Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 22 August 2012

Galaxy S2 GT-I9100 ကို official 4.0.4 တင်ခြင်း


အခု ပြောပြမှာကတော့ Galaxy S2 GT-I9100 ကို official 4.0.4 တင်ပုံတင်နည်းကို ပြောပြမှာဖြစ်ပါတယ်။
ကျွန်တော် တစ်ည လုံး mpt နှင့် ရန်ဖြစ်ပြီး hotfile မှ ခက်ခဲစွာ ဒေါင်းထားရသည့် firmware ကို ကျွန်တော် ၏ 4shared မှ ကျန်သည့်မန်ဘာများ အခက်အခဲမရှိdownload ဆွဲနိုင်စေရန် ဝေမျှလိုက်ပါတယ်။
Official XXLQ5 ICS 4.0.4 Firmware ဒေါင်းရန်
်firmware တင်ရန်လိုအပ်သော odin 3v3.04 အားဒေါင်းရန်
samsung usb driver ဒေါင်းရန်
ပထမဆုံး ဒေါင်းထားသော I9100XXLQ5_I9100OXALQ5_OXA.zip ဖိုင်ကို ဖြေလိုက်ပါ။
ထို အခါ အောက်တွင် ပြထားသည့်ပုံအတိုင်း ဖိုင် ၄ ခု ရပါမည်။
ဒုတိယဒေါင်းထားသော odin3 v3.04 ကိုလည်း zip ဖြေလိုက်ပါ။
ထိုအခါအောက်တွင်ပြထားသောပုံအတိုင်းရလာပါမည်။
Odin3 v3.04.exe ကို run လိုက်ပါ။ ထိုအခါ ပုံတွင်ပြထားသည့်အတိုင်းပေါ်လာပါမည်။
ပထမ zip ဖြေ၍ ရထားသည့် ဖိုင် ၄ ခုမှ (၃) ခုကို အောက်ပါအတိုင်းဖြည့်ပါ။ pit ဖိုင်ကို ချန်ထားခဲ့ပါ။

PDA – I9100_CODE_I9100XXLQ5_CL753921_REV02_user_low_ship.tar.md5
CSC – GT-I9100-MULTI-CSC-OXALQ5.tar.md5
Phone – MODEM_I9100XXLQ5_REV_02_CL1165929.tar.md5
ဖုန်းကို voume down+home key+ power သုံးခုတွဲနှိပ်ပြီး download mode ထဲ ၀င်ရန် volume up ကို တစ်ချက်နှိပ်ပါ။
usb ကြိုးကို computer တွင်အရင် ထိုးပါ။ ပြီးလျှင် download mode ထဲ ၀င်ထားသော ဖုန်းကို ထိုးပါ။
message box တွင် Added ဟုပေါ်လာပါက computer နှင့် ဖုန်း ချိတ်ဆက်၍ ပြီးစီးပါပြီ။
Added မပေါ်ပါက samsung usb driver or samsung kies တင်ရာတွင်တစ်ခုခု မှားယွင်းနေသောကြောင့်ဖြစ်သည်။
driver ကို သေချာစွာ ပြန်တင်ပါ။
Added ပေါ်လာပါက start ကို နှိပ်ပါ။
firmware update အောင်မြင်ပါက pass ဟုစာလုံး အစိမ်းရောင် ပေါ်လာပြီး ဖုန်း Restart ကျသွားမည်။
Restart ကျပြီး ၅ မိနစ်လောက်စောင့်ကြည့်ပါ။ power ပြန်တက်မလာပါက ဖုန်းကို computer ဖြင့်တွဲဆက်ထားသော ကြိုးကို ဖြုတ်လိုက်ပါ။
ဖုန်း battery ကို ဖြုတ်ပြီး ပြန်တတ်ပါ။ volume up+home key+power ကိုနှိပ်၍ recovery mode ထဲသို့ ၀င်ပါ။
factory data reset နှင့် wipe cache လုပ်လိုက်ပါ။ ပြီးလျှင် reboot system now လုပ်လိုက်ပါ။
ဖုန်းကို ၁၅ မိနစ်လောက် ထားလိုက်ပါ။
Official XXLQ5 ICS 4.0.4 Firmware update အောင်မြင်စွာပြီးဆုံးပါပြီ။
အဆင်ပြေပါစေ…………….

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့