောင်းဆုချွေရင်
ဆုတောင်းတွေ ပြည့်တယ်ဆိုတာ
ဆုံးရှုံးခဲ့ပြီးသော အရာအတွက် ပြန်လည်အပ်နှင်းခြင်းလား
ဒါမှမဟုတ်
မျှော်လင့်ရတဲ့ တစ်စုံတစ်ရာအတွက် ရောင်ခြည်တန်းလေးလား

ဆုံးရှုံးခဲ့ပြီးသော အရာတွေအတွက် ပြည့်တဲ့ဆု ဆိုရင်တော့
တောင်းဆုလေးတစ်ခု ပြုချင်ပါတယ်
တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုလေး
ပြန်လည် ပိုင်ဆိုင်နိုင်ပါစေ

မျှော်လင့်ရတဲ့ တစ်စုံတစ်ရာအတွက်ပါဆိုရင်လဲ
တောင်းဆုလေးတစ်ခုတော့ ပြုရပါအုံးမယ်
မျှော်လင့်ရတဲ့ လမင်းလေး
တိမ်မဖုံးပါပဲ ထာဝရ သာနေနိုင်ပါစေ

ကဲ ကြယ်လေးရေ
တို့လူသားတွေအတွက်
ဘယ်လိုတောင်းဆုမျိုး ဖြည့်ဆည်းပေးဖို့အတွက်များ
မင်းဘဝတစ်ခုလုံးပေးအပ် ကြွေလွင့်ပေးရတာလဲကွယ်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့