Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 29 September 2012

နှစ်စဉ် လျှပ်စစ်ဓာတ်အား လိုအပ်မှု ၁၅ ရာခိုင်နှုန်း မြင့်တက်လာ


ပြည်တွင်းမှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဟာ နှစ်စဉ် မြင့်တက် လျက်ရှိရာ ၂၀၁၀ ခုနှစ်မှ ၂၀၁၂ ခုနှစ် အထိ နှစ်အလိုက် အမြင့်ဆုံး ဓာတ်အား လိုအပ်ချက်
တိုးတက် လာမှုဟာ ၁၅ ရာခိုင်နှုန်းခန့် ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၂၀၁၆ ခုနှစ် အထိ ဓာတ်အား လိုအပ်ချက်ဟာ နှစ်စဉ် ၁၀ ရာခိုင်နှုန်း ရှိလာ နိုင်တယ်လို့ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ခန့်မှန်း တွက်ချက် မှုအရ သိရပါတယ်။ လက်ရှိ ၂၀၁၂ ခုနှစ် ဓာတ်အား လိုအပ်ချက် ပမာဏဟာ ပြောကြားမှု အရ တစ်ထောင့် ရှစ်ရာ ငါးဆယ် မဂ္ဂါဝပ် ရှိပြီး လာမယ့် ၂၀၁၃ ခုနှစ်မှာ နှစ်ထောင့် တစ်ရာ နှစ်ဆယ့်ရှစ် မဂ္ဂါဝပ် ရှိလာမှာ ဖြစ်တယ်လို့ သိရပါတယ်။

ယခုနှစ် ဓာတ်အား လိုအပ်ချက်ဟာ တစ်ထောင့် ရှစ်ရာ ငါးဆယ် မဂ္ဂါဝပ် ရှိနေပေမယ့် လက်ရှိ ထုတ်လုပ်နိုင်တဲ့ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်ဟာ တစ်ထောင့် ငါးရာ ငါးဆယ် မဂ္ဂါဝပ်သာ ထုတ်လုပ် နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။ အခု လက်ရှိ ပြည်တွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ကဏ္ဍမှာ ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီ အခု ၂၀ နဲ့၊ ပြည်ပမှ ကုမ္ပဏီ ၂ ခုတို့က ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက် နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနဲ့ ဖြန့်ဖြူးခြင်း ကဏ္ဍ ၂ ခုလုံးကို ဆောင်ရွက်နေတဲ့ ပြည်တွင်းမှ ကုမ္ပဏီ ၂၃ ခုနဲ့ ပြည်ပ ကုမ္ပဏီ ၅ ခုရှိတယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့