Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 28 September 2012

သမ္မတဦးသိန်းစိန် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြား

နိုင်ငံတော် သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေမှာ စိန်ခေါ် အကဲစမ်းမှုတွေ၊ အခက်အခဲ တွေရှိနေပေမယ့် အောင်မြင်မှုတွေ ရရှိခဲ့သလို ဆက်ပြီးလည်း မဆုတ်မနစ် ကြိုးစားဆောင်ရွက် သွားကြမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတကာက ဂုဏ်ပြုဆုချီးမြှင့်မှုတွေအပေါ်လည်း မြန်မာနိုင်ငံသား တဦး အနေနဲ့ ဂုဏ်ယူ ဝမ်းမြောက်ကြောင်းလည်း ပြောခဲ့ပါတယ်။

နိုင်ငံတကာက စိတ်ဝင်စားနေတဲ့ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီးလည်း အစိုးရအနေနဲ့ ဥပဒေနဲ့အညီ မျမျတတ ဆောင်ရွက်မှာဖြစ်ပြီး နိုင်ငံတကာ စံချိန် စံနှုန်းတွေနဲ့အညီ ကိုက်ညီအောင် ပြေလည်မှုရှိအောင် လုပ်ကိုင်သွားမှာဖြစ်တယ်လို့လည်း သမ္မတကြီး ဦးသိန်းစိန်က နိုင်ငံတကာ ခေါင်းဆောင်တွေ တက်ရောက်နေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း မိန့်ခွန်းပြောကြား သွားတာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း) 
သမ္မတဦးသိန်းစိန် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားနေစဉ်
( Photo : AFP )

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့