မောင်
ခံစားချက်နဲ့ နှလုံးသားနဲ့ ထိတွေ့လိုက်ရင် မျက်ရည်တွေကျတက်တာကို မောင် မသိဘူးလား...... မောင် ပြောဖူးတယ် ကျွန်မရဲ့ မျက်ရည်တွေကို မောင် အရမ်းမုန်းတယ်.... မျက်ရည်တွေကို မုန်းတဲ့မောင့်အတွက် ကျွန်မ မျက်ရည်တွေကို မောင် ဘယ်တော့မှ မမြင်စေရတော့ပါဘူးမောင်..... ကျွန်မ နှလုံးသားထဲမှာပဲ တိတ်တိတ်လေး မောင် မသိအောင် ငို နေပါ့မယ်... မောင့် ကို ကျွန်မ အရမ်း ချစ်လို့ပါ မောင်... ဒါပေမယ့် အဲ့ဒီမျက်ရည်တွေ ဘာကြောင့်ကျလဲ မောင် နားလည်စေချင်တယ်... မျက်ရည်တွေကို မုန်းတဲ့ မောင့်အတွက် ကျွန်မ ရဲ့ ကဗျာ လေးပါ...... ကျွန်မ ဆုတောင်းပါတယ်.... မောင့်အတွက် ကျတဲ့ ကျွန်မ မျက်ရည်တွေကို မောင် တစ်နေ့ နားလည်ပါစေလို့....

No comments:
Post a Comment