Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 2 August 2012

အိပ်တန်း ပြန်ဖို့ ခက်လှတယ်



အိပ်တန်း ပြန်ဖို့ ခက်လှတယ်


ကမ္ဘာတစ်ဖက်မှာ မခူးဆွတ်ရသေးတဲ့
ဘဝတစ်ခုရဲ့ အဓိပ္ပာယ်တွေကို
ဖော်ဆောင်ဖို့ ရနံ့သင်းသင်း
နံနက်ခင်းကို စောင့်မျှော်နေမိတယ်...။
အချိန်သက်တန့်တွေ ရွေ့လျားနေပါတုန်း
မိုးစက်ကလေးတွေ ရပ်တန့်နေတယ်
လေပြေ လေညှင်းတွေ ဆော့ကစားခိုက်
သစ်ပင်လေးတွေ ယိမ်းနွဲ့ကာ က နေလျက်ပေါ့..။

ကာလတွေ ကွယ်လွန်သွားတော့
စိတ်ငြိမ်ရာ တွယ်ကပ်နေတဲ့
သမုဒယ နှောင်ကြိုးတစ်ခုဟာ
မာယာမြစ်ပြင်ထက်မှာ ဝဲဂယက်လည်နေဆဲ...။

လွယ်လွန်တဲ့ မှတ်ဥာဏ်မှာ
သံမှိုတစ်ခု စွဲကပ်လို့
သံလိုက်လို ဝေဒနာတစ်ခု
လာပါ လာပါ ဖိတ်ခေါ်နေတယ်...။

အား...
မြန်ဆန်လွန်တဲ့ ထိရှမှုဟာ
အတိတ်တစ္ဆေခြောက်သလို
အတွေးအိမ်ကို ဖောက်စားလို့
အိပ်မက်တစ်ခု ဝင်ရောက်လာတယ်...။

မခြားနားတဲ့ အနာဂတ်တွေထဲ
တဖက်က စည်းဇိမ်အပြည့်
အဲဒီ အခြားမဲ့မှာတော့
သုခလား ဒုက္ခလား မသိတဲ့
ကမ္ဘာတစ်ခြမ်းက ခါးသက်သက်
ဝိုင်ချို တစ်ခွက်ပေါ့..။

ဒါပေမဲ့....
အသက်ဝိညာဉ်တွေ လွင့်မြောနေပါရဲ့
စိတ်ကလေး ဆော့ကစားတဲ့ တိမ်တိုက်မှာ
လေပြေ လေညှင်းတွေ ငြိမ်သက်နေပေမဲ့
ငြီးတွားနေတဲ့ ခိုကလေးတွေ
အိပ်တန်း ပြန်ရောက်ဖို့ ခက်ခဲလှတယ်..။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့