Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 26 September 2012

ဧရာဝတီတိုင်းလွှတ်တော်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကြံ့ခိုင်ရေးနှင့် တိုင်းအစိုးရအဖွဲ့က နှောင့်ယှက်နေ


ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဌ ဦးဆန်းဆင့်

ဧရာဝတီတိုင်း ဒေသေကြီး လွှတ်တော် အထူး ကိစ္စရပ်များ ဆိုင်ရာ အစည်းအဝေး အတွင်း ဖြစ်ပေါ်နေတဲ့  ပြဿနာ အသေးစိတ်ကို  

ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကြံ့ခိုင်ရေး ပါတီနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က တားဆီးနှောင့်ယှက် နေကြောင်း သတင်းရရှိပါတယ်။

ဧရာဝတီတိုင်း အတွင်းရှိ လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်တွင် အဆိုတင်သွင်းမည့် ကိစ္စများကို ပါတီသို့ တင်ပြရခြင်း၊ လွှတ်တော်သို့ တင်သွင်းပြီး သားအဆိုများကို ပါတီသြဇာသုံး၍ ပြန်လည်ရုပ်သိမ်းစေခြင်း စတဲ့ ကြံ့ခိုင်ရေးပါတီက လွှတ်တော်အတွင်း လွှမ်းမိုးတဲ့လုပ်ရပ်တွေ ဖြစ်ပေါ်နေတယ်လို့ ခိုင်မာတဲ့ လွှတ်တော်သတင်းရပ်ကွက်က ပြောပါတယ်။ 

“လွှတ်တော်အမတ်ဆိုတာ ပြည်သူက ပိုင်တာပါ။ ပြည်သူ့အခက်အခဲကို လွှတ်တော်မှာ တင်ပြဖြေရှင်းရမှာပါ။ ဒါကို ပါတီက သဘောတူမှ အဆိုတင်ရမယ်ဆိုတာက မှားနေပါတယ်။ လွှတ်တော် ဥက္ကဌကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တဲ့ လွှတ်တော်ကိစ္စက အ၀ိုင်း၊ ပါတီကိစ္စက လေးထောင့် ဆိုတဲ့စကားက တကယ့်ကို မှန်ကန်ပါတယ်။ ကဏ္ဍခြင်း ကိစ္စခြင်း မတူပါဘူး။ နောက် တင်ပြီးသားအဆိုတွေကို ပါတီက သဘောမတူလို့ ပြန်ရုပ်သိမ်းခိုင်းတာက ဒီမိုကရေစီစနစ်နဲ့ တကယ့်ကို လွဲချော်နေပြီးတော့ ပါတီက လွှတ်တော်ကို လွှမ်းမိုးချယ်လှယ်တဲ့လုပ်ရပ် ဖြစ်ပါတယ်”လို့ အမည်မဖော်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။

ထို့ပြင် တိုင်းအစိုးရအဖွဲ့အနေဖြင့်လည်း လွှတ်တော်မှ ပြဌာန်းအတည်ပြုထားပြီးဖြစ်သည့် ဥပဒေများကို အကောင်အထည်ဖော်ခြင်း၊ လေးစားလိုက်နာခြင်း မရှိသည့်အတွက် အောက်ခြေပြည်သူတွေထံမှ တိုင်စာတွေဟာ လွှတ်တော်ကို နေ့တိုင်းရောက်ရှိလာနေတယ်လို့ သတင်းရရှိပါတယ်။ လွှတ်တော် ဆုံးဖြတ်ချက်ကို လိုက်နာဖို့ ပျက်ကွက်တဲ့ အဓိက ဌာနတွေကတော့ ငါးလုပ်ငန်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဌာနတို့ဖြစ်ကြောင်း သိရပါတယ်။ 

ဒါ့အပြင် တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်ကို လွှတ်တော်က စွပ်စွဲပြစ်တင်အဆို တင်သွင်းတဲ့ကိစ္စအပေါ်မှာလည်း ၀န်ကြီးချုပ်အပါအ၀င် အစိုးရအဖွဲ့ကလူတွေက လွှတ်တော်အပေါ် မကျေနပ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ 

တိုင်းဝန်ကြီးချုပ်ဦးသိန်းအောင်ဟာ စွပ်စွဲပြစ်တင်အဆိုကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေကို တောင်းပန်ရမှာစိုးတာနဲ့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ကျင်းပခဲ့တဲ့ လွှတ်တော် အထူးအစည်းအဝေးကိုလည်း တရက်မှ တက်ရောက်ခဲ့ခြင်းမရှိပါဘူး။ 

ဒါကြောင့် ၀န်ကြီးချုပ်နဲ့ တိုင်းဝန်ကြီး ဦးသန်းထွန်းတို့ လွှတ်တော်ကို တောင်းပန်ရမယ့်အစီအစဉ်ကို လာမယ့် လွှတ်တော်အစည်းအဝေးမှာ ရွှေ့ဆိုင်းထားပါတယ်။ 

လွှတ်တော် ဥက္ကဌကတော့ စွပ်စွဲပြစ်တင်အဆိုနဲ့ ပတ်သတ်လို့ သတင်းစာရှင်းလင်းပွဲမှာ “ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ တိုင်းဒေသကြီးလွှတ်တော် ဥပဒေ၊ နည်းဥပဒေတွေအရ ငြိလာလို့ လွှတ်တော်မှာ တင်ပြခဲ့ရင် စွပ်စွဲပြစ်တင်ခြင်းကို လုပ်ကိုလုပ်ရမှာပဲ ဖြစ်တယ်။ ဒါမလုပ်လို့ မရဘူး။ ပါတီဝင်ဖြစ်လို့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လို့ ၀န်ကြီးချုပ်ဖြစ်လို့ဆိုပြီး ပါတီကို ငဲ့ညှာတာလုပ်ရင် ပြည်သူကို ကျေးဇူးကန်းရာ ရောက်သွားနိုင်ပါတယ်”လို့ ပြောဆိုသွားပါတယ်။ 

လွှတ်တော်အပေါ် အစိုးရ၊ ပါတီနှင့် ဌာနဆိုင်ရာများရဲ့ ဖိအားပေးမှုတွေ ရှိနေတာကြောင့် လွှတ်တော်အဖွဲ့ဟာ ပြည်တွင်းပြည်ပ သတင်းသမားတွေကို ပုသိမ်မြို့ လွှတ်တော်ရုံး အဆောက်အအုံမှာ မနေ့က တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ လွှတ်တော်တွင်းအခြေအနေတွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်Myanmar News Now 24-9-12

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့