Install Official Android 4.0.4 ICS Update Sony XPERIA Ray ST18A/I
(Sony XPERIA ဖုန်းကို Vision မြှင့်နည်း)
Android phone ကို upgrade လုပ်ပုံလေးပါ။ ကျွန်တော် လုပ်ထားတာက Sony Xperia ray ST18i ပါ။ ပထမဆုံး အနေနဲ့ ပြောချင်တာက ဒီနည်းနဲ့လုပ်ရင် ဘာပြသနာ မှ မရှိဘာဘူး။ Sony Xperia phone တိုင်း လုပ်လို့ရပါတယ်။ ကျန်တဲ့ဖုန်းတွေကို တော့ ကျွန်တော်လည်း မသိပါဘူး။ ပထမဦး ဆုံး Sim Card ကို ထုတ်ထားပါ။ Phone battery ကို 70% လောက်သွင်းထားပါ။ ကျန်တာကတော့ အင်တာနက် ရှိရင်ရပါပြီး။ Download File ကြီးတဲ့ အတွက် Download Manager နဲ့မှ ရပါမယ်။
အရင်ဦးဆုံး လိုအပ်သော ဖိုင်တွေကို ရယူမယ့် လင့်လေးတွေပါ။
1. Flashtool software ကို download ချ၇မယ်။
http://hotfile.com/dl/156992153/90fbd2d/flashtool-0.8.0.0-windows.exe
or
http://uploaded.to/file/pgroxgfl
ဖိုင် size က 129 MB ရှိပါတယ်။
ကြိုက်ရာ လင့်ကနေ download ချနိုင်ပါတယ်။
2. Flashtool software update ဖိုင်ကိုပါ download ချရပါမယ်။
http://uploaded.to/file/9ddrq3wt
ဖိုင် size က 955 KB ရှိပါတယ်။
3. ကျွန်တော်အခုပေးမယ့်လင့်က Sony Xperia ray ST18i အတွက်ပါ။ Sony Phone တိုင်းအတွက်ကတော့ အပေါ်က software လိုအပ်ပါတယ်။ ကိုယ်ရဲ့ ဖုန်းအမျိုးအစားပေါ်မှုတည်ပြီး ကိုယ်ယူရမယ့် Android 4.0.4 ICS Update ကတော့ website link မတူနိုင်ပါဘူး။ ကျန်သော လုပ်ဆောင်ချက်တွေကတော့ အတူတူပါဘဲ။
Sony Xperia Ray ST18i အတွက်ကတော့
http://www.mediafire.com/?2o2glqbm6oyf9m9
ဒီမှာရယူနိုင်ပါတယ်။ ဖိုင် Size ကတော့ 190.25 MB ရှိပါတယ်။
ကျန်သော ဖုန်းအမျိုးအစားတွေကတော့ ဒီမှာ ရှာဖွေပြီး ရယူလိုက်ပါ။
http://techdraginfo.blogspot.com/2012/07/install-official-android-4...
or
http://techdraginfo.blogspot.com/2012/05/install-android-404-ics-up...
မှာရှာဖွေရယူနိုင်ပါတယ်။
ဒါဆိုရင်တော့ လိုအပ်သော SOFTWARE ရယူပြီးပါပြီး။
4. flashtool-0.8.0.0-windows software ကို install လုပ်ပါ။
ပြီးရင် flashtool-update-0.8.x-0.8.6.0-windows ကို install ထပ်လုပ်ပါ။
Computer အတွက်လိုအပ်သော driver ကို Drive C – flashtool file ထဲက driver ထဲမှာ Flashtool-drivers ရှိပါတယ်။ Double click လုပ်ပြီး install လုပ်လိုက်ပါ။ ပြီးရင် android usb driver လိုပါတယ်။ ADB driver ပါ။sony xperia ဆို sony android driver ကို install လုပ်လိုက်ပါ။
ပြီးရင် Android update ဖိုင်ကို Extract လုပ်လိုက်ပါ။ Ray ST18i ဆိုရင် ST18i_4.1.B.0.431_tw ဖိုင် ဆိုတဲ့ FTF ဖိုင်ရပါမယ်။ ဖိုင် Size က 367MB ရှိပါတယ်။ ST18i_4.1.B.0.431_tw ဖိုင်ကို copy ကူးပြီး Computer က Drive C ထဲမှာ Flashtool ဆိုတဲ့ ဖိုင်ရှိပါတယ်။ Flashtool ကိုဖွင့်ပါ။ firmwares ဖိုင်မှာ paste လုပ်လိုက်ပါ။
5. ပြီးရင် Computer က Drive C ထဲမှာ Flashtool ထဲကFlashtool ကို double click နဲ့ ဖွင့်ပါ။
ဒီလိုပေါ်ပါတယ်။
6. ဖုန်းကို USB နဲ့ Computer မှာ join လိုက်ပါ။
ဒါဆိုရင် phone ကို ချိတ်ပြီး သွားပါပြီး။ ပြီးရင်တော့ ဖုန်းကို computer ကနေ ပြန်ချွတ်လို့ရပါပြီး။ Phone က back key ကို ဖိပြီး power ပိတ်လိုက်လို့ရပြီ။
7. Flash icon ကို နှိပ်ပါ။
ပုံထဲက အတိုင်း mark လုပ်လိုက်ပါ။ ပြီးရင် OK နှိပ်လိုက်ပါ။
ဒီပုံ အတိုင်းပေါ်လာပါမယ်။
ဒါဆိုရင်တော့ ပိတ်ထားတဲ့ ဖုန်းကို USB port နဲ့ မချိတ်ခင် volume down (အသံလျှော့) ခလုပ်ကို နှိပ်ပြီး USB မှာချိတ်လိုက်ပါ။ အကယ်လို့ ဖုန်းမှာ အားသွင်းတဲ့ ပုံပြရင် volume key နှိပ်တာများလို့ပါ။ USB ကြိုးပြန်ချွတ်ပြီး volume down key ပြန်နှိပ်ပြီး ပြန်ဝင်ပါ။ USB ကြိုးတပ်တဲ့ ပုံ ပျောက်သွားပြီး ဆိုရင်တော့ upgrade စလုပ်နေပါပြီး။ ခနစောင့်လိုက်ပါ။ the flashing process has complete ပေါ်လာရင်ပြီးပါပြီး။ Phone ကို Computer ကနေ ချွတ်လိုက်ပါ။ power ပိတ်သွားပါမယ်။ ပြီးရင် Power on ပြီး ခဏ စောင့်ပါ။ ပြီးရင်တော့ ဘာသာစကား မှာ English United State ရွေးလိုက်ပါ။ အားလုံးပြီးသွားရင် power ပိတ်ပြီး Phone Sim Card ထည့် လို့ ရပါပြီး။ဒီလိုရလာပါမယ်။
ဒီနည်းနဲ့ပက်သက်ပြီး error ရှိပါက kyawthuwin.memech@gmail.com ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ကျွန်တော် က pdf ဖိုင်နဲ့ လုပ်ထားတာပါ။ ပုံတွေက တင်လို့မရဘူး။ အပြည့်အစုံစိတ်ဝင်စားရင် ကျွန်တော့် email ကို တောင်းနိုင်ပါတယ်။ ရတနာဝါသဘုရားကျောင်း ၀က်ဆိုက်မှာလည်းတင်ပေးထားပါတယ်။။။။။။

No comments:
Post a Comment